(Public Health)
ရေခဲမုန့်များနှင့် အလှပြင်ပစ္စည်းများတွင် အသုံးပြုသည့် Glycerol monolaurate(GML)ပေါင်းအား အသုံးပြုကာအမျိုးသမီးများအား အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်သော
ဂျယ်တစ်မျိုးကို ထုတ်လုပ်ရန်ပြင်ဆင်လျက်ရှိကြောင်း ဗြိတိန် ဆေးသုတေသနပညာရှင်များက
မတ်လ(၆)ရက်နေ့တွင် ပြောကြားခဲ့သည်။
GMLဒြပ်ပေါင်းသည် မိခင်နို့ရည်များတွင် တွေ့ရှိရပြီး အေ့စ်ရောဂါဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ယခုအခါ
မျောက်များတွင် စတင်စမ်းသပ်အသုံးပြုနေပြီ ဖြစ်သည်။ HIV ဗိုင်းရပ်စ်ပိုးသည် တိုက်ခိုက်ရန်ခက်ခဲရခြင်းမှာ
ယင်းပိုးအားတိုက်ခိုက်ရန် ရောက်ရှိလာသည့် ခန္ဓာကိုယ်ခုခံအားစနစ်မှ ဆဲလ်များအား ပြန်လည် ကူးစက်စေခြင်း
ကြောင့် ဖြစ်သည်။ဥပမာအားဖြင့် အမျိုးသမီးတစ်ဦး၏ သားမွေးလမ်းကြောင်းအတွင်း HIV ဗိုင်းရပ်စ်ပိုး စတင်
်ရောက်ရှိလာပါက ယင်းပိုးများအား တိုက်ဖျက်ရန် CD4T ဆဲလ်များရောက်ရှိစေနိုင်သည့် cytokines အချက်
်ပြဓာတုပစ္စည်းများအား ခန္ဓာကိုယ်မှထုတ်လွှတ်ပေးသည်။ ထိုအခါ HIVပိုးသညယင်းတို့ထံရောက်ရှိလာသည့်
ခန္ဓာကိုယ်မှ ဆဲလ်များနှင့် ဓာတုပစ္စည်းအားလုံးအား ရောဂါပိုးကူးစက်ပေးလိုက်ခြင်း ဖြစ်သည်။GML ဒြပ်ပေါင်း
သည် cytokines၏ အချက်ပြစနစ်အား ရပ်တန့်စေပြီး CD4Tဆဲလ်များ ၀င်ရောက်လာခြင်းကိုတားဆီးပေး
ို သောကြောင့် HIV ပျံ့နှံ့မှုအား လျော့ကျစေမည် ဖြစ်သည်။ ယခုဆေးဝါးသစ်သည် ၆၀ ရာခိုင်နှုန်းသာ
အကျိုးသက်ရောက်မှု ရှိပါကလည်း လာမည့်သုံးနှစ်အတွင်း HIVကူးစက်မှု (၂.၅)သန်းအား ကာကွယ်
ပေးနိုင်မည် ဖြစ်သည်။ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ရဦးမည် ဖြစ်သော်လည်းမကြာမီအချိန်အတွင်းဈေးနှုန်း
ချိုသာစွာဖြင့် အမြောက်အများ ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Online Reporter: လပြည့်
+++ကွန်ဒုံးအသုံးပြုမှုနှင့် AIDS ရောဂါပြဿနာအပေါ် ပုပ်ရဟန်းမင်းကြီးဝေဖန်
ပုပ်ရဟန်းမင်းကြီး ဘင်နစ်ဒစ်(၁၆)က အာဖရိကသို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ကွန်ဒုံး အသုံးပြုမှုသည်AIDSရောဂါကို ကာကွယ်ပေးနိုင်သည့်တိကျသော အဖြေတစ်ခုမဟုတ်ကြောင်း
်ပြောကြားလိုက်သည်။ မတ်လ(၁၇)ရက်နေ့က ကင်မရွန်းနိုင်ငံ၊ ယိုရွန်ဒီရှိ Alitaliaလေယာဉ်တွင်
် ရိုမန်ကက်သလစ် ခရစ်ယန်များ၏ အထွတ်အမြတ် ဘာသာရေး ခေါင်းဆောင်ကြီးက ကွန်ဒုံးသုံး
ခြင်းဖြင့် HIVပိုးများ ပြန့်ပွားခြင်းကို ဟန့်တားနိုင်မည်ဆိုခြင်းမှာ လက်ခံနိုငဖွယ် မရှိကြောင်းနှင့်
ထိုအခြေအနေသည် အထိုက်အလောက်မျှသာ အကျိုးသက်ရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း
မှတ်ချက်ပေးခဲ့သည်။ထို့အပြင် အာဖရိကသည် AIDSပြန့်ပွားနှုန်း မြန်ဆန်ခြင်း၏ ခြိမ်းခြောက်မှု
ကို ပြင်းပြင်းထန်ထန် ကြုံနေရရှာကြောင်း ပုပ်ရဟန်းမင်းကြီးကဆိုသည်။ ထိုအနေအထားက
ို ကွန်ဒုံးများ ကျယ်ကျယ်ပြန့်ပြန့် ဝေငှပေးနေရုံဖြင့် မတားဆီးနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက
် ပြောကြားခဲ့သည်။ အဖွဲ့အစည်း အတော်များများက အာဖရိကတွင် AIDSတားဆီးရေး
ရည်ရွယ်ချက်ဖြင့် ကွန်ဒုံးများ ဖြန့်ဖြူးပေးနေသော်လည်း ပုပ်ရဟန်းမင်းကြီးက ထိုလုပ်ရပ်သည်
ထိရောက်သော အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာဟုမယုံကြည်ကြောင်း ပွင့်ပွင့်လင်းလင်း
ပြောကြားခဲ့သည်။ပုပ်ရဟန်းမင်းကြီးသည် ယခုခရီးစဉ်ကို အာဖရိကသို့ ပထမဆုံးခရီးအဖြစ်
ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကင်မရွန်းနှင့် အင်ဂိုလာနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။အာဖရိက
သည် ကမ္ဘာပေါ်တွင် ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာ ပြန့်ပွားမှု အမြန်ဆန်ဆုံး ဒေသတစ်ခုဖြစ်ပြီး
မူလရှိရင်းစွဲ မွတ်ဆလင်ဘာသာနှင့်အတူ အာဖရိက၏ ကိုးကွယ်မှု အများပြားဆုံး ဘာသာတစ်ခု
အဖြစ် ရပ်တည်လျက်ရှိသည်။
Source: BelfastTelegraph
Xxxတနေ့ လျှင်နွားနို့ ၂ခွက်သောက်ခြင်းသည်ဦးနှောက်ဥာဏ်ချို့ ယွင်းမှုကိုကာကွယ်ပေးနိုင်xxx
(လန်ဒန်၊မတ်လ၁၃)
တနေ့လျှင်နွားနို့ ၂ခွက်သောက်ခြင်းသည်သက်ကြီးရွယ်အိုများတွင်(အယ်ဇိုင်းမား-ခေါ်-ဦးနှောက်
မှတ်ဥာဏ်ယိုယွင်းခြင်းနှင့်စိတ်ယိုယွင်းမှုရောဂါ)ကိုကာကွယ်ပေးနိုင်သည်ဟုအင်တာနက်သတင်း
တပုဒ်မှာဖော်ပြသည်။စိတ်ယိုယွင်းမှုကိုဖြစ်စေနိုင်သည့်ဦးနှောက်တွင်အာရုံကြောများ
ကိုဟန့် တားပေးနိုင်သောဗီတာမင်တမျိုးကိုဗြိတိန်နိုင်ငံအောက်စ်ဖိုဒ့်တက္ကသိုလ်မှသုတေသီများ
ကရှာဖွေတင်ပြထားသည်။သက်ကြီးရွယ်အိုများတွင်ဗီတာမင်ဘီ-၁၂အောက်ဆုံးအဆင့်၌ရှိပါက
ဘီ ၁၂ ကို တိုး၍စားသုံးပါက ဘီ ၁၂ ကျဆင်းခြင်းကိုနှေးကွေးသွားနိုင်သည်ဆိုသောအချက်ကိုသုတေ
သီများကထောက်ခံခဲ့ကြသည်။အောက်စ်ဖို့ ဒ်တက္ကသိုလ်မှပါမောက္ခဒေါက်တာဒေးဗစ်စမစ်ကတစ်
နေ့ လျှင်နွားနို့ ၂ခွက်သောက်ခြင်းသည်ဗီတာမင်ဘီ-၁၂ပြည့်မီသောအဆင့်အထိတိုးစေရန်လုံလောက်
သည်ဟုပြောနိုင်သည်။(အင်တာနက်)
Xxxပုံမှန်လမ်းလျှောက်ခြင်းသည်ခြေထောက်သွေးကြောများပိတ်ခြင်းကိုသက်သာစေနိုင်xxx
(လော့စ်အိန်ဂျလိစ်၊မတ်လ-၁၃)
့ပုံမှန်၆မိနစ်လမ်းလျှောက်ခြင်းသည်ပင်ပန်းငြီးငွေ့ ဘွယ်ကောင်းသောပုံသေအလုပ်အတွက်ခံနိုင်ရည်တိုး
တက်စေပြီး။ခြေထောက်သွေးကြောများပိတ်ခြင်းဟုခေါ်သည့်(သွေးလွှတ်ကြောရောဂါ)ကိုသက်သာရာ
ရစေသည်ဟုလေ့လာမှုအသစ်တွင်တွေ့ ရှိကြောင်းအင်တာနက်သတင်းတပုဒ်ကဖော်ပြသည်။အမေရိကန်
ပြည်၊ချီကာဂိုမြို့ ရှိဖိန်းဘတ်ဆေးသိပ္မံကျောင်းမှသုတေသနပညာရှင်များကသွေးလွှတ်ကြောရောဂါသည်
၁၅၆ဦးကိုလေ့လာမှုပြုခဲ့ရာထိုသူအများစုသည်သွေးလွှတ်ကြောများပိတ်သည့်လက္ခဏာရှိသော်လည်းနာ
ကျင်ခြင်းမရှိသည့်အခါထိုသူတို့ သည်ပုံမှန်(၆)မိနစ်လမ်းလျှောက်ခဲ့ကြပြီး(၆၉)ပေအကွာအဝေးကိုတိုးပြီး
လျှောက်နိုင်ကြသည်။ထိုအချိန်တွင်ပုံမှန်လမ်းမလျှောက်နိုင်ကြသည်၆မိနစ်အတွင်း၄၉ပေခန့် လမ်းလျှောက်
ခြင်းလျော့သွားသည်ဟုအမေရိကန်ဆေးပညာအသင်း၏ဇန်န၀ါရီလ၁၄ရက်ထုတ်ဂျာနယ်တွင်ဖော်ပြထား
သည်။လမ်းလျှောက်နေစဉ်အတောအတွင်းသူတို့ ၏ခြေထောက်သွေးကြောများပိတ်ခြင်းရောဂါအတွက်
အားရစရာကောင်းသောကာကွယ်မှုအဆင့်ဖြစ်သည်။(အင်တာနက်)
(ပေဂျင်း ၊မတ်-၁၃)
အမျိုးသမီးတဦးသည်ကိုယ်ဝန်ဆောင်နေစဉ်ကာလတွင်ပြင်းထန်သောခေါင်းတစ်ခြမ်းကိုက်ဝေဒနာ
ကိုခံစားနေရပါကထိုအမျိုးသမီးမှာလေသင်တုန်းဖြတ်ခြင်းနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်ပေါ်
လာမည့်အန္တရာယ်ကြီးမားကြောင်း၊အမေရိကန်နိုင်ငံသားများကိုအခြေပြုပြီးလေ့လာမှုတရပ်တွင်
ဖော်ပြထားသည်။ယင်းလေ့လာတွေ့ ရှိချက်အရယခုသီတင်းပတ်ထုတ်ဝေသောနိုင်ငံတကာအထွေ
ထွေဆေးပညာဂျာနယ်တခုဖြစ်သည့်(BMJ)တွင်ဖော်ပြထားသည်။ခေါင်းတခြမ်းကိုက်ရောဂါကိုပြင်း
ထန်စွာခံစားနေရသောကိုယ်ဝန်ဆောင်အမျိုးသမီးများသည်အခြားအမျိုးသမီးများထက်လေသင်တုန်
ဖြတ်မှု၁၅ဆ၊နှလုံးရောဂါဖြစ်ပွားမှု ၂ဆနှင့်အခြားသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှု၃ဆပိုမိုများ
ပြားနိုင်ကြောင်းဖော်ပြထားသည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုမီးမဖွားမီအချိန်တွင်ကောင်းမွန်
စွာစောင့်ရှောက်ခြင်းသည်မရှိမဖြစ်လိုအပ်ချက်တရပ်ဖြစ်သည်။ပြင်းထန်သောခေါင်းတစ်ခြမ်းကိုက်
ဝေဒနာကိုကာလရှည်ကြာစွာခံစားရပါကအထူးသတိထားသင့်ကြောင်း၊သွေးပေါင်ချိန်တက်ခြင်း၊ဆီး
ချိုရောဂါဖြစ်ခြင်း၊ယခင်သွေးခဲသောရောဂါဖြစ်ဘူးခြင်း၊နှလုံးရောဂါရှိခြင်းနှင့်ယခင်လေဖြတ်ခဲ့ဘူးခြင်း၊
များ….စသည့်အချက်များကိုအထူးသတိထားသင့်ကြောင်းသုတေသနအဖွဲ့ ကပြောဆိုသည်။ထိုအပြင်
ခေါင်းတခြမ်းကိုက်ရောဂါနှင့်ကိုယ်ဝန်ဆောင်သွေးအဆိပ်တက်ရောဂါ၏ရှေ့ ပြေးလက္ခဏာသည်ဆက်
နွယ်မှုရှိကြောင်း၊သွေးဆိပ်တက်ရောဂါမှာကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်လေ့ဖြစ်ထရှိပြီးအသက်အ
န္တရာယ်စိုးရိမ်ရကြောင်းလေ့လာရေးအဖွဲ့ ခေါင်းဆောင်ဒေါက်တာချယ်ရီဘုရှ်နဲလ်နှင့်သူမ၏လုပ်ဖော်ကိုင်
ဖက်များကစီစစ်ခဲ့ကြ၏။ယင်းအဖွဲ့ သည်ပြင်းထန်သောခေါင်းတခြမ်းကိုက်ရောဂါရှိသောကိုယ်ဝန်ဆောင်
အမျိုးသမီး(၃၃၉၅၆)ဦးကိုလေ့လာစီစစ်ရာမှထိုအချက်များကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်။(အင်တာနက်)
+++အမျိုးသမီးများအတွက် AIDS ကူးစက်မှု ကာကွယ်ရေးဂျယ် ထုတ်လုပ်မည်

No comments:
Post a Comment