ဒို့ မြန်မာတွေ အလုပ်လုပ်နေတာ
၎သန်းလောက်ရှိလာပြီတဲ့...။
xxxထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့
ညစ်ပတ်တဲ့အလုပ် ၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို
ဒို့ ရွှေမြန်မာတွေ က ရွှေ့ ပြောင်းအလုပ်သမားတွေအဖြစ်နဲ့
လုပ်ပေးနေကြတယ်...............လုပ်ကျွေးနေကြတယ်................။
*** ထိုင်းနိုင်ငံရဲ့ 
ဒေသကြီး ၇၆ခုမှာ
ဒေသအလိုက်လုပ်အားခ စံနှုန်းအတိုင်းမရပဲနဲ့ 
ခိုင်းသမျှ အလုပ်တွေကို
ပိုလုပ်ကြရတယ်......ပိုလုပ်ပြရတယ်.......။
+++အဲသည်လိုထိုင်းနိုင်ငံကိုအလုပ်အကျွေးပြုနေပါလျက်နဲ့ 
လေးဖြူနဲ့ IC ဂီတပွဲ လာကြည့်သူတွေကိုလည်းဖမ်း
ဘန်ကောက်မြို့ ကုန်တိုက်မှာ ၀န်ထမ်းလုပ်နေသူတွေကိုလည်းဖမ်း
ရွှေ့ ပြောင်းစာသင်ကျောင်းကကလေးတွေကိုလည်းဖမ်း
မဲဆောက်အမှိုက်ပုံက အမှိုက်ကောက်နေသူကိုလည်းဖမ်း
ထိုင်းအလုပ်ရှင်ရဲ့ ဆိုင်မှာဈေးကူရောင်းသူတွေကိုလည်းဖမ်း
အမှုရင်ဆိုင်ဖို့ အလုပ်သမားတရားရုံးဆီသွားနေသူကိုလည်းဖမ်း
ရဲစခန်းကိုအမှုတိုင်ဖို့ သွားကြသူကိုလည်းဖမ်း ဆိုတော့
ကျနော်တို့ ကဆန္ဒပြုချင်တယ်လေ
အဲဒါဘာလဲဆိုတော့
ထိုင်းတနိုင်ငံလုံးက
ရှိရှိသမျှ မြန်မာပြည်သားတွေကို
ထိုင်း ထောင်တွေထဲ၊အချုပ်တွေထဲ
အမြန်ဆုံးဖမ်းထည့်ပေးပါလို့ ....................။
အပိုင်း(၂)ဆက်လက်ဖော်ပြပါမည်။
သောင်းရင်းနဂါး -ခံစားတင်ပြသည်။
+++ထိုင်းနိုင်ငံတနံတလျားမှာ

1 comment:
ကြိုက်တယ်။ ဖမ်းတာတွေများများလုပ်ပြလေ ထိုင်းတွေချမ်းသာလေပဲ။
Post a Comment