ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ ၊မယ်တော်ဆေးခန်းတွင်န၀မအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို
အသက်၆၀ကျော်ဘိုးဘွား(၂၅၀)ခန့် ဖြင့်ယနေ့ကျင်းပခဲ့ကြသည်ကိုတွေ့ ရသည်။အခမ်းအနားကိုဆရာမဒေါက်
တာစင်သီတာမောင်နှင့်မယ်တော်ဆေးခန်းမိသားစုဝင်များ၊မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့်လူ
ထုအခြေပြုအဖွဲအစည်းများကစုပေါင်းကျင်းပလာခဲ့ကြသည်မှာယခုအခါ(၉)ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ဤ
ဓာတ်ပုံများတွင်မယ်တော်ကျေးရွာမှထိုင်းလူမျိုးဘိုးဘွားအချို့ ၊ဒေသခံမြူနှီစီပါယ်လူကြီး၊ကျေးရွာလူကြီးများကပါ
နားလည်မှုရှိရှိဖြင့်အသိအမှတ်ပြုတက်ရောက်လာပုံ၊ဒေါက်တာစင်သီတာမောင်၊ဦးစွမ်းမြိုင်၊ဆရာမန်းရွှေနှင်း၊
ဆရာမဒေါ်စန္ဒာဝင်းတို့ အပြင်ဘိုးဘွားအချို့ မှဆုပေးစကားချီးမြှင့်ခြင်း၊နံ့ သာရည်ပက်ဖျန်းခြင်း၊ကန်တော့ပစ္စည်း
များပေးအပ်ကန်တော့ကြခြင်း၊ဘိုးဘွားများကိုကြိုဆိုလာကြခြင်းစသည့်ဖြင့်ဓာတ်ပုံမှတ်တမ်းများကိုဝေေ၀ဆာ
ဆာဖော်ပြထားပါသည်။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment