ဒီနေ့ဟာ မှိုင်းရာပြည့် အထိမ်းအမှတ်နေ့တနေ့ဖြစ်ပါတယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေရောက်တိုင်း တော် လှန်ဒီရေလှိုင်းတွေကြားက လှေနာဝါအစင်းစင်းပေါ်မှာ တက်ကျိုးလည်း လက်ထိုးလှော်နေကြရတဲ့ လူငယ်တွေ အတွက် (တော်လှန်ရေးအင်အားစုအားလုံးအတွက်) တခုခုရေးပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတတ်ပါ တယ်။
မှိုင်းရာပြည့်လှုပ်ရှားမှုနဲ့ ပါတ်သက်လို့ စာအုပ်စာမ်းတွေပြန်လှန်ဖတ်နေတုန်းကျနော်တို့ရုံးကိုလူငယ်လေး
တစ်ယောက်ရောက်လာပြီး စကားပြောကြည့်တော့ အဲဒီလူငယ်လေးဟာ 2007 သံဃာ့လှုပ်ရှားမှုကြီးထဲက
ရွှေဝါရောင် ကိုရင်တစ်ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းကို စစ်တပ်ဝင်
စီး ရိုက်နှက်တုန်းက ဦးခေါင်းကို အရိုက်ခံရပြီး မှတ်ဥာဏ်ပျက်စီး စိတ်ဖိစီးဒဏ်ခံနေရရှာပါတယ်။ သူ့ရဲ့ဖြစ်
ရပ်မှန်ကို နားထောင်ရင်း ဒီအကြောင်းကိုလည်းရေးချင်လာပြန်ပါတယ်။တလက်စထဲတွေးမိလိုက်တဲ့ ဆပ်စပ်အတွေးတွေကြောင့် ဒီဆောင်းပါးလေးဖြစ်ပေါ်လာပါတယ်။မှိုင်းရာပြည့်နဲ့ ရှစ်လေးလုံး သို့မဟုတ်
မှိုင်းရာပြည့်နဲ့ ရွှေဝါရောင် ဘာဆိုင်သလဲလို့မေးချင်ရင် ကျန်ာစာကို ဆုံးအောင်ဖတ်ကြည့်ပါလို့တောင်းပန်
ချင်ပါတယ်၊ ဆိုင်သင့်တဲ့နေရာရောက်ရင် ဆိုင်သွားပါလိမ့်မယ်.....
မှိုင်းရာပြည့်ဆိုတာ ငြိမ်းချမ်းရေးဖခင်ကြီးနဲ့ ဇာတိမာန်စာဆိုကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသက်တရာပြည့်
(လူသေသွားပေမဲ့ နာမည်ကထာဝရရှင်သန်နေတဲ့) အထိမ်းအမှတ်အဖြစ် ကျောင်းသားပြည်သူရဟန်းရှင်
လူအားလုံးကမြတ်နိုးနိုးကျင်းပကြတဲ့၊ ဒီမိုကရေစီအင်အားစု အားလုံးက လေးလေးစားစားဦးညွှတ်ကြတဲ့
အခမ်းအနားကြီးတစ်ခုဖြစ်ပါတယ်။ဆရာကြီးဟာ ၁၈၇၆ မတ်လ ၂၃ ရက်မှာ မွေးဖွားမြင်ပြီး ၁၉၆၄ ဇူလိုင်
လမှာကွယ်လွန်ခဲ့ပေမဲ့ ဆရာကြီးရဲ့ပြည်တွင်း ငြိမ်းချမ်းရေးပဲ့တင်သံတွေကြောင့် ဆရာကြီးရဲ့တိုင်းပြည်ချစ် စိတ်နဲ့ စွန့်လွှတ်စွန့်စားမှုတွေကြောင့် ဆရာကြီးသာရှိနေသေးရင် ဒီနေ့ အသက်တရာပြည့်ပြီဆိုပြီး ၁၉၇၆ မှာ ဦးညွှတ်ဂုဏ်ပြုကြတာပါ ဆရာကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်
လွတ်မြောက်ရေး စတဲ့အခန်းကဏ္ဌကြီးမြတ်မှုတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆောင်လှုပ်ရှားခဲ့မှုတွေအတွက် လေးလေးနက်နက် အထိမ်းအမှတ်ပြုရင်း စစ်အာဏာရှင်စံ
နစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဖော်ထုတ်ကျင်းပခဲ့ကြပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ရေချိန်မြှင့်ခြင်း(သို့မဟုတ်) တော်လှန်တောမီးကူစက်ခြင်းပဲဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် ဇွန်(၆) ရက်နေ့မှာ
အလုပ်သမားသပိတ် (ဆန်တိုက်ပွဲ) ဖြစ်တယ် အလုပ်သမားထုက ဆန်တောင်းတာကို စစ်တပ်က ကျည်ဆံ
ပေးခဲ့တယ်။နောက်(၆)လ အကြာ ဒီဇင်ဘာ(၅) ရက်နေ့မှာ ဦးသန့်အရေးအခင်း နောက်ထပ်(၆)လပြည့်တော့ ၇၅ ခုနှစ် ဇွန် (၆) မှာ အလုပ်သမားသပိတ်တနှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားသပိတ် ထပ်ဖြစ်တယ် ဆက်ပြီးတော့ ဖိနှိပ်မှုရက်စက်မှုတွေအမျိုးမျိုးကို တွန်းလှန်ပြီး ၁၉၇၆ မှာ မှိုင်းရာပြည့်လှုပ်ရှားရှားမှုကြီးဖြစ်ပေါ်လာပါတော့တယ်။ ပါဝင်လှုပ်ရှားသူတွေထဲက ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို စစ်အစိုးရက ကြိုးစင်တင်ပြီးသေဒဏ်ပေးခဲ့ပါတယ်.။စစ်အုပ်စု ဘယ်လောက်ပဲ ဖိနှိပ်ရက်စက် ရမ်းကား
ပစေ ကျန်ာတို့ပြည်သူတွေကတော့ တော်လှန်မီးတောက်တွေကို လက်ဆင့်ကမ်းထွန်းညှိလို့ ဖိရင်ကြွ ထိရင်
ချခဲ့ကြပါတယ်...သတ္တိ စိတ်ဓါတ် ညီညွတ်မှု အစုံအညီနဲ့ ခွပ်ဒေါင်းသွေးတို့နီခဲ့ကြပါတယ်။ဒါဟာတော်လှန်
ရေးရဲ့ သဘာဝဓမ္မ၊ လူထုတိုက်ပွဲရဲ့ အဆင်းအင်္ဂါ...
နိဒါန်းစကားထဲမှာ ကျန်ာပြောခဲ့တဲ့ ကလေးတယောက်အကြောင်း ဆက် ပြောပါရစေ ဒီကလေးဟာ အခုလက်ရှိအချိန်မှာ အသက် ၁၆ နှစ်ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးသံဃာ့ လှုပ်ရှားမှုကြီးတုန်းက သူ့အသက် ၁၅ နှစ်တောင်မပြည့်သေးဘူးတဲ့ ကိုရင်လေးတပါးဖြစ်ပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းမှာ ပထမပြန်စာမေးပွဲဖြေခါနီး ရွှေဝါရောင်တော်လှန်ရေး အရှိန်ရလာတဲ့အချိန် စစ်တပ်ရဲ့ မိုက်ရိုင်းယုတ်မာခြင်းကို ဘ၀တလျှောက် ရင်းပြီးခံရလိုက်ပါတယ် သူ့ခေါင်းကအနာရွတ်ကို ကျ နော်တို့ သေသေချာချာကြည့်ပြီး သူ့ကို့မေးမြန်းတော့မှ သူဟာမှတ်ညဏ်ပျက်စီးနေရှာပြီး သေရာပါမဲ့ အား နည်းချက်ကိုခံစားနေရသူဖြစ်ပါတယ်။ သူပြောပြတဲ့ ပဲခူးကဆရာတော်ကြီးတပါးအကြောင်း ပြောပြချင်ပါ တယ်။ နေ့ရက်ကိုတော့ သူ့မှတ်ညဏ်ကဖော်မပေးနိုင်တော့လို့ အဖြစ်အပျက်လောက်ပဲပြောနိုင်ပါတော့တယ် ရွှေမော်ဓေါဘုရားအနောက်မုခ်အနီးက ကျောင်းဖြစ်ပြီး အဲဒီနေ့ညပိုင်းစစ်တပ်ဝိုင်းက ၀ိုင်းလိမ့်မယ်လို့ သတင်း ရတာကြောင့် ဆရာတော်ကြီးဟာ စာသင်သားသံဃာတွေကိုအားလုံးကို ရှောင်ခိုင်းလိုက်ပါတယ် သူတစ်ပါး တည်းကျောင်းကို စောင့်ရှောက်ကျန်ရစ်တာကို စစ်တပ်က အညိုးကြီးစွာနဲ့ အသေရိုက်သတ်သွားပြီး အ လောင်းတောင်ကောက်မသွားပဲ သွေးအိုင်ထဲပစ်ထားခဲ့ပါတယ်။ ဘုရားကြီးရဲ့မလှမ်းမကမ်းမှာပဲရှိတဲ့ ဒီကလေး ရဲ့ကျောင်းကိုလည်းနောက်နေ့မှာ ၀ိုင်းလိုက်တဲ့အတွက် နေ့ခင်းပိုင်းချီတက်စဉ်က အရိုက်ခံခဲ့ရတဲ့ ခေါင်းက ဒဏ်ရာကို သင်္ကန်းစနဲ့ ပိတ်အုပ်စီးရင်းထွက်ပြေး ခဲ့ရပါတယ်။ သူ့စကားတွေကို နားထောင်နေရင်း ကျနော့် မွေးရပ်မြေဇာတိဖြစ်တဲ့ တောင်ဥက္ကလာမြို့နယ်က ငွေကြာယံ ကျောင်းတိုက်ကြီး အစီးနင်းခံရတာကို သတိ ရနေမိတယ်...ကျောင်းတိုက်သံတခါးကြီးကို စစ်ကားနဲ့ဝင်တိုက်ပြီး သံဃာတော်အားလုံးကို ရိုက်နှတ်ဖမ်းဆီး ခဲ့ခြင်း၊သွေးကွက်တွေပေါ်က စစ်ဖိနှပ်ရာများ...အရှင်ဂမ္ဘီရ နဲ့ ခေါင်းဆောင်သံဃာတွေကိုဖမ်းဆီး ...ရိုက်နှက် ခေါင်းဆောင်တွေရဲ့ မိဘဆွေမျိုးတွေကိုပါ ထောင်ချ....။
ရွှေဝါရောင်တော်လှန်ရေးမီးစဟာ မင်းကိုနိုင်တို့ ကုန်ဈေးနုန်းဆန္ဒပြပွဲ မီးညွှန့်ကနေ ကူးစက်နိုင်ခဲ့ပေမဲ့ ရွှေ ၀ါရောင်မီးတောက်ကိုတော့ နောက်ထပ်မကူးစက်နိုင်ခဲ့လို့....စစ်အစိုးရ ဗာလနံတသိုက်က နာဂစ်ကိုပါ အသာနှံလိုက်ပါတယ်...ကျန်ာတို့ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အခက်အလက်အမြစ်တွေ ဆက်လက်ပြန့် ပွားရှင်သန်နိုင်သေးတယ်ဆိုပေမဲ့ အားပျော့ပျော့နဲ့ ပေါ်ခဲ့တာတွေလောက်ပဲရှိခဲ့လို့ ဒါမှမဟုတ် တပ်ဦးတွေ ကျွံခဲ့လို့ ပြီးတော့ လက်တွေ့မပါတဲ့ သဘောတရားသမားတွေ(နိုင်ငံရေးအမြုံသမားတွေ) သာစိုးမိုးခဲ့ကြလို့... ဒီပဲယင်း လုပ်ကြံမှုကြီးအတွက် ဂလဲ့စားမချေနိုင်သေး ရွှေဝါရောင်အကြွေးလည်း မဆပ်နိုင်သေး ပြီးတော့ ရှစ်လေးလုံးတာဝန်တွေကိုလည်းမကျေပွန်သေး....ပြီးတော့ ပြည်သူတွေပါးပေါ်က မျက်ရည်ကိုသုတ်ဖို့ လက်တွေ ဘာဖြစ်လို့တုန်နေကြသေးတာလဲ...
နောင်တော်ပြည်သူ့အာဇာနည်တွေ ရေးခဲ့တဲ့ မော်ကွန်းအထပ်ထပ်ကို ကျနော်တို့ သတ္တိနည်းမှု ညံ့ဖျင်းမှု တွေနဲ့ တန်ဖိုးဖြတ်ကြတော့မှာလားလို့ မေးရင်း မှိုင်းရာပြည့်မှ ရှစ်လေးလုံးသို့ မွေးဖွားပေးလိုက်တဲ့ စစ်အာ ဏာရှင်စံနစ်အမြစ်ဖြတ်ချေမှုန်းရေးစိတ်ဓါတ်တွေကို လှုပ်နိုးထကြွလိုက်ကြစို့....
၂၀၀၉ ရဲ့ ပွဲသိမ်းစစ်မောင်းသံတွေနဲ့ လူထုအောင်လံလွှင့်တင်စို့...
ဇော်မြင့် (မလေးရှား)

No comments:
Post a Comment