ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 9, 2009

9Mar,09......မြန်မာအလုပ်သမား၂၅၀၀ခန့် တရားနာကြသောအရှင်ဣဿရိယ၏တရားပွဲ...

>

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ၊၀ပ်မဏိမိုင်ထိုင်းဘုန်းတော်ကြီးကျောင်းတွင်အရှင်ဣဿရိယ(ဘာသန္တရဆေ
ကဓမ္မာစရိယ၊MA-Ind0 Arayan၊ဗုဒ္ဓတက္ကသိုလ်)သည်``ဗုဒ္စဘုရားပေးတဲ့ပေတံတစ်ချောင်း´´အမည်ရှိအထူးတရား
ပွဲကိုယနေ့ ကျင်းပခဲ့ရာမြန်မာအလုပ်သမား၂၅၀၀ခန့် လာရောက်တရားနာကြသည်ကိုတွေ့ ရသည်။အရှင်ဣဿရိယ

သည်(ဗုဒ္စဘုရားပေးတဲ့ပေတံတစ်ချောင်း)တရားကိုဟောကြားတော်မူရာတွင်ကံ၊ဥာဏ်၊၀ီရိယအကြောင်း၊ဒက္ခိဏသာခါ
ဘုရားခါးကုန်းနေသည့်အကြောင်း၊အရှင်ဥပဂုတ္တတကယ်ရှိ-မရှိစသည်တို့ ကိုဥပမာ၊ဥပမေယျခိုင်လုံစွာဖြင့်ရယ်ရွှင်ကြည်
နှုးဘွယ်ဟောကြားတော်မူခဲ့ပါသည်။ထို့ အပြင်ဓမ္မမိတ်ဆွေအချို့ မေးမြန်းလျှောက်ထားသောမေးခွန်းများကိုလည်းထိထိ
မိမိပြန်လည်ဖြေကြားတော်မူပါသည်။ယနေ့ သည်စက်ရုံ၊အလုပ်ရုံနှင့်လုပ်ငန်းခွင်များဖွင်လှစ်ခြင်းကြောင့်ယမန်နေ့ (အ
ရှင်ဆန္ဒာဓိက)တရားပွဲကဲ့သို့ တနင်္ဂနွေနေ့ နှင့်မတိုက်ဆိုင်သဖြင့်တရားနာပရိသတ်ကြိတ်ကြိတ်မတိုးကြသော်လည်းလျောင်း
တော်မူရုပ်ပွားတော်ကြီး၏ပရ၀ဏ်အပြည့်ဖြစ်သွားသည်ကိုတွေ့ မြင်ရပါသည်။
အရှင်ဣဿရိယဟောကြားတော်မူချက်များမှ....
xxxကံသာရှိ၊ဥာဏ်မရှိကမွဲ၊ပန်းတိုင်နှင့်လွဲ၊
xxxကံမရှိ၊ဥာဏ်နှင့်ယှဉ်တွဲ၊၀ီရိယရဲက၊ပန်းတိုင်ရောက်မြဲ...
xxxငါ့အားငါကိုး၊ငါ့အကျိုးအပြင်၊အများအကျိုးလည်းကောင်းစေသည်။(မိမိကိုယ်ကိုတန်ဖိုးထားပါ)
xxxဒီမိုကရေစီမရှိကအရာအားလုံးသည်အမှောင်အတိသာတည်း။
xxxဒီမိုကရေစီအလင်းရောင်သည်ဗုဒ္ဓခေတ်(ဝေသာလီခေတ်)ကပင်ထွန်းတောက်ခဲ့သောအလင်းရောင်..

သတင်းမှတ်တမ်း..............မြန်မာပြည်သား(JACBA)

0 comments: