အပိုင်း-(၁)
ပြီးခဲ့တဲ့၂ရက်ကကျနော့်ကိုခင်မင်တဲ့စက်ချုပ်အလုပ်သမားလင်မယားနှစ်ယောက်ကကျနော့်ကိုတိုင်ပင်စရာရှိတယ်။
ခဏလာခဲ့ပါအရေးကြီးတယ်ဆိုလို့ ကျနော်မအားလပ်တဲ့ကြားကသွားလိုက်တယ်။ေ၇ာက်ရောက်ချင်းပဲနုတ်သွက်အာ
်သွက်ရှိတဲ့မေနီကဆီးပြီးပြောပါတော့တယ်။’’ဦး…..ကျမသူငယ်ချင်းတစ်ယောက်ကပြောတယ်ဆေးနဲ့အလှကုန်ပစ္စည်း
ရောင်းတဲ့ပြင်သစ်ကုမ္ပဏီတစ်ခုမှာအသင်းဝင်လိုင်စင်ကြေးဘတ်၁၈၀၀၀(တစ်သောင်းရှစ်ထောင်)ပေးပြီးဝင်ရင်
်ချမ်းသာမယ်။အလုပ်လုပ်စ၇ာမလိုတော့ဘူး။ကိုယ်ကြိုးစားရင်ကြိုးစားသလောက်တစ်လကိုဘတ်၂၀၀၀၀/၃၀၀၀၀
/ရမယ်။တဲ့အလုပ်သမားတွေတော်တော်များများလည်းအလုပ်တွေထွက်ပြီးဝင်နေကြတယ်လို့ကြားတယ်။အဲဒါတိုင်ပင်
်ချင်လို့ ဦးကိုခေါ်တာပါ။’’ ဒီသတင်းကို ကျနော်ကြားနေတာတော့ကြာနေပြီး ခုဟာက အလုပ်သမားတွေ ကိုယ်လုပ်နေတဲ့
အလုပ်တွေကထွက်ပြီးလုပ်နေတယ်ဆိုတာရယ်။ဘတ်တစ်သောင်းရှစ်ထောင်ဆိုတာ မြန်မာအလုပ်သမားတစ်ယောက်
အတွက်နည်းတဲ့ငွေမှမဟုတ်တာ၊ကျနော်မျက်မြင်တွေ့ဘူးချင်တယ်ကျနော့်ကိုလိုက်ပြပါဆိုပြီးကျနော်တောင်းဆိုလိုက်တယ်။
မေနီ တို့ကို ကုမ္ပဏီဝင်ဖို့လာစည်းရုံးတဲ့ သူရဲ့ ဖုန်းနံပတ်ကိုတောင်းပြီးတော့ကျနော်ဖုန်းဆက်လိုက်တယ်။
“ဟယ်လို. . .ကိုမင်းထိုက် လားဗျာ…ကျနော် ကျော်သောင်းပါ ဘန်ကောက်ကဆက်တာပါခင်ဗျာ။ကျနော်အကိုတို့ ကုမ္ပဏီ
ီလုပ်ငန်းကိုစိတ်ဝင်စားလို့ပါ။ကျနော့်ကိုနည်းနည်းပြောပြလို့၇နိုင်မလားခင်ဗျာ”“ဟုတ်ကဲ့မင်းထိုက်ပါ မဟာချိုင်မှာနေပါတယ်။
ဟုတ်ကဲ့ပြောပြနိုင်ပါတယ်။ကျနော်သိသလောက်ပေါ့လေအစ်ကိုကြီးဘန်ကောက်ကိုေ၇ာက်တာဘယ်လောက်ကြာပြီလဲ။
ဲဘ၀၇ည်မှန်းချက်တွေပြည့်နိုင်မလား။ကျနော်တို့တော့ဘ၀ထွက်ပေါက်ကိုတွေ့ထားပြီးအကိုကြီး ကျနော်တို့လင်မယား နှစ်ယောက်လုံးအလုပ်ကထွက် လိုက်ပြီးတော့ဒီအလုပ်ကိုပဲလုပ်နေကြပါတယ်။..ကျနော်ထိုင်းမှာအလုပ်လုပ်တာ၁၀နှစ်
်ရှိပြီးဘာမှ ကျနော့်ဘ၀မတိုးတက်ဘူး။ခုတော့ကျနော်တို့ မကြာခင်ချမ်းသာတော့မယ်။အလုပ်သမားဘ၀ကိုလုံးဝစွန့်လွှတ်လိုက်ပြီးအေးအေးဆေးဆေးနေနေပြီလေ အကိုကြီး စိတ်ဝင်စားရင်နက်ဖြန် ကျနော် ကုမ္ပဏီ ကိုလိုက်ပြ
မယ် စင်ထ၇ယ်မှာ မနက် (၉)နာရီမှာ ကျနော်စောင့်နေမယ်။အိုကေ အစ်ကိုကြီး” အိုကေ ………………..။
