လမ်းပြင်ရမှာကြောက်လို့ 
လမ်းဖောက်ရမှာကြောက်လို့ 
လမ်းရဲ့ ကုန်ကျစရိတ်တွေဖျောက်ပစ်၇မှာကြောက်လို့ ............။
+++သူ ...... အငြင်းသန်တယ်
သူများဆီက လှီး ၊ ဖြတ် ၊ ရိတ်ဖို့  ငြင်းတယ်
သူများဆီက စကားတွေ အပို့ အယူလုပ်ဖို့ ငြင်းတယ်
(အထူးသဖြင့် )လူထုဆီက ကလိမ်ကကျစ်နည်းနဲ့  ရယူဖို့ ကို
သူဟာအကြောက်အကန်
ုငြင်းဆန်တယ်၊ အငြင်းသန်တယ်......။
xxxမြန်မာပြည်မှာတော့
သူဟာ......အောက်ကနေတယ်
ပဲခူးတိုင်းသားဖြစ်လို့ 
မြေညီထပ်စစ်စစ်မြေကြီးပေါ်မှာတဲဆောက်လို့ 
အထက်ကလူတွေများနေလို့ 
အထက်ကလေတွေသွားနေလို့ ..........။
xxxxအခုတော့သူဟာ
ဘန်ကောက်မှာနေထိုင်ပြီး
ကြီး၊လတ် ၊ငယ် လူတွေအကြား
အသွင်အပြင်နဲ့ အဆင်အယင်တွေတထပ်ကြီးနဲ့ 
ဆံပင်ညှပ်သမားလုပ်နေသတတ်........။ ..........။
ပေးပို့ သူ......လူဇော်(ဘန်ကောက်)ရွှေ့ပြောင်းအလုပ်သမားတဦး
xxxသူ...လမ်းမယူဘူး

No comments:
Post a Comment