ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 18, 2009

18Feb,09....ဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း

> (အာဖဂန်နစ္စတန်တွင် စစ်သည်အင်အားတိုးမြှင့်ရန် အိုဘားမားခွင့်ပြု )
အာဖဂန်နစ္စတန်သို့ အမေရိကန်စစ်သည် (၁၇၀၀၀)ခန့် အင်အားဖြည့်တင်း ပေးပို့ရန်အတွက် အမေရိကန်
သမ္မတ ဘာရတ်အိုဘားမားက သဘောတူ ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုသဘောတူညီမှုသည် ၎င်း၏ အာဏာ

သက်တမ်းအတွင်း စစ်ရေးဆိုင်ရာ အထင်ရှားဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်လာခဲ့သည်။ အိုဘားမားက
အာဖဂန်အတွက် အမေရိကန်စစ်သည်ဦးရေ မလုံလောက်ကြောင်း စစ်ဘက်ဆိုင်ရာ အကြံပေး အရာရှိများ၏
ထောက်ပြမှုကို သဘောတူလက်ခံပြီး မကြာမီကာလများအတွင်း စစ်သည်ဦးရေ ဖြည့်တင်းမှုကို အစပြုသွားရန်
မီးစိမ်းပြလိုက်ပြီဖြစ်သည်။
အိမ်ဖြူတော်၏ ကြေညာချက်အရ အမေရိကန်နိုင်ငံ သမ္မတသည် မရိန်းစစ်သည်များကို အာဖဂန်နိုင်ငံမြို့တော်
ကဘူးလ်တွင် မြို့စောင့်တပ်များအဖြစ် ထားရှိသွားရန် သဘောတူညီလိုက်ကြောင်း ပါရှိခဲ့သည်။ လာမည့်နွေရာ
သီမှ အစပြုပြီး ထိုတပ်များကို ပို့လွှတ်မည်ဖြစ်ကာ မရိန်းစစ်သည် (၈၀၀၀)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ (၄၀၀၀)နှင့်
ထောက်ပံ့ရေးတပ်သား (၅၀၀၀)တို့အား အာဖဂန်တွင် တာဝန်ထမ်းဆောင်စေမည်ဟု သိရသည်။ ၎င်းတို့သည်
လက်ရှိအာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန် စစ်သည် (၃၀၀၀၀)နှင့် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
ယခုကဲ့သို့ တပ်များစတင်ရွှေ့ပြောင်းမှုသည် (၂၀၀၉)ခုနှစ်အတွင်း အမေရိကန်စစ်တပ် အရေအတွက် အများပြားဆုံး ရွှေ့ပြောင်းမှုလည်း ဖြစ်လာခဲ့သည်။
ပန်တဂွန်စစ်ဌာနချုပ်က တိုက်ခိုက်ရေးစစ်သည် (၁၂၀၀၀)နှင့် ထောက်ပံ့ရေးစစ်သည် (၅၀၀၀)တို့ကို အာဖဂန်
သို့ စေလွှတ်မည်ဟု ယခင်ကတည်းက အရိပ်အမြွက် ပြောကြားထားဖူးပြီး ယခုအခါတွင် အစိုးရကပါ အတည်ပြု
ပေးလိုက်ပြီဖြစ်သည်။ အိုဘားမားသည် ၎င်း၏သမတသက်တမ်းအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်
ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့စဉ်က သတင်းထောက်များအား ၎င်းသည် အာဖဂန်အရေးကို ပိုမိုအလေးပေး
အာရုံစိုက်သွားမည်ဟု ပြောကြားထားခဲ့ပြီး ယခုအခါတွင် အာဖဂန်ရှိ အမေရိကန် စစ်ရေးလှုပ်ရှားမှုများကို
ပိုမိုအသားပေးလာခြင်း ဖြစ်နိုင်ကြောင်း ကမ္ဘာ့အရေး အကဲခတ်များက သုံးသပ်လျက်ရှိကြသည်။

(ဦးစားပေးကစားသမား ရွေးချယ်ဖို့ခက်နေတဲ့ ဖာဂူဆန်)
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဖေဖော်ဝါရီလ (၁၈)ရက်နေ့ည
တွင် ဖူလ်ဟမ်နှင့် ကစားမည့်ပွဲအတွက် လူရွေးချယ်ရန် ခက်ခဲနေကြောင်း ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် အသင်းမှ ကစားသမားတိုင်း ပထမပွဲထွက်နေရာနှင့် ထိုက်တန်သည့် ခြေစွမ်းကို
ပြသနေကြသဖြင့် မည်သူ့ကို ဦးစားပေးရွေးချယ်ရမည်ကို ခေါင်းစားနေရကြောင်း ဖာဂူဆန်က
ဝန်ခံခဲ့သည်။ တိုက်စစ်နေရာတွင် ဒီမီတာဘာဘာတော့ဗ်နှင့် ကားလို့စ်တီဗက်စ်တို့မှာ တွဲဖက်မိစွာ
ကစားနေနိုင်ပြီဖြစ်ပြီး ဒဏ်ရာမှ သက်သာလာသည့် ၀ိန်းရွန်နီမှာလည်း လေ့ကျင့်ရေး အစီအစဉ်များ
တွင် ကြံ့ခိုင်မှုပြည့်ဝစွာဖြင့် အကောင်းဆုံး ခြေစွမ်းပြနေပြီဟု ဖာဂူဆန်က ပြောကြားခဲ့သည်။ လက်ရှိ
အနေအထားအရ ကစားသမားတစ်ဦးကို အရံခုံတွင် ထားရှိရမည့် ဆုံးဖြတ်ချက်တိုင်းအတွက် ကိုယ့်ကိုယ်
်ကို အပြစ်ရှိနေသည်ဟု ထင်မှတ်မိကြောင်း ဖာဂူဆန်က ပြောဆိုသွားသည်။ ကစားသမားတိုင်း အကောင်း
ဆုံး ခြေစွမ်းရရှိနေခြင်းကြောင့် အသင်း၏အင်အားကို တောင့်တင်းစေသော်လည်း နည်းပြတစ်ဦးအတွက်
ဆုံးဖြတ်ရ ခက်ခဲမှုများ ဖြစ်စေကြောင်း ဖာဂူဆန်က သုံးသပ်ခဲ့သည်။ ဖာဂူဆန်သည် ဖူလ်ဟမ်နှင့်ပွဲအတွက်
အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သော်လည်း ဖူလ်ဟမ်နှင့်ပွဲတွင် အင်္ဂလန်လက
်ရွေးစင် ရှေ့တန်းလူ ၀ိန်းရွန်နီအား အသုံးပြုမပြုဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားသွားခြင်း မရှိ
ှိကြောင်းလည်း သတင်းရရှိသည်။

(ဒီရာယာ)
ရီးယဲလ်မက်ဒရစ်မှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား လာဆနာ ဒီရာယာက လီဗာပူးလ်
် အသင်းအနေနှင့် စပိန်လာလီဂါ ချန်ပီယံအသင်းကို အချိန်မရွေး အနိုင်ယူသွားနိုင်ကြောင်း ရီးယဲလ်
်အသင်းဖော်များကို သတိပေးလိုက်သည်။ ပို့စ်မောက်သ်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာသော ဒီရာယာ
သည် အင်္ဂလန် ဘောလုံးလောကနှင့် အကျွမ်းဝင်ပြီးဖြစ်ကာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ညတွင် လီဗာ
ပူးလ်အသင်း၏ အန်းဖီးလ်ကွင်းတွင် သွားရောက်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်သည် ရီးယဲလ်အတွက်
် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၀န်ခံပြောဆိုခဲ့သည်။

(ကာကာ)
အေစီမီလန်အသင်း၏ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရီကာဒိုကာကာက ၎င်းသည်
မန်ချက်စတာစီးတီး အသင်းဆီသို့ ရောက်ရှိရန် အလွန်နီးစပ်သွားခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။
မန်ချက်စတာစီးတီး၏ စံချိန်တင် ကမ်းလှမ်းမှုများသည် ငြင်းဆန်နိုင်ရန် ခက်ခဲလှကြောင်း ကာကာက
ပြောကြားခဲ့ပြီး ၎င်းအနေနှင့် မီလန်အား သံယောဇဉ်ရှိလွန်းသောကြောင့်သာ တစ်သက်တွင် တစ်ကြိမ်
သာ ကြုံရနိုင်သည့် အခွင့်အရေးအား ပယ်ချခဲ့ခြင်းဟု ထုတ်ဖော်ပြောဆိုသွားသည်။

(ဒါဆေးလ်ဗား)
အာစင်နယ်အသင်းမှ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး နစ်ကလက်စ်ဘန်တနာက ကစားဖော် အီဒွာ
ဒိုဒါဆေးလ်ဗားအား အလွန်စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ချီးကျူးလိုက်သည်။ အဆိုပါ ဘရာဇီးလ်ဖွား
ခရိုအေးရှား လက်ရွေးစင် ရှေ့တန်းလူသည် ဒဏ်ရာကြောင့် ကာလကြာမြင့်စွာ အနားယူနေခဲ့ရသော
်လည်း ပြန်ကစားသည့် FAဖလားပွဲစဉ်တွင် ပင်နယ်တီ(၁)ဂိုး အပါအ၀င် (၂)ဂိုးသွင်းယူပေးခဲ့သောကြောင့်
အာစင်နယ်ပရိသတ်များကလည်း အားပေးဂုဏ်ပြုခဲ့ကြသည်။