အပိုင်း-(၂)
ကျနော်မေနီယောက်ျားကိုမျိုးသန်းကို ကျနော်သတင်းထောက်မှန်းမသိစေဖို့ပြောဆိုပြီးအတူးသွားဖို ချိန်းထားတဲ့စင်ထ၇ယ်ကုန်တိုက်ကားမှတ်တိုင်မှာစောင့်နေကြပါတယ်။
ကိုမင်းထိုက်မဟာချိုင်ကလာတာဖြစ်ပါတယ်။ မနေ့ကဖုန်းဆက်သူဖြစ်ကြောင်းပြောပြီးမိတ်ဆက်ပ်ါတယ်။ ။ကျနော့်ကိုသူတို့လင်မယားကုမ္ပဏီမှာအဖွဲ့ဝင်ဖြစ်သွားကြောင်းကဒ်ကိုထုတ်ပြပါတယ်။အဲဒီဘဏ်ကဒ်(လိုင်စင်ကဒ်)
မှာ(ထိုင်ဝမ၊်ဟောင်ကောင်၊ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊စင်္ကာပူ၊အင်ဒိုနီးရှား၊တရုတ်၊သြစတီးလျား)နိုင်ငံတို့မှာရှိတဲ့အဲဒါ
ီကုမ္ပဏီမှာအလုပ်လုပ်ပြီးငွေအသွင်းအထုတ်လုပ်လို့ရတယ်လိုကဒ်မှာေ၇းထားတာတွေ၇ပါတယ်။ ကဒ်မှာဝက်ဘ်ဆိုဒ်လိပ်စာပါတာတွေ့တော့ကျနော်ချက်ချင်းမှတ်ယူလိုက်ပါတယ်။ကိုမင်းထိုက်က“ကျနော်တို့ထိုင်းကိုငွေလာရှာကြတာပဲ
ဲဒီတစ်နည်းပဲ ကျနော်တို့ကိုချမ်းသာမဲ့လမ်းကြောင်းတွေ့တယ်။ ကျနော့်မိသားစုတွေ ။သူငယ်ချင်းတွေ ငွေတွေစုနေကြပြီ။
ကျနော့်ကိုလမ်းပြပေးတဲ့ဆ၇ာ ကိုအောင်ဇေါ်ထွန်းဆိုရင်ဗမာပြည်ကိုငွေလွှဲလုပ်တယ်။ ဖုန်းဆက်သွယ်ပေးတယ်။
ကိုယ်ပိုင်ကားနဲ့၊တစ်လတစ်လကိုဘတ်ငါးသောင်းခြောက်သောင်းဝင်ငွေရှိတာကိုလုံးဝကြောခိုင်းပြီးတော့ခုကုမ္ပဏီမှာ
မန်နေဂျာတောင်ဖြစ်နေပြီလေ။ကျနော်လည်းအဆင့်မြင့်ရအောင်ကြိုးစားနေပါတယ်။အစ်ကိုကြီးတို့ကျနော်နဲ့တွေ့တာ
ကံကောင်းတယ်။ငွေတစ်ထောင်ဟောဟိုမှာမြင်တယ်။ခုကောက်မလား။နက်ဖြန်ကောက်မလား အစ်ကိုကြီးတို့ စဉ်းစားပါ။
လိမ်ညာလို့ ရတာမဟုတ်ဘူး တ၇ားဝင်လုပ်တာ၊အစိုးရဆီမှာလိုင်စင်ခံပြီးသား။ခု သုံးလအတွင်း ကုမ္ပဏီ အဖွဲ့ဝင် တစ်ရာ
ကျော်သွားပြီ”ကျနော်ကလိုက်လျှောညီတွေ စကားတွေပြောပြီးစိတ်ဝင်စားဟန်ပြပေးပါတယ်။မေနီယောက်ျား
လည်းနည်းနည်းပါးဝင်မေးပါတယ်၊ ကျနော်တို့စောင့်နေတဲ့လိုင်းကားလာတာနဲ့ ကျနော်တို့ အဲဒီကုမ္ပဏီ ကိုကားစီးပြီးလာ
ကြပါတယ်။ကုမ္ပဏီ တည်ရာနေရာကတော့ ဘန်ကောက်မြီု့ မြန်မာသံရုံးတည်ရှိရာ စာထွန်လမ်းမကြီးပေါ်က လမ်းသွယ်
(၁)မှာရှိတဲ့၃၁ထပ်မြင့်တဲ့အဆောက်အဦးရဲ အောက်ထပ်မှာထမင်းဝယ်စားပြီးမှအပေါ်ထပ်ကိုသုံးယောက်သားတက်
သွားကြပါတယ်။့၂၆လွှာမှာမှာပါ။အဲဒီအဆောက်အဦးအောက်မှာ(ဘီအမ်ဒဗလျှု)ကားအရောင်းခန်းမရှိပါတယ်။
ရုံးခန်းအပြင်ဘက်မှာ လူတွေဟာ ဟိုနားတစ်စု ဒီနားတစ်စုတွေ့ရပါတယ်။ကျနော်နဲ့ကိုမျိုးသန်းတို့နှစ်
ယောက်ကို ရုံးခန်းအပြင်နံရံမှာချိပ်ထားတဲ့ နံရံကပ်ဓါတ်ပုံတွေကိုပြသပါတယ်။ပြီးတော့ ပြင်သစ်နိုင်ငံထုတ်
ရေးမွှေးပုလင်း ၊၀ိုင်အရက်၊အသားလိမ်းဆီ၊တွေကိုပြပါတယ်၊အဲဒီပစ္စည်းတွေမှာရေးထားတဲ့၁၈၃၃ ခုနှစ်ဆိုတဲ့
သက္ကရာဇ်ကိုအဓိကထောက်ပြပြောဆိုပါတယ်။ပစ္စည်းမှန်တဲ့အတွက်နှစ်ပေါင်းဒီလိုကြာအောင်တွင်းကျယ်နေ
ကြောင်းဦးစွာပြောပါတယ်။
အတွင်းထဲကိုတံခါးဖွင့်ပြီးဝင်လိုက်တဲ့အခါမှာတော့လုံးဝမျှော်လင့်မထားလောက်အောင်လူတွေများနေတာကို
တွေ့ရပါတယ်။လူငါးယောက်ထိုင်နိုင်တဲ့စားပွဲဝိုင်း(၁၀)၀ိုင်းမှာလူတွေပြည့ှ်က်ရုံမက၊မတ်တပ်ရပ်နေတဲ့လူတွေအ
ခန်းထဲမှာပြည့်နှက်နေပါတယ်။အတွင်းမှာေ၇ာပြင်မှာပါအားလုံးလူတစ်ရာဝန်းကျင်လောက်ရှိပါတယ်။ကျနော်တို့
အခန်းတွင်းကိုဝင်လိုက်တာနဲ့ကျနော်တို့ကိုဦးဆောင်ခေါ်လာတဲ့ကိုမင်းထိုက်က၀ိုင်ပုလင်းတွေအလှပြင်ပစ္စည်း
တွေကိုပြပါတယ်။ ရွေရောင်ချထားတဲ့ရေမွှေးပုလင်းကြီးတွေကိုပြပြီးနံရံမှာကပ်ထားတဲ့ အဲဒီကုမ္ပဏီ ကနိုင်ငံခြားသားလူကြီးတွေထိုင်းနိုင်ငံဆူနာမီးပင်လယ်ေ၇အောက်မြေငလျှင်တုန်းကငွေလှူတာတွေ၊နောက် ပြီးနိုင်ငံတကာပွဲမှာဓါတ်ပုံရိုက်ထားတဲ့ပုံတွေကိုပြပါတယ်။ကျနော်သတိတစ်ခုပြုမိတာက ကျနော်တို့ကိုခေါ် လာ
သူဟာ ဆုပေးတာနဲ့၊အကူအညီပေးတာကိုခွဲခြားမသိတာပါ၊ပြီးတော့ ကုတ်အင်္ဂျီ နက်တိုင်တွေအကျ အန၀တ်ဆင်
်ထားတဲ့ဆ၇ာဆိုသူ သုံးဦးကိုကျနော်တို့ လက်ဆွဲနုတ်ဆက်ရပါတယ်။ပြီးတော့လူတွေမတ် တတ် သုံးလေးယောက်ဟိုတစ်စုဒီတစ်စုပြောနေတဲ့အနားကိုသွားပြီး ပညာသင်နေတဲ့လူတွေအဖွဲ့ဝင်ဖြစ်ပြီး သူတွေဖြစ်ကြောင်းပြောပါတယ်။ပြီမှကျနော်တို့ကိုစားပွဲတစ်လုံးမှာကျနော်တို့ထက်အရင်ရောက်နေတဲ့မွန်အမျိုး
သမီးငယ် နှစ်ယောက်ဘေးမှာထိုင်ခိုင်းပါတယ်၊
အပိုင်း-(၃)
ကျနော်တို့လေးယောက်နဲ့အတူအဲဒီကလူတစ်ယောက်ထိုင်ပါတယ်။ပြီးတော့ကျနော်တို့ကိုခေါ်လာသူက
တော့ကျနော့်နားမှာမတ်တတ်ရပ်နေပါတယ်။စောစောကကျနော်တို့မတ်တတ်နုတ်ဆက်ခဲ့တဲ့ရှိုးအပြည့်နဲ့
လူငယ်တစ်ယောက်ရောက်လာပါတယ်။အားလုံးမတ်တတ်ရပ်ပြီးလက်ဆွဲနုတ်ဆက်စေပါတယ်။ပြီတော့
အားလုံးထိုင်ကြပါတယ်။ပြီတော့ဘယ်ကလာလဲ။ဘယ်မှာနေလဲ။ဘာလုပ်လဲ။ကြီးပွားချင်လို့လာတာမဟုတ်
လား။ကောင်းပါတယ်။ကျနော်တို့ဝင်ငွေကောင်းတဲ့အလုပ်ကိုရနေသလို ဒီကလူတွေကိုလည်းရစေချင်ပါ
တယ်။မသိတာမေးပါ။တော်တော်ကြာ မန်နေဂျာ လာပါလိမ့်မယ်ခဏစောင့်ပါ။သူအလုပ်တအားများတဲ့လူ
ပါ သူရှင်ပြတာသေသေချာချာနားထောင်ပေးကြပါဆိုပြီးလမ်းကြောင်းပါတယ်။
ကျနော်ကဖြတ်ပြီးပြောပါတယ်။မြန်မာတွေကို စေတနာထားတာလေးစားပါတယ်။ခင်ဗျားတို့ပြောတာတွေ
ကိုအ ခြားလူတွေကိုရှင်းပြနိုင်အောင် ကျနော်အသံဖမ်းခွင့်တောင်းပါတယ်။စာလိုက်ရေးခွင့်တောင်းပါတယ်
ခွင့်မပြုနိုင်ဘူးလို့ငြင်းဆိုပါတယ်။ဥဏောက်နဲ့မှတ်သွားဖို့နဲ့ စိတ်ဝင်စားသူတွေကိုခေါ်လာဖို့သာတိုက်တွန်းပါ
တယ်။ဆယ်မိနစ်လောက်ပြောပြီးမတ်တတ်ရပ်ပါတယ်။ကျနော်တို့အားလုံးမတ်တတ်ရပ်ပြီးလက်ဆွဲနုတ်ဆက်
၇ပါတယ်။အဲဒီလူပြန်သွားတော့ကျနော်တို့ဝိုင်းမှာရှိနေခဲ့တဲ့သူတို့လူနှစ်ယောက်က အဲဒီလူတွေတစ်လကို
ဘတ်လေးသောင်းလောက်ဝင်ငွေရှိကြောင်းအဆင့်မြင့်သွားပြီဖြစ်ကြောင်းအတိုင်အဖေါက်ပြောကြပါတယ်၊
ခဏကြာတော့ နောက်ထပ်တစ်ယောက် ရှိုးအပြည့်နဲ့ေ၇ာက်လာပါတယ်။အယင်လူလိုပါပဲ အထိုင်းမှာရော
အထမှာပါ အားလုံးကျေးဇူးတင်ပါတယ်ဆိုပြီးမတ်တတ်ရပ်ပြီး လက်ဆွဲနုတ်ဆက်ရပါတယ်၊
ကျနော် တော်တော်စိတ်မကောင်းစွာခံစားနေရပါပြီ။ဒါပေမယ့်သတင်းရချင်လို့ သည်းခံပြီးထိုင်နေလိုက်
ပါတယ်၊တော်တော်ကြာတော့ အသက်လေးဆယ်ဝန်းကျင်လူရည်သန့်လူရည်လည်ပုံပေါက်ပြီး ရှိုးအပြည့်နဲ့
တစ်ယောက်ရောက်လာပါတယ်။ကျနော်တို့စားပွဲဝိုင်းမှာ ရှိတဲ့ လူနှစ်ယောက်ကပျာပျာသလဲ ဆရာလာပြီ
ဆရာလာပြီ။သူပေါ့ကိုယ်ပိုင်ကားရှိတယ်။ဗမာပြည်ကိုငွေလွှဲတယ်၊လူကယ်ရီလုပ်တယ်၊တစ်လကိုဘတ်ငါး
သောင်းလောက်၇တာကိုရပ်လိုက်ပြီးဒီကုမ္ပဏီမှာလုပ်တာ ပိုပြီးဝင်ငွေကောင်းလို့ပေါ့။ခုသူတစ်လကိုဘတ်
၂သိန်းရနေပြီလေ။အလုပ်များတယ်။သူရှင်းပြတာသေသေချာချာနားထောင်ပေးပါ ဆိုပြီးပြောကြပါတယ်၊
အယင်အတိုင်းပဲမတ်တတ်ရပ်ပြီးလက်ဆွဲနုတ်ဆက်ကြရပါတယ်။
ဟိတ်ဟန်ကောင်းကောင်းနဲ့ ဘောပင်အကောင်းစားနဲ့စာရွက်တွေနဲ့ထိုင်ပါတယ်၊ပြီးတော့ လူတစ်ဦးချင်းစီ
ရဲ့ ထိုင်းမှာနေရပ်၊အလုပ်၊၀င်ငွေ။အသက်၊ထိုင်းေ၇ာက်နှစ်၊အဆင်ပြေမပြေ၊မေးပါတယ်၊ပြီးတော့မှ သူလက်
