ဖေဖေါ်ဝါရီ ၎
ထိုင်းနိုင်ငံအယုဒယမြို့ နှင့် အန်ထော်မြို့ အကြားတွင် ဥစားဘဲမွေးမြူရေးလုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ကိုငယ်
ယမန်နေ့ကထွက်ပြေးလာခဲ့သည်၊
သူနှင့်အတူဘဲကျောင်းနေသော ပအို့ဝ် လူငယ်၂ ဦး ကျန်နေခဲ့သေးကြောင်းပြောသည်။
ကိုငယ်က“ကျနော်တို့ဘဲမွေးတာခြံနဲ့မဟုတ်ဘူး စပါးရိုက်ပြီးတဲ့ ရိုးပြတ်တောတွေမှာ လိုက်ပြီး နေရာရွေ့ ပြောင်း
ကျောင်းရပါတယ်။တစ်နေရာမှာတစ်ပတ်၊ဆယ်ရက် ဘဲတွေစားစရာအစာတွေရှိရင်ကျောင်းနေရတယ်။ စားစရာ
ကုန်သွားရင် အခြားကွင်းဘက်ကိုပြောင်းရတယ်။ဘဲဥကောက်ဖို့ နေ့တိုင်းစောစော ၅ နာရီဆိုရင်အိပ်ယာကထ
ရပါတယ်။ဘဲဥကောက်ရပါတယ်။ ဘဲကောင်ရေ ၂၅၀၀ ကျော်ပါတယ်။နေ့စဉ် ဘဲဥ ၈၀၀ ကျော်ထွက်ပါတယ်။
သူဌေးကတစ်ခါတစ်လေဘဲဥဆယ်ဥလောက်လျှော့နေရင်လည်းဆဲတယ်။ပိုဥလာရင်လည်းဘယ်ကပိုလာလဲလို့
ဆဲပါတယ်”
ကျန်နေခဲ့သောမြန်မာအလုပ်သမားနှစ်ဦးတို့မှာမောင်ငယ် အသက်၂၇ နှစ် မွန်ပြည်နယ် သထုံမြို့ 
နှင့် အောင်ဘန်းအသက် ၂၈ နှစ် ရှမ်းပြည်နယ် ကလော မှဖြစ်သည်။ သူတို့နှစ်ဦးမှာ ဘဲကျောင်းလုပ်ငန်းကို ၅လအကြာလုပ်ကိုင်နေကြသော်လည်းလုပ်အားခတစ်ပြားမှမရရှိသေးချေ။ အလုပ်သမားများအား နံနက်စာ
လုံးဝကျွေးမွေးခြင်းမရှိပဲ နေ့လည် ၁၁ နာရီမှသာကြွပ်ကြွပ်အိပ်နှင့်လာပို့သောထမင်းထုတ်ကိုမ၀ရေစာစားကြရ
သည်၊သောက်ရေကို မြောင်းထဲမှ ခပ်ယူလာသောရေဖြစ်ပြီးနေ့စဉ်ဘဲဥကျော်နှင့် လယ်ထဲမှကောက်ယူသွား
သောငါးငယ်များဖြင့်သာကျွေးသည်။
ကိုငယ်က“ကျနော်တစ်လကျော်လုပ်ခဲ့တယ်၊ထမင်းလေးတစ်ထုတ်ကိုညမနက်စားရတယ်။ဖုန်းလည်းမကိုင်ရဘူး။
တစ်နေရာရောက်ရင်တဲလေးထိုး ဖြစ်သလိုအိပ်။ယာစိမ်းထုတ်(ပွတ်ချွမ်းဆေး)မှာရင်လည်းဆဲတယ်။အချို့ လယ်သမားတွေခွင့်မပြုတဲ့လယ်တွေကိုဘဲတွေရောက်သွားရင် ကျနော်တို့ကိုပဲဆဲတာ ဗမာ ဘာညာရစရာ ကိုမရှိအောင်ဆဲတာ၊အဲဒီသူဌေးအကြောင်းသိ
တဲ့လူတွေက မင်းတို့ဗမာတွေ ကိုဒီလိုမတရားခိုင်းလို့ချမ်းသာသွားတာလို့ပြောတယ်။တစ်နှစ် နှစ်နှစ်လုပ်ပြီးလို့ရှိ
ရင် ငွေရှင်းပေးမလိုနဲ့ ပုလိပ်ကိုအဖမ်းခိုင်းလိုက်တယ်လို့ပြောကြပါတယ်။ကျနော့်သူငယ်ချင်း ပအို့ဝ်လူငယ်နှစ်
ယောက် ဖုန်းလည်းမရှိ လမ်းစရိတ်လည်းမရှိ ဘယ်လိုမှ လွတ်မြောက်တော့မှာမဟုတ်တော့ဘူး ကျနော်တို့ ဘဲ
ကျောင်းရတာက လယ်တောထဲမှာ မြို့ ရွာတွေနဲ့ အဝေကြီးပါ။ရေလည်းမြောင်းထဲကရေကိုချိုးရတယ်။သောက်
ရေသန့်ဆိုတာမမြင်ဖူးခဲ့ဘူး”ဟုပြောသည်။
ထွက်ပြေးလွတ်မြောက်လာသော အသက်၂၄ နှစ်အရွယ် ကိုငယ်မှာ ကရင်ပြည်နယ် ဇွဲကပင်တောင်အနီး
ခနောင့်တို ရွာမှဖြစ်သည်။ ဘန်ကောက်တွင်အလုပ်လုပ်နေသော မိခင်ဖြစ်သူက လူပွဲစားတစ်ဦး ကိုအခကြေး
ငွေ ၁၇၀၀ ဘတ်ပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးလာသူထံတွင် ဘဲမွေးမြူရေးပိုင်ရှင် သူဌေး၏
လက်ကိုင်ဖုန်းနံပါတ် ပါလာသဖြင့် သက်ဆိုင်သူများ ကယ်တင်လိုပါက လမ်းညွှန်ပြောပြမည်ဖြစ်ကြောင်းပြော
သည်။
သတင်းနှင့်ဓာတ်ပုံ.....ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment