Xxx ပန်းသီးတစ်လုံးနေ့စဉ်စားလျှင် ရင်သားကင်ဆာကင်းဝေးစေမည်….
တစ်နေ့ပန်းသီးတစ်လုံး ပုံမှန်စားသုံးသော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွား ကြောင်း သိရှိရသည်။ သုတေသန ရလဒ်များအရ ပန်းသီးများများစားလေ၊ ရင်သားကင်ဆာ ဖြစ်ပွားစေသည့် adenocarcinoma အကြိတ်များ ပေါ်ပေါက်လာနိုင်မှု လျော့နည်းလေလေဖြစ်ကြောင်း ဆရာဝန်များက ဆို သည်။ အဆိုပါ အကြိတ်အမျိုးအစားကြောင့် ဖြစ်ပွားလာသော ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အသေ အပျောက်အများဆုံး ရင်သားကင်ဆာ အပြင်းစားကို ဖြစ်ပေါ်စေသည်။
အမေရိကန်ပြည်ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခရီဟိုင်လျူက ကြွက်များနှင့် စမ်းသပ်မှုအရ ထိုအကြိတ်များသည် ပန်းသီးများများ စားပေးသည့် ကြွက်များတွင် လျင်မြန်စွာ သေးငယ်ကျုံလှီပြီး လုံးဝပျောက်ကွယ်သွားကြောင်း သိရှိရသည်။ အလားတူ အကျိုးသက်ရောက်မှုမှာ လူသားများတွင် (၅၇)ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်းလည်း ပါမောက္ခလျူကဆိုသည်။ ၎င်းတို့သည် ရင်သားကင်ဆာ ရောဂါသည်များစွာကို ပုံမှန်ပန်းသီးတစ်လုံးစီ နေ့စဉ်ကျွေးခဲ့ရာ နေ့စဉ်ပန်းသီးတစ်လုံး စားရမည့် ကိစ္စအား ငြင်းဆန်ခဲ့သည့် လူနာအမျိုးသမီးများသည် နေ့စဉ် ပန်းသီးစားသည့် အမျိုးသမီးများထက် ကင်ဆာကြိတ်များ ဖြစ်ပေါ်လာမှု (၈၁)ရာခိုင်နှုန်း ပိုမိုလျင်မြန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများကြောင်း နောက်ထပ်သက်သေများစွာ ရှိနေသေးသည်ဟုလည်း သုတေသီများက ထောက်ခံကြသေးသည်။ လေ့လာမှု ရလဒ်များအားလုံးတွင် သိရှိလာရသည်မှာ အရည်ရွှမ်းသည့် သီးနှံများ အားလုံးလိုလိုသည် ကင်ဆာကြိတ်များ ဖြစ်ပွားလာမှုကို တုန့်နှေးသွားစေသည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် ပန်းသီးမှာ အသိသာဆုံး သဘာဝဆေးဝါးဖြစ်ကြောင်း ပါမောက္ခလျူက ရှင်းပြခဲ့သည်။ ရင်သားကင်ဆာ ရောဂါသည် အမျိုးသမီးများတွင်သာမက အမျိုးသားအချို့တွင်လည်း ဖြစ်ပွားတတ်ပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေ (၁)သန်းခန့်သည် အဆိုပါရောဂါ ရရှိလာနေမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ (အင်တာနက်)
Xxxရေနွေးကြမ်းနေ့ စဉ် ပုံမုန်သောက်သုံးလျှင်လေဖြတ်ခြင်းမှကာကွယ်နိုင်ဟုဆို……xxx
တနေ့ လျှင်ရေနွေးကြမ်း ၃ ခွက်ထက်မနည်းသောက်သုံးသွား ပါကလေဖြတ်ခြင်းဖြစ်ပွားမှု လျော့ကျသွားစေနိုင်ကြောင်းအင်္ဂလန်သုတေသနအဖွဲ့ ကထုတ်ဖော်ပြောကြားလိုက်သည်။
တနေ့ လျှင်ရေနွေးကြမ်း ၃ ခွက်ပုံမုန်သောက်သုံးသူများသည်လေဖြတ်မှု ၂၁ % လျော့ကျ