ထဲက ကက်တလောက်စာအုပ်၂အုပ်ကိုလိုရာဆွဲပြပြီးပြန်ပိတ်ပါတယ်၊ ကျနော်အသံဖမ်းခွင့်တောင်းပါတယ်
စာနဲ့လိုက်မှတ်ခွင့်တောင်းပါတယ်မရပါဘူး။ အဖွဲ့ဝင်ဖြစ်ပြီးတဲ့အခါ ပညာသင်တဲ့အခါပဲမှတ်ခွင့်ပြုမယ်လို့ဆိုပါ
တယ်။
အချိန်မရဘူး။သူရှင်းပြတဲ့အခါသေသေချာချာနားထောင်ပေးဖို့ပြောသလိုကျနော်တို့ဝိုင်းမှာရှိတဲ့သူတို့လူနှစ်
်ယောက်ကလည်းဟုတ်မှန်ကြောင်းတိုက်တွန်းပါတယ်၊လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကကမ္ဘာမှာဘာတွေဖြစ်ခဲ့သ
လဲဆိုပြီးတို့ကျနော်တို့ကိုစမေးပါတယ်။တစ်ဦးချင်းကိုမေးတော့တစ်ယောက်တစ်ပေါက်ဖြေကြပါတယ်။
ကိုအောင်ဇေါ်ထွန်းကကမ္ဘာမှာစစ်တွေဖြစ်ခဲ့တယ်။အဲဒီခေတ်တုန်းကဒီလိုခေတ်မမီသေးတဲ့အတွက်ဆေးရုံ
ုံတွေမှာအလောင်းတွေကိုထားတဲ့အအေးခန်းမရှိသေးဘူး၊ခြေလက်အင်္ဂါကျိုးပျက်သူတွေ၊မွေးလူနာတွေကို
လိပ်ကာ လေးတွေနဲ့ခြားပြီးတော့ထားတဲ့အတွက်အပုတ်နံ့တွေထွက်နေတယ်။ဘက်တီးရီးယားပိုးတွေပျံ့ နှံ့နေတယ်။အဲဒီအချိန်မှာဒီဆေးကိုပြင်သစ်နိုင်ငံကဆေးပညာရှင်တစ်ယောက်ကတီထွင်ခဲ့ကြောင်းအဲဒီဆေး
ကြောင့်ဘက်တီးရီးယားပိုးတွေသေပြီးအပုတ်နံတွေပျောက်ကင်းခဲ့ကြောင်းခုံပေါ်မှာအယင်တည်းကတင်ထား
တဲ့ယောက်ျားလက်သီးဆုတ်လောက်ရှိတဲ့မီးစာတတ်ထားတဲ့ပုလင်းကဆေးရည်အကြောင်းကိုရှင်းပြပါတယ်၊
ဒီဆေးဟာကမ္ဘာမှာဘယ်သူမှအတုလုပ်မရတာကြောင့်နှစ်တစ်ရာကျော်တိုင်တည်ရှိနေကြောင်းရှင်းပြပါတယ်။
ဘတ်ငွေတစ်သောင်းရှစ်ထောင်နဲ့ပြင်မှာဘာမှစီးပွားရေးလုပ်၍မရနိုင်နိုင်ကြောင်းအခြားစီးပွားရေးတိုင်းမှာ
လည်းအပြိုင်အဆိုင်ရှိကြောင်းဒီကုမ္ပဏီမှာရင်းနှီးလိုက်တာဟာအချိန်တိုအတွင်းချမ်းသာနိုင်ကြောင်း။သူတစ်လ
ကိုဘတ်ငါးသောင်းခြောက်သောင်းဝင်ငွေကိုစွန်ပြီးဝင်လုပ်တာပိုပြီးသေချာတဲ့အလုပ်ဖြစ်တယ်လို့ပြောပါတယ်။
ပြီးတော့စာရွက်တစ်ရွက်မှာတြိဂံပုံတစ်ခုဘောပင်နဲ့ရေးဆွဲလိုက်ပြီးတော့မေးပါတယ်။လူအဖြစ်ရပ်တည်နေထိုင်နိုင်
်ဖို့အတွက်အချက်သုံးချက်လိုတယ်။အစားအစာ၊ရေနဲ့အောက်စီဂျင်လို့ပြောပါတယ်၊ကျနော်က အစ်ကို ကျနော်ကြားဖူးတာကသက်၇ှိသက်မဲ့ရုပ်ဝထ္တုတည်မြဲဖို့အတွက်ပထ၀ီ၊တေဇော၊အာဘော၊၀ါယောဆိုတဲ့ဓါတ်
ကြီးလေးပါးမဖြစ်မနေလိုအပ်ပါတယ်၊အစ်ကိုပြောသလိုဆိုရင်တောင်မှနေစရာမလိုဘူးလားလို့မေးလိုက်ပါတယ်၊
