တထပ်တည်းမကျဘူး....
ဆူးခင်းလမ်းကိုလျှောက်ကြည့်တယ်
ဆူးစူးတာပဲ အဖတ်တင်တယ်....။
စိန်စီလမ်းကိုဖြတ်ကြည့်တယ်
ရုရှားစိန်တွေနဲ့ စိန်အတုမျိုးစုံကိုတွေ့ ရတယ်...။
ဘာမှမလုပ်ပဲအိပ်နေကြည့်တယ်
အားပါးပါး....ကိုက်လိုက်တဲ့ခြင်
နားလိုက်တဲ့ယင်တွေဗျ
ကြမ်းပိုးကထိုးသေးနဲ့ ဗျ...။
စက်ရုံတန်းလျားမှာပုခက်ဆင်ပြီးမှိန်းနေမိတယ်
ပုခက်ပေါ်ကိုအိမ်မြှောင်ကပြုတ်ကျ
ငိုက်မြည်းနေတဲ့ကျနော့်မျက်လုံးကဒါကိုမြင်လိုက်ရ
``အောင်မယ်လေးဗျ´´လို့ ထပြီးအအော်မှာ
ကျနော်ရှိတ်နေတဲ့ စက်ရုံအလှပဂေးလေးက
ကရော်ကရော်အချက်ပေးသွားလေရဲ့ 
အဲဒါပေါ့ဗျ....ဆန္ဒနဲ့ ဘဝ
တထပ်တည်းမကျပါဘူး ဆိုနေမှ.....။
ခံစားတင်ပြသူ....ဗေဒါ(ဘန်ကောက်)
***ဆန္ဒနဲ့ ဘဝ
တထပ်တည်းမကျဘူး....
ဆူးခင်းလမ်းကိုလျှောက်ကြည့်တယ်
ဆူးစူးတာပဲ အဖတ်တင်တယ်....။
စိန်စီလမ်းကိုဖြတ်ကြည့်တယ်
ရုရှားစိန်တွေနဲ့ စိန်အတုမျိုးစုံကိုတွေ့ ရတယ်...။
ဘာမှမလုပ်ပဲအိပ်နေကြည့်တယ်
အားပါးပါး....ကိုက်လိုက်တဲ့ခြင်
နားလိုက်တဲ့ယင်တွေဗျ
ကြမ်းပိုးကထိုးသေးနဲ့ ဗျ...။
စက်ရုံတန်းလျားမှာပုခက်ဆင်ပြီးမှိန်းနေမိတယ်
ပုခက်ပေါ်ကိုအိမ်မြှောင်ကပြုတ်ကျ
ငိုက်မြည်းနေတဲ့ကျနော့်မျက်လုံးကဒါကိုမြင်လိုက်ရ
``အောင်မယ်လေးဗျ´´လို့ ထပြီးအအော်မှာ
ကျနော်ရှိတ်နေတဲ့ စက်ရုံအလှပဂေးလေးက
ကရော်ကရော်အချက်ပေးသွားလေရဲ့ 
အဲဒါပေါ့ဗျ....ဆန္ဒနဲ့ ဘဝ
တထပ်တည်းမကျပါဘူး ဆိုနေမှ.....။
ခံစားတင်ပြသူ....ဗေဒါ(ဘန်ကောက်)


No comments:
Post a Comment