ယခုအချိန်သည် နွေရာသီဖြစ်သဖြင့် ရာသီဥတု ပူပြင်းပြီး ချွေးထွက်လွန်နိုင်ပါသည်၊ ခန္ဓာကိုယ် အတွင်း ရှိ ရေနှင့် ဓါတ်ဆားများဆုံးရှုံးမှုများသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်းများဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရေများများ သောက်ခြင်း၊ ဓါတ်ဆားရေ သောက်ခြင်းများ ပြုလုပ်ကြရပါမည်။
ထို့အပြင် နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ခေါင်းလျှော်ခြင်း၊ ရေခဲရေဖြင့် မျက်နှာသစ်ခြင်းတို့ကို မပြုလုပ်မိစေရန် ဆင်ခြင် သတိပြု ကြရပါမည်။ အထူးသတိပေးလိုသည်မှာ မိမိတို့ ကိုယ်ကို ယမကာလုလင်၊ ယမကာဦးဥင်္ီး၊ ယမကာဘဘ များအဖြစ် မော်ကွန်းခြစ်ကာ တင်စားရစ်ကြသော သောက်သောက်လဲ သမားများအနေဖြင့် အပေါ်ကပူ- ၀မ်းတွင်းပူနှင့် ဒေါ်သင်းမေ(သေမင်း)ရှိရာ မာလကီးယားပြည်တွင်မာလာကာသီးမစားမိကြစေရန် ယခုအချိန်အခါတွင် အထူးဆင် ခြင်ကြစေလိုပါသည်။
ဘေးမသန်းပဲ- အေးချမ်းကြပါစေ…..
(မြန်မာပြည်သား)
(Public Health)

No comments:
Post a Comment