ခြင်ထောင်ပတ်ပြီးလမ်းလျှောက်ပစ်လိုက်တယ်
ကမ္ဘာ့ အမြန်ဆုံးလမ်းလျှောက်သူအဖြစ်ပေါ့.....။
xxxစိတ်ပေါက်ပေါက်နဲ့ 
တွေ့ ရာကိုကောက်ပေါက်ပစ်လိုက်တယ်
လက်ထဲကကုန်နေတဲ့ဆေးလိပ်တိုကိုပေါ့....။
+++စိတ်ပေါက်ပေါက်နဲ့ 
လာနောက်နေတဲ့ကဗျာဆရာကိုဆွဲခေါ်ထိုးပစ်လိုက်တယ်
ဒီတစ်ပတ်ကြိုက်တဲ့ထိပ်စည်း၊အလယ်ထိုင်၊နောက်ပိတ်နဲ့ ပေါ့...။
***စိတ်ပေါက်ပေါက်နဲ့ 
ဆိုင်ထဲရှိတာ အကုန်သောက်မယ်လို့ ဟစ်ကြွေးလိုက်တယ်
ဒီအခါမှာဆိုင်ရှင်ကလာပေးလို့ ကြည့်လိုက်တော့
ဆိုင်ရှင်ရဲ့ မြေးလေးသောက်နေကျချို ဗူးလေးတစ်လုံးပေါ့....။
xxxစိတ်ပေါက်ပေါက်နဲ့ 
မျက်စေ့ရှေ့ တွေ့ သမျှကိုဟိန်းဟောက်ပစ်လိုက်တယ်
ခွေးနဲ့ကြောင်တွေပဲတွေ့ နေရတာကိုး....။
+++ဒီမယ်ဟေ့
တွေ့ ရသမျှအဆင်မပြေတဲ့လောကကြီးရေ့ 
ဒီနေ့ လည်းဝမ်စွေ့ 
မနက်ဖြန်လည်းဝမ်စွေ့ 
သဘက်ခါလည်းဝမ်စွေ့ 
ရွှေ့ ပြောင်းအလုပ်သမားဘ၀မှာလည်းဝမ်စွေ့ 
အားလုံးကိုလည်းကျနော်က၀မ်စွေ့ 
(စိတ်ပေါက်ပေါက်နဲ့ )
ပေါက်ပေါက်ဆုပ်တွေကိုလည်းဝမ်စွေ့ ....။.....။
ခံစားတင်ပြသူ......လူဇော်(ဘန်ကောက်)

No comments:
Post a Comment