ယမန်နေ့က ကျရောက်သောကမ္ဘာ့အဆုတ်ရောဂါ တိုက်ဖျက်ရေးနေ့အမှတ်တရ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ပုဂံလုံးကွမ်တုံတန်းလျား(ခေါ်) ဆာရာမစ်ကုမ္ပဏီလီမီတက်နံဘေးရှိ မြန်မာအလုပ် သမားတန်းလျားတွင် ယနေ့ကျင်းပကြသည်။
အခမ်းအနားတွင် အဆုတ်နာရောဂါကို ရွှေ့ပြောင်းအလုပ်မားများမည်မျှသိရှိသည်ကို ဗဟုသုတဥာဏ်စမ်း ပဟေဠိ၊ ကျပန်းစကားပြေပြိုင်ပွဲအပါအ၀င် ပျော်ရွှင်စွာ လှုပ်ရှားဆောင်ရွက်သွားကြသည်ကို တွေ့ရသည်။ ဝေါဗွီရှင်းနှင့် မဲဆောက်ဆေးရုံကြီးတို့မှ တာဝန်ရှိသူများကလည်း ရွှေ့ပြောင်းအလုပ်သမား ၆၀-ဦးခန့်နှင့်အတူ ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးသွားကြသည်။ ကမ္ဘာ့အဆုတ်ရောဂါ တိုက်ဖျက်ရေးနေ့ကို မတ်လ ၂၃ရက်နေ့မှစ၍ ယနေ့အထိ ထိုင်း-မြန်မာနယ်စပ် တွင် World Vision ကျန်းမာရေးစုရပ် ၁၅-ခု၌ နေရာခွဲပြီး ကျင်းပကြကြောင်း သတင်းရရှိသည်။ ဤဓါတ်ပုံများသည် ယနေ့အခမ်းအနားဓါတ်ပုံများသာမက ရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သေးငယ်များ၏ ကစားနေကြပုံ၊ အလုပ်သမားတန်းလျားဓါတ်ပုံများကိုပါ အမှတ်တရ ဖော်ပြလိုက်ပါသည်။
သတင်းမှတ်တမ်း…… မြန်မာပြည်သား (JACBA)

No comments:
Post a Comment