ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချုံချွန်းဝပ်လွမ်ရပ်ရှိ ကျောင်းကြီးကျောင်း (၀ပ်လွမ်) ဆရာတော် ဦးဥတ္တမ (၇၇-နှစ်)သည် ပြီးခဲ့သော ၂၀၀၇-ခုနှစ် ဇွန်လတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသည် ယခု ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာမှ ကျင်းပနိုင်သည်ကို ထူးခြားစွာတွေ့ရသည်။ ဆရာတော်သည်
ဆေးလိပ်ဘုဉ်းတော်မူရင်း ကျောင်းဆောင်ကို မီးစွဲလောင်သည့် ဝေဒနာဖြင့် ၂၀၀၇-ခုနှစ် ဇွန်လတွင် ပျံလွန်တော်မူ ခဲ့ရခြင်းဖြစ်သည်။ ဤဓါတ်ပုံများတွင် ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ (၂၆-၂၇-၂၈)ရက်များ၌ ကျောင်းကြီးကျောင်းအတွင်း ကျင်းပသော ပျော်ပွဲ ရွှင်ပွဲများနှင့် နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ အန္တိမအဂ္ဂိဈာပန ကျင်းပပုံများပါဝင်ပါသည်။
သတင်းမှတ်တမ်း…. မြန်မာပြည်သား

No comments:
Post a Comment