သွားစေကြောင်းလက်တွေ့ သုတေသနပြုသူများအရသိရသည်။ ရေနွေးကြမ်းသည်ခန္စာကိုယ်နှင့် သွေးများအတွင်းမှအဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ပြီးခန္စာကိုယ်အတွင်းမှမလိုလား
အပ်သောအညစ်အကြေးများကိုချွေးများအဖြစ်ပြောင်းလဲသန့် စင်ပေးနိုင်ကြောင်းသိရသည်။
(အင်တာနက်)
xxxနှစ်ခြိုက်စွာအိပ်မပျော်တတ်သူများ စိတ်ရောဂါရနိုင်ခြေရှိxxx
နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သည့် အခြေအနေသည် လူတစ်ဦးအား ရူးသွားစေလောက်သော
စိတ်ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ကြောင်း ဆရာဝန်များက သတိပေး ပြောကြားလိုက်သည်။
အထူးသဖြင့် လူလတ်ပိုင်းနှင့် လူကြီးပိုင်းများတွင် အိပ်ရေးမ၀သော အခြေအနေများသည် စိတ်
ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေပြီး စိတ်ကို ကစဥ့်ကလျား ဖြစ်လာနိုင်စေကြောင်း သိရှိရသည်။ အမေရိ
ကန်ရှိ ဆရာဝန်များသည် အိပ်ရေးမ၀မှု များပြားလာပါက စိတ်ကျန်းမာရေးကို ကြီးမားစွာထိခိုက်
စေနိုင်ကြောင်း ယုံကြည်လျက်ရှိနေသည်။ ဟားဗက်မှ ဒေါက်တာရောဘတ် စတစ်ဂိုးလ်က အိပ်
ရေးမ၀ဘဲ မျက်စိကြောင်နေတတ်သည့် အလေ့အကျင့်ကြောင့် ရူးသွားသည့် လူနာတစ်ဦးကိုတွေ့
ဖူးကြောင်း ပြောကြားခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူများသည် လူမှုဆက်ဆံရေး နယ်ပယ်
များတွင်လည်း လွဲချော်မှုများ ဖြစ်ပေါ်စေတတ်သည်ဟု ဒေါက်တာရောဘတ်က ရှင်းပြခဲ့သည်။ ယခု
ကဲ့သို့ ဒေါက်တာရောဘတ်နှင့် အဖွဲ့တို့က တွေ့ရှိလာမှုသည် အိပ်စက်နေစဉ် အနှောင့်အယှက်ပေးမှု
ခံရပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည်ဟူသော အယူအဆဟောင်းကို ပြန်လည်အ
သက်ဝင်လာစေသည်။ ကမ္ဘာအရပ်ရပ်မှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အိပ်ရေးမ၀မှုနှင့် စိတ်
ကျန်းမာရေး ဆက်စပ်နေမှုကို ယခင်ကတည်းက အသိအမှတ် ပြုထားပြီးဖြစ်ကာ အိပ်ရေးပျက်ခြင်း
သည် ဦးနှောက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း လက်ခံထားကြသည်။ ကယ်လီဖိုးနီးယား တက္က
သိုလ်မှ ဒေါက်တာမတ်ဝေါ်ကာက အိပ်ရေးပျက်ခံကာ သုတေသန လုပ်ငန်းအတွက် ကူညီခဲ့ကြသည့်
စေတနာရှင်များကို စမ်းသပ်စစ်ဆေးကြည့်ခဲ့ရာ စမ်းသပ်ခံသူအားလုံး၏ (၆၀)ရာခိုင်နှုန်းကျော်သည်
စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် အခြေအနေများ ပေါ်ပေါက်နေသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း
ပြောကြားခဲ့သည်။ ထို့အပြင် အလိုလိုနေရင်း စိတ်တိုနေခြင်းနှင့် မှတ်ဥာဏ်အားနည်းလာခြင်းစသည့်
အခြေအနေများကိုလည်း အိပ်ရေးပျက်သည့် လူအများစုတွင် တွေ့ရှိရတတ်ကြောင်း ပညာရှင်များက
ပြောကြားသွားသည်။(အင်တာနက်သတင်း)
(Public Health)

No comments:
Post a Comment