ပြည်ပရောက်ပအို့ဝ်တိုင်း၇င်းသားများစုပေါင်း၍ ဘန်ကောက်မြို့ အနီး နွန်ထဘူရီတွင် ယနေ့ပအို့ဝ် အမျိုးသားနေ့ကျင်းပကြသည်။
နံနက် ၉နာရီမှ စ၍ညနေ၄နာရီထိ ကျင်းပပြီး ၇ိုးရာအကများအပါအ၀င် အသိပညာပေးဟောပြောပွဲများပါ
ဝင်သည်။ အခြားဖိတ်ကြားထားသောတိုင်းရင်းသားများအပါအ၀င် လူပေါင်း ငါးရာဝန်းကျင်တက်ရောက်ခဲ့
ကြသည်။
ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင် ပအို့ဝ် စာပေနှင့်ယဉ်ကျေးမှုေ၇းရာ တာဝန်ခံ ခွန်သောမတ်စ်က
“ခုအကြိမ်ဟာ ကျနော်တို့ငါးကြိမ်းမြောက်ကျင်းပကြတာဖြစ်ပါတယ်။ ပြည်တွင်းမှာတော့တပေါင်းပွဲတော်အဖြစ်အသွင်းတမျိုးနဲ့ပဲကျင်းပကြပါတယ်။ပြည်တွင်းပြည်ပမှာရှိတဲ့ကျနော်တို့ ပအို့ဝ် တွေကိုပြောချင်တာကတော့ လာမယ့် ၂၀၁၀ မှာ နအဖကျင်းပမယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ အခြားတိုင်းရင်းသားတွေနဲ့အတူလက်တွဲပြီးတော့ အာဏာရှင်စနစ်ကိုတော်လှန်ဖို့ ညီညွတ်ကြဖို့ကျနော်ပြောချင်ပါတယ်’’ဟုပြောသည်။
အဆိုပါ ပအို့ဝ် အမျိုးသားနေ့ကျင်းပရာတွင် တစ်ပင်တိုင်သီချင်းသီဆိုခဲ့သူ မခမ်းလီက“ပျော်တာပေါ့နှော်
ခုလိုစည်းစည်းလုံးလုံးတွေရတာ။လူကြီးတွေပြောစကားကိုနားထောင်ပြီးတော့မှ လူကြီးတွေညွန်ကြားတာကို
ကျမတို့လူငယ်တွေ အကောင်အထည်ဖေါ်ရမယ်ဆိုတာသဘောပေါက်ပါတယ်။ပြည်တွင်းမှာ ဒီလိုကျင်းပလို့မရတာဘာကြောင့်လဲဆိုတော့တိုင်းရင်းသားတွေကိုတန်းတူအခွင့်အေ၇းမပေလို့ပေါ့နှော်’’ဟု
ပြောသည်။ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသောပအို့ဝ် တိုင်း၇င်းသားနှစ်သောင်းခွဲကျော်ခန့်ရှိကြောင်း
တာဝန်ခံ ခွန်သောမတ်စ်က ပြောသည်။
သတင်း.......ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment