အိမ်ရောက်သော် မိန်းမကထွက်လာပြီး အက်ရှ်လေကိုးအား လက်ညှိုးထိုးကာ…
“ရှင်… ဒီအရေတွေသောက်လာပြန်ပြီလား ဟင်…မသာကြီး… မသာကြီး...” ဟု ဆဲသည်။
ထိုအခါ ယင်း၏အဖော်က “ဟေ့ကောင်… ဘယ်လိုလဲ… မင်းပြောတော့ မင်းစကားနားထောင်တယ်ဆိုကွ”
“မပူပါနဲ့ကွာ။ ငါပိုင်ပါတယ်ကွ။ ဟေ့မိန်းမ… နောက်(၂)ခါလောက်ထပ်ပြောစမ်း”
ထိုအခါ အက်ရှ်လေကိုးက အဖော်ဘက်သို့လှည့်ပြီး… “တွေ့လား… ငါ့မိန်းမက ငါ့စကားနားထောင်တယ်နော်။ ယုံပြီလား”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
ချဲလ်ဆီအသင်းမှ ကစားသမား အက်ရှ်လေကိုး မူးပြီးပြန်လာသည်။ လိုက်ပို့သည့်အဖော်ဖြစ်သူက ယင်းကဲ့သို့မူးနေလျှင် မိန်းမနှင့် ပြဿနာတက်မည်ဟု အက်ရှ်လေကိုးအား သတိပေးသည်။ သို့ရာတွင် အက်ရှ်လေကိုးက ယင်း၏မိန်းမမှာ သူ့စကားကို နားထောင်၍ ပြဿနာမရှိကြောင်း ပြန်ပြောသည်။
အိမ်ရောက်သော် မိန်းမကထွက်လာပြီး အက်ရှ်လေကိုးအား လက်ညှိုးထိုးကာ…
“ရှင်… ဒီအရေတွေသောက်လာပြန်ပြီလား ဟင်…မသာကြီး… မသာကြီး...” ဟု ဆဲသည်။
ထိုအခါ ယင်း၏အဖော်က “ဟေ့ကောင်… ဘယ်လိုလဲ… မင်းပြောတော့ မင်းစကားနားထောင်တယ်ဆိုကွ”
“မပူပါနဲ့ကွာ။ ငါပိုင်ပါတယ်ကွ။ ဟေ့မိန်းမ… နောက်(၂)ခါလောက်ထပ်ပြောစမ်း”
ထိုအခါ အက်ရှ်လေကိုးက အဖော်ဘက်သို့လှည့်ပြီး… “တွေ့လား… ငါ့မိန်းမက ငါ့စကားနားထောင်တယ်နော်။ ယုံပြီလား”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
No comments:
Post a Comment