သူကလူနေတာကသစ်ပင်အောက်မှာနေလို့ရတယ်လို့ဆိုပါတယ်သူတို့ေ၇ာင်းနေတဲ့အောက်စီဂျင်ဆေးမီးခွက်အ
ရေးကြီးကြောင်းပြောပါတယ်၊၊စိတ်လည်းတော်တော်ဆိုးသွားပါတယ်၊
“ကမ္ဘာကြီးကိုနေေ၇ာင်ခြည်တိုက်ရိုက်မကျေ၇ာက်နိုင်အောင်အိုဇုန်းလွှာကကာရံထားတယ်။ကမ္ဘာကြီးပူနွေးလာတယ်၊
တိုးတက်လာတာနဲ့အတူကာဗွန်ဒိုင်အောက်ဆိုဒ်တွေများလာပြီးတော့အောက်စီဂျင်နဲပါးလာတယ်။ဒီဆေးဟာအောက်စီ
ဂျင်ဖြစ်တယ်။နောင်နှစ်တွေကြာလာလေလိုအပ်လာလေဖြစ်လာမှာဖြစ်တဲ့အတွက်ခုကတည်းကရှယ်ယာဝင်ဖြစ်ထားဖို့
လိုပါတယ်။နောက်ကျ၇င်အခွင့်အေ၇းနောက်ကျမှရမှာဖြစ်တယ်ခုငွေတစ်ထောင်ကျနေတယ်ဟိုမှာဆိုပြီးပြတယ်၊အားလုံး
လှည့်ကြည့်ကြတယ်။ခုကောက်မလားနောက်မှကောက်မလားစဉ်းစားကြပါ။ခုကောက်မှခု၇မှာမို့ခုကတည်းကဘတ်တစ်
သောင်းရှစ်ထောင်ပေးပြီးဝင်ထားဖို့ပြောပါတယ်။’’ကျနော်နဲ့အမေးတစ်မျိုးအဖြေတစ်မျိုးဖြစ်ပြီးအလုပ်များတယ်ဆိုတဲ့
ကုမ္ပဏီမန်နေဂျာ ကိုအောင်ဇော်ထွန်းဆိုသူဟာ ၂နာရီလောက်ဟိုပြောဒီပြောစည်းရုံးပါတယ်၊ ကျနော့်ဘေးနား ကမွန် ကောင်မလေးတစ်ယောက်ကိုသူကကမ္ဘာလုံးပုံကိုလက်ဖျားနဲ့ကိုင်ထားတာဘာလဲလို့မေးတော့ ဘောလုံးလို့ဖြေလိုက်လဲ
ို့ရည်ကြ ရပါသေး တယ်။ဒီလိုနဲ့ကျနော်ဟာစိတ်ဆင်းရဲလွန်းလို့အတူလာသူကို လက်တို့ခေါ်ပြီးအောက်ထပ်ကိုဓါတ်လှေကား နဲ့ဆင်းလာခဲ့ပါတယ်၊အောက်ထပ်ရင်ပြင်ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာမှာဆေးလိပ်သောက်နေပါတယ်၊ ဆေးလိပ်ကုန်ခါနီး
ကျနော်တို့ကိုခေါ်လာတဲ့မင်းထိုက်ေ၇ာက်ချလာပါတယ်၊အပေါ်ကိုပြနတက်ဖို့ ဆရာက လာနုတ်ဆက်ဖို့လာခေါ်ပါတယ်၊်
ကျနော်ကလည်းလိုအပ်တဲ့အချက်အလက်တွေရလိုရငြားသည်းခံပြီးလိုက်သွားပါတယ်၊မလေးရှားက ထိုင်းကိုကုမ္ပဏီကိုယ်စား
လှယ်အဖြစ်လာတယ်ဆိုတဲ့ မုဒုံ ဘီလူးကျွန်းက အသက် ၂၀ကျော်စအရွယ်လူငယ်တစ်ဦး ရှိုးအပြည့်နဲ့ သူက ကျနော်နဲ့လာသူကိုမျိုးသန့် ကိုဒေါနဲ့မောနဲ့ပြောပါတယ်၊အိမ်ေ၇ာက်ရင်ဘာမှမပြောဖို့၊ခင်ဗျားတို့အဖွဲ့ဝင်မဟုတ်ပဲနဲ့ရှင်းပြခွင့်မပြု၊ခင်ဗျားတို့ချမ်းသာချင်ရင်
်ငွေတစ်သောင်းရှစ်ထောင်သွင်းပြီးပညာသင်ဖို့ဘာညာပြောပြီးနုတ်ဆက်လာခဲ့ကြပါတော့တယ်။
အပိုင်း-(၄)နိဂုံး
