ဘောလုံးသမားတစ်ဦးနှင့် ကျောင်းဆရာတစ်ဦးတို့ နတ်ပြည်ရောက်သွားကြသည်။ သို့ရာတွင် ကျောင်းဆရာက နတ်ပြည်၌စုတ်စုတ်ချာချာဖြင့်နေရပြီ ဘောလုံးသမားကမူ နတ်သမီးပေါင်းမြောက်များစွာဖြင့် နေရလေသည်။ ဤသည်ကို မကျေနပ်၍ ကျောင်းဆရာက သိကြားမင်းထံသွား၍ လျှောက်ထားသည်။
“အရှင်ပဲစဉ်းစားကြည့်တော့။ လူတွေလောင်းကစားနဲ့ ပျက်စီးအောင်လုပ်တယ်။ ဒါတောင်သူကကောင်းကောင်းနေရတယ်။ မတရားဘူးဗျာ”
ထိုအခါ သိကြားမင်းက “မင်းကကောင်းတာလုပ်တာတော့မှန်တယ်။ ဒါပေမဲ့ မင်းစာသင်နေတဲ့အချိန်မှာ ကျောင်းသားတွေအိပ်ငိုက်နေတယ်။ အဲ… သူတို့ဘောလုံးကစားတဲ့အခါမှာတော့ လူတွေအားလုံးက “ဘုရား” တနေရတယ်။ ဒါ့ကြောင့်ပါကွာ…။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ...။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment