ထိုင်းမြန်မာနယ်စပ်တနေရာရှိနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPP-B ၌ယမန်နေညပိုင်းက(၁၃၃)နှစ်မြောက်သခင်ကိုယ်တော်မှိုင်းမွေးနေ့နှင့်AAPP-B ဖွဲ့စည်းတည်ထောင်ခြင်း (၉)နှစ်မြောက်အခမ်းအနား ကိုကျင်းပခဲ့ သည်။
မြန်မာ့နိုင်ငံရေး သုခမိန်တဦးနှင့် မြန်မာစာပေ၊ ယဉ်ကျေးမှု ခေါင်းဆောင်တဦးဖြစ်ခဲ့သော ဆရာကြီးဒေါက်တာ သခင် ကိုယ်တော်မှိုင်းရေးဖွဲ့ သီကုံးခဲ့သမျှများစွာထဲမှအချို့ သောကဗျာ၊လကာင်္များကိုကဗျာချစ်သူ၊ စာချစ်သူများက အချိန်အခါ မဟုတ်ရွာ သွန်းသော မိုးထဲလေထဲတွင် ရွတ်ဆိုဂုဏ်ပြုကြပုံ။အမှတ်တရစကားပြောကြား ကြပုံများကိုမှတ်တမ်းဓာတ်ပုံ များအဖြစ်တင်ပြထားပါသည်။ “သူမနာ- ကိုယ်မနာ တွေဆုံဆွေးနွေးရေး(ငြိမ်းချမ်းရေး)ကိုဆရာမသေခင်မြင်သွားချင်ပါတယ်” ဟူသော ဆန္ဒ မပြည့်ဝမီ ကွယ်လွန်သွားရှာသည့် ဆရာကြီးမှိုင်း စကားကိုပြန်လည်ကြားယောင်လျက်…….။
သတင်းမှတ်တမ်း……..မြန်မာပြည်သား(JACBA)

No comments:
Post a Comment