မဟာချိုင်နယ်မြေကကိုဗမာတစ်ယောက်ငွေပို့ငွေလွှဲအပြင်ဈေးလည်းေ၇ာင်း၊ဖုန်းလည်းဆယ်သွယ်ေ၇းလုပ်
တော့တစ်လကိုဘတ်သုံးသောင်းကျော်လောက်ဝင်ငွေရှိသူဖြစ်ပါတယ်။ကမ္ပဏီ ကအဖွဲ့ဝင်တစ်ယောက် စည်းရုံးကောင်းလို့လိုက်သွားပြီးငွေတစ်သောင်းရှစ်ထောင်ပေးပြီးအင်လိုက်တယ်။ဝင်တာကလည်းသူ့အစ်မက သူတို့သတ်မှတ်ထားတဲ့အဆင့်ကြီးဝင်ငွေကြီးကိုတစ်ခါတည်းေ၇ာက်အောင် လူရှာစရာမလိုပဲ မြန်မာကျပ်ငွေသိန်း(၇၀)နဲ့ဝင်မယ်တကဲကဲလုပ်နေလို့ မောင်ဖြစ်သူ ကိုဗမာ ကအရင်ဝင်ကြည့်တဲ့သဘောပါ။
ကိုဗမာက“ကျနော်လူရှာရမယ်ဆိုတာကိုနားမလည်းပဲဝင်လိုက်တယ်။အထူးသဖြင့်ကျနော့်အစ်မကသိန်း(၇၀)
ပေးပြီးအဆင့်ကြီးကိုဝင်မယ် ၁၁နိုင်ငံကိုသွားလို့ရတယ်ဆိုတာကိုဖီလင်ဖြစ်သွားတယ်။ ကျနော်အစမ်း သပ်ခံလိုက်
တဲ့သဘောပါ။ကျနော် အလုပ်လုပ်တဲ့စက်ရုံမှာ ကျွမ်းကျင်စက်ဆရာတစ်ယောက်ပါ၊ကျနော် အလုပ်ကထွက်လိုက်၇တယ်။သေချာပြန်စဉ်းစားတော့ ကျနော်အဲဒီကုမ္ပဏီကိုဝင်လိုက်တဲ့
ဘတ်တစ်သောင်းရှစ်ထောင်ပြန်ရဖို့အတွက် နောက်လူ(၆)ယောက်ထပ်ပြီးစိတ်မချမ်းသာဖြစ်ရအုံးမယ်၊ပြီး
တော့ရှင်းရှင်းပြောရမယ်ဆိုရင် သူတို့သင်ပေးမယ်လို့ပြောတဲ့ ပညာ။သူတို့ပြောတဲ့ပညာဆိုတာ။ဝိုင်းလိမ်ဖို့
လူတွေအထင်ကြီးအောင်အတိုင်အဖေါက်ညီညီဇါတ်တိုက်တာပါ၊
သူတို့သင်ပေးတဲ့ပညာဆိုတာတွေက(၁၅)ချက်ရှိပါတယ်။(၁)အမည်ကိုမေးရန်(၂)ဘယ်သူလဲ(၃)ကုမ္ပဏီးက
အဆင့်မြင့်ဆုံးနံပတ်၄၁/ရထားသူနာမည်ကိုသိရမယ်(၄)အလုပ်အကိုင်ကိုမေး၇မယ်(၅)၀င်ငွေ/လစာကိုမေး
(၆)အသက်(၇)ဘယ်မှာနေလဲ(၈)ေ၇ာက်တာဘယ်လောက်ကြာပြီလဲ(၉)ဘယ်လိုလိုင်စင်ဝင်ရမလဲ(၁၀)
ဘယ်လိုကြိုးစားပြီးဘယ်လိုဝင်ရမလဲ။(၁၁)နောက်ခံငွေရှိ/မရှိ(၁၂)အိမ်၊ကားချက်ချင်းချမ်းသာနိုင်ကြောင်း
ပြောရန်(၁၃)ကုမ္ပဏီအပေါ်ထင်မြင်ယူဆချက်(၁၄)မိသားစုဘယ်နှစ်ယောက်ရှိလဲ(၁၅)ဆေးပစ္စည်းသုံးစွဲခြင်း
ခံစားမှု တွေဖြစ်ပါတယ်။
နောက်ပြီးတော့ (၁)ဆေးမီးခွက်ကိုထွန်းလိုက်တာကြောင့်ဘက်တီးရီးယား၉၀ရာခိုင်နုန်းသေကြောင်း။(၂)
စက်ရုံအလုပ်ရုံတွေကထွက်တဲ့ကာဗွန်မိုနောက်ဆိုဒ်တွေ၉၀ရာခိုင်နုန်းကာကွယ်ပေးကြောင်း(၃)အနံ့ဆို
ပျောက်ကြောင်း(၄)အောက်စီဂျင် ၂၀ ရာခိုင်နုန်းတိုးပွားစေခြင်း(၅)အတုလုပ်၍လုံးဝမရတဲ့ပစ္စည်း(၆)ကုန်ဆုံး
ရက်မရှိတဲ့ပစ္စည်း ဖြစ်ကြောင်းတွေကိုပြောတတ်အောင်လေ့ကျင့်ပေးပါတယ်။
အဆိုးဆုံး၁၂ကြိုးပညာတွေကတော့(၁)လူသစ်ကိုပစ္စည်းတွေကို လက်ညှိးထိုးပြရန်(၂)အဆင့်မြင့် ရှိုးအပြည့်နဲ့လူတွေကို ဆရာတစ်ဆူလိုရိုရိုသေသေဆက်ဆံရန်၊(၃)လူသစ်ကိုမန်နေဂျာရှင်းပြနေတဲ့အခါ အခြားအဆင့်နိမ့်သူ၂ယောက်ကသုံးပွင့်ဆိုင်ဝိုင်းပြီးထောက်ခံနားချရန်၊(၄)လက်ထောက်ခြင်းငေးမောခြင်းရှိနေပါက
ပြင်ဆင်ထိန်းကျပ်ပေးရန်(၅)ဘာကြောင့်ခေါ်လာလဲ(၆)အပြီးသတ်ရိုသေစွာကျေးဇူးတင်ကြောင်းနုတ်ဆက်ခြင်း(၇)
ခွဲခွာခါနီးမိမိခေါ်လာတဲ့လူကိုကုမ္ပဏီကောင်းကြောင်းစိတ်ချရကြောင်းနဲ့လူကြီးတွေရဲ့ တစ်လကိုဘတ်သုံးသိန်းဝင်ငွေရှိနေပြီဆိုတာကိုကျလောက်အောင်ပြောတတ်နိုင်ဖို့လိုတယ်ဆိုတာတွေကို သင်ပေးပါတယ်ဗျာ။ကျနော်ဘတ်တစ်သောင်းရှစ်ထောင်ဆုံးပါစေ။ကျနော်အခြားလူကိုဆက်မလိမ်ချင်ဘူးလေ၊ ကိုယ်ဝင်လိုက်မိတဲ့ငွေကိုပြန်ရဖို့အတွက်ဆက်ပြီးလူလိမ်နည်းတွေပါဗျာ၊ကုမ္ပဏီကဆေးရည်ဆိုတာလဲ ဘာထူးလဲ
တော့ကျနော်မသိဘူး အိမ်မှာမီးထွန်းကြည့်တာ ခြင်တော့သေတယ်ဗျ၊ကျနော်အလိမ်ခံရတာပါဗျာ
ဆိုပြီး မီးထွန်းလို့ကုန်တဲ့ဆေးရည်ပုလင်းခွံနဲ့ ကက်တလောက်စာအုပ်တစ်အုပ်ပေးလိုက်ပါတယ်၊
ပြီးတော့ဘတ်တစ်သောင်းရှစ်ထောင်ပေးမှရတဲ့လိုင်စင်ကဒ်ကိုသူနာမည်ဖုံးပြီးကျနော်ဓါတ်ပုံရိုက်ယူခဲ့ပါတယ်
စည်းရုံးသူနဲ့၊နုတ်ထွက်သူတွေ။ဝင်ကြေးမပေးလို့ခြိမ်းခြောက်ခံရသူတွေရဲ့ အင်တာဗျူးတွေအားလုံး ကျနော်လေး၇က် တိတိသတင်းအချက်အလက်စုဆောင်းလိုက်၇ပါတယ်။
ကျနော်ပြောနိုင်တာတစ်ခုကတော့ အဆောင်အယောင်ဟန်ဆောင်မှုကောင်းကောင်းနဲ့ပထမလိမ်တယ်၊ဒုတိယက အမိုက်ဇတ်ခင်းပြီးဆက်ပြီးတော့ဝိုင်းလိမ်မယ်၊အရင်းလည်းပျောက်ပြီ၊လူဆက်ပြီးလိမ်လို့မရမချင်းဘာဝင်ငွေမှမရှိပါ၊
ဘာအာမခံချက်မှလည်းမရှိပါ၊မလေးရှားကနေမြန်မာပြည်ကိုငွေပြန်မှာပြီးအလိမ်ခံရတဲ့လူတွေအကြောင်းကိုအဆင်
ပြေရင်ဆက်ပြီးေ၇းသားတင်ပြပါမယ်၊ စာဖတ်မိတ်ဆွေများအနီးပတ်ဝန်းကျင်မှာ ဘတ်တစ်သောင်းရှစ်ထောင်ပေးပြီးဝင်ရမယ်ဆိုတဲ့ဒီကိစ္စပေါ်လာရင်ပြောပြပေးကြပါလို့မေတ္တာရပ်ခံပါတယ်။
ကုမ္ပဏီနာမည်က Copyright Of Crown Holdings Co..ltd ဖြစ်ပြီးအတိုကောက် DCHLဖြစ်ပါတယ်
သတင်းဆောင်းပါး......ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment