ကမ္ဘာ့ အမြန်ဆုံးအပြေးချန်ပီယံဖြစ်သူ ဟူစိန်ဘော့တယောက်မောကြီးပန်းကြီးဖြင့်လမ်းလျှောက်
လာသည်ကိုမြင်၍သူငယ်ချင်းဖြစ်သူကမေးသည်။
``ဟေ့ကောင်……ဘယ်လိုဖြစ်လာတာတုန်းဟ´´
``မပြောချင်တော့ပါဘူးကွာ၊ ခါးပိုက်နှိုက်ကိုလိုက်တာလွတ်သွားလို့ ကွ…..´´
ထိုအခါသူငယ်ချင်းဖြစ်သူက အံ့သြသွားပြီး…..
``ဘာ……မင်းလို ကမ္ဘာ့အမြန်ဆုံးဘူသားဘွဲ့ ရထားတဲ့ကောင်က ခါးပိုက်နှိုက်တယောက်ကိုတောင်
မီအောင်မလိုက်နိုင်ဘူးလား…..´´
``မမီဘူးဟုတ်လား။ထွီ….နေစမ်းပါ ။သူ့ ကိုမီရုံမကကျော်တော်တက်ခဲ့သေးတယ်။သူကသာငါ့နောက်
ကနေလှည့်ပြေးပြီးခြေရာပျောက်သွားတာကွ…ဟင်း´´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…..။
(ဟာဒယနှလုံး - တခဏပြုံး)

No comments:
Post a Comment