(ဒေးဗစ်ဘက်ဟမ်း)
ဒေးဗစ်ဘက်ဟမ်းအား အပြီးသတ် ခေါ်ယူနိုင်ရေး ညှိနှိုင်းရန်အတွက် အေစီမီလန်အသင်း ဒါရိုက်တာ
အမ်ဘာတို ဂန်ဒီနီနှင့် တာဝန်ရှိသူများသည် အမေရိကန်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း
မီလန်အသင်းက အတည်ပြု ကြေငြာခဲ့သည်။ မီလန်အသင်းသည် အဆိုပါ အင်္ဂလန်လက်ရွေးစင်အား
အငှားဖြင့် ခေါ်ယူထားရာမှ အပြီးသတ် စာချုပ်ချုပ်ဆိုခွင့်အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်းဖြင့်
လော့စ်အိန်ဂျလိစ် ဂလက်စီအသင်းထံ ကမ်းလှမ်းခဲ့သော်လည်း အမေရိကန် ဘောလုံးကလပ်အသင်းက
ချက်ချင်းပယ်ချထားသည်။

(အီတူး)
မန်ချက်စတာစီးတီးသည် အသင်းအင်အား ဖြည့်တင်းရေးအတွက် နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် စပိန်
လာလီဂါအသင်း ဘာစီလိုနာမှ ကင်မရွန်းလက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူးထံသို့ ဦးလှည့်
လာပြန်ပြီဖြစ်သည်။ အသက်(၂၈)နှစ်အရွယ် အီတူးအား မန်ချက်စတာစီးတီးက ပေါင်စတာလင် သန်း
(၂၀)ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဘာစီလိုနာကမူ ၎င်းတို့၏ ဂိုးသွင်းစက်ကို ရောင်းချရန်
စိတ်ကူးမရှိကြောင်း ကြေငြာထားသည်။

(ဗန်ဒါဆား)
လိဂ်ပွဲ(၁၃)ပွဲဆက်တိုက် ပေးဂိုးမရှိ စံချိန်သစ်ကို တင်ထားနိုင်သည့် မန်ချက်စတာယူနိုက်တက် ဂိုးသမားကြီး
အက်ဒွင်ဗန်ဒါဆားက ၎င်း၏ စံချိန်သစ်အတွက် အဓိက လျှို့ဝှက်ချက်မှာ စိတ်ကို တည်ငြိမ်စွာ ထားရှိနိုင်ခြင်း
ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ဒတ်ခ်ျဂိုးသမားကြီးက ဘောလုံး၏ လားရာလမ်း
ကြောင်းကို သိရှိနေနိုင်အောင် အမြဲတမ်း စိတ်ကိုစူးစိုက်ထားကြောင်း၊ ၎င်း၏ စံချိန်သစ်အတွက် စိတ်အာရုံစူး
စိုက်မှုသည် အရေးပါခဲ့သလို အသင်းကစားဖော်များ၏ ခံစစ်ကို ပံ့ပိုးပေးမှုမှာလည်း အလွန်အထောက်အကူ
ပြုခဲ့ပါကြောင်း ပြောကြားသွားသည်။

(မန်စီယာနီ)
ချယ်လ်ဆီးအသင်း နည်းပြသစ် ဂူးဟစ်ဒင့်ခ်က မိုက်ကယ်မန်စီယာနီကဲ့သို့ ကစားသမားများ ထွက်ပေါ်လာစေ
ရန် အသင်း၏ လူငယ်စီမံကိန်းအပေါ် ပိုမိုအာရုံစိုက်သွားမည်ဟု ကတိပြု ပြောကြားလိုက်သည်။ အသက်(၂၀)
အရွယ် အဆိုပါ အင်္ဂလန်လူငယ် လက်ရွေးစင်လေးသည် ၀က်ဖို့ဒ်နှင့် ကစားခဲ့သည့် FAဖလားပွဲစဉ်တွင် ချယ်လ်
်ဆီးအသင်း ညာတောင်ပံခံစစ်တွင် ခြေစွမ်းပြသွားနိုင်ခဲ့ပြီး မန်စီယာနီကဲ့သို့ ကစားသမားလေးများကို စင်တင်
ပေးပြီး အသင်း၏ အသုံးစရိတ်ကို စီစစ်သွားမည်ဟု ဟစ်ဒင့်ခ်က အတည်ပြုသွားသည်။

မှတ်ချက်။ ။ Goal(အင်တာနက်)ဘောလုံးသတင်းမှ......။

(အာဖဂန်နစ္စတန်တွင် စစ်သည်အင်အားတိုးမြှင့်ရန် အိုဘားမားခွင့်ပြု )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)