ကမ္ဘာကျော် ဘရာဇီးလက်ရွေးစင် ဘောလုံးသမားဟောင်း ရိုမာရီယိုသည် လောင်းကစားမှုကြောင့် ဘ၀ပျက်နေ သည်။ ဤသည်ကို မကြည့်ရက်သော တရားဟောဆရာက လောင်းကစားဆိုသည်မှာ မကောင်းသည့်ကိစ္စ ဖြစ်ကြောင်း တရားဟောသည်။ ရိုမာရီယို ကလည်း လက်ခံသည်။
ဤတွင်တရားဟောဆရာက… “လောင်းကစား လုပ်မယ့်ပိုက်ဆံကို ကိုယ့်ဗိုက်ဖြည့်မယ်ဆိုရင်တောင် ကိုယ်အကျိုးရှိတာပေါ့ကွာ” ရိုမာရီယိုက…“ဟုတ်ကဲ့… ကျွန်တော်သဘောပေါက်ပြီ။ နောက်တစ်ခါလောင်းကစား မလုပ်တော့ပါဘူး ဖာသာ” “ဒါဆိုတို့အအေးသွားသောက်ရအောင်” “ဟုတ်ကဲ့… ဒါပေမဲ့အအေးဖိုးကို ဖာသာရှင်းမလား၊ ကျွန်တော်ရှင်းရမလားဆိုတာ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ရအောင်….”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…..။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment