ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 21, 2009

21April,09///မေတ္တာရေဘယ်မခန်း

> အပိုင်း-(၁)
ဆရာမကြီး ဒေါ်လှ၊ခုတော့အသက်ရ၀ ကျော်ရှိနေပြီ။မျက်မှန်တတ်စ၇ာမလို၊ခါးမကုန်း၊မျက်နှာကခု
ထိပြုံးလို့။ဘယ်အချိန်ကြည့်ကြည့်ဆရာမကြီးရဲ့ မျက်နှာဟာလပြည့်ဝန်းလိုကြည်လင်လန်းဆတ်
နေပါတယ်။

ပိန်ပိန်ပါးပါး အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် အသားဖြူဖြူ တစ်ကိုယ်တည်းအပျိုးကြီးဆရာမကြီးပါ။
တစ်ဧကခွဲလောက်ကျယ်ဝန်းတဲ့ခြံဝင်းကြီးထဲမှာ အောက်ကကွန်ကရစ်တိုင်၊ပျဉ်ထောင်သွပ်မိုး
အိမ်ကြီးရခိုင်နဲ့နေထိုင်ပါတယ်။ခြံထဲမှာရာသီစုံသီးပင်စားပင်သာမက တပည့်တွေလာစိုက်ထား
တဲ့အမယ်စုံပန်းပင်တွေလည်းအစီအရီရှိပါတယ်။
နှစ်ပေါင်းငါးဆယ်ကျော်ကျောင်းဆရာမလုပ်လာခဲ့တာ တပည့်ပေါင်းဘယ်လောက်ရှိမယ်ဆိုတာ
အတိအကျပြောဖို့တော့ခက်လိမ့်မယ်ထင်ပါတယ်။ဆရာမကြီးတစ်သက်လုံးပြသွားတဲ့စာသင်ခန်း
က စတုတ္ထတန်းပါ။
ဆင်းရဲချမ်းသာမရွေး။ဆူကြုံနိမ့်မြင့်မရွေး။အားလုံးကိုတတ်အောင်သင်ပေးတယ်။ဆိုးတဲ့မပည့်ကို
ဆုံးမရင်တောင်မှနာနာကျင်ကျင်မရိုက်ဘူး။နေ့လည်မုန်းစားဆင်းချိန်မှာမုန့်မစားနိုင်တဲ့ ကျောင်း
သားကျောင်းသူတွေကိုအမြဲမုန့်ဝယ်ကျွေးလေ့ရှိတယ်။အတန်းထဲမှာစာညံ့တဲ့သူတွေကို အိမ်မှာ
ခေါ်ပြီးညအိပ်သင်ပေးတယ်။အခြားလူတွေနဲ့တန်းတူစာလိုက်နိုင်ရင် အခြားညံ့သူတွေကိုတလှည့်
ခေါ်ပြီးသင်ပေးပြန်တယ်။
ကျောင်းသားတစ်ယောက်ယောက်တစ်ရက်ကျောင်းမရောက်ရင်ဆရာမကြီးကိုယ်တိုင်အိမ်ကိုလိုက်လာပြီး
မိဘကိုမေးပါတယ်။ဘာကြောင့်ကျောင်းမလာတာလဲ၊နေမကောင်းတာလား၊ကျောင်းပြေးတာလား
နေမကောင်းရင်မိဘနဲ့တန်းတူ ကျောင်းသားအတွက်လိုအပ်တဲ့ကျမ္မာရေးစောင့်ရှောက်မှုကိုအကူ
အညီပေးသလို၊ကျောင်းပြေးရင်လည်း၊မိဘကိုမရိုက်ဖို့ ပြီးတော့ မသင်လိုက်ရတဲ့သင်ခန်းစာကို
သင်ပေးဖို့တစ်ခါတည်းညအိပ်အိမ်ကိုခေါ်သွားပါတယ်။အကြောင်းကိစ္စတစ်ခုခုကြောင့်ဆရာမကြီ
ရွာထဲကိုလျှောက်လာရင် ဟိုအိမ်ဒီအိမ်က စားသောက်စရာတွေလာလာပေးကြတာတပည့်တွေ
လိုက်ပြီးပို့ပေးရတယ်။နို့စားနွားမွေးထားတဲ့ကျောင်းသားမိဘတွေက ဆရာမကြီးအိမ်ကိုနေ့တိုင်း
အခမဲ့နွားနို့ပို့ပေးကြတယ်။
ကျောင်းပြေးတာကိုဆရာမကြီးမကြိုက်ဘူး။ ကျောင်းကိုလာချင်အောင်အမြဲစွမ်းဆောင်ပေးတယ်။
အိမ်စာတွေစစ်ဆေး၊လေ့ကျင့်ခန်းတွေလုပ်ပြီးတာနဲ့နေ့လည်ပိုင်းဆိုရင်အလှည့်ကျပုံပြော၊ကဗျာ
ရွတ်၊တစ်ခါတစ်လေများအကအခုန်တောင်သင်ပေး၊ တကယ့်ပျော်စရာကျောင်းတော်သာပါ။
ဆရာမကြီးစာသင်ပေးတဲ့စာသင်ခန်းကလည်း အခြားသူငယ်တန်း၊ဆယ်တန်းစာသင်ခန်းတွေ
လိုနီးနီးကပ်ကပ်မဟုတ်ပဲ၊ဂျပန်ခေတ်လက်ကျန်၊ကုန်သွယ်ရေးဂိုဒေါင်ဟောင်းကြီးတစ်လုံးထဲမှာပါ။

အပိုင်း-(၂)
၁၉၇၀ပြည့်လွန်နှစ်တွေတုန်းက မူလတန်းလွန်ပဉ္ဓမတန်းကိုရောာက်မှ အေ၊ဘီင်္၊စီ အင်္ဂလိပ်စာ
ကိုစသင်ရတာပါ။အားလုံးကိုတတ်အောင်သင်ပေးနိုင်စွမ်းရှိတဲ့ဆရာမကြီးဟာ။အတန်းတင်စာမေး
ပွဲကြီးနီးလာလို့ရှိရင်၊တပည့်ငါးဆယ်ခြောက်ဆယ်လောက်ကို မျက်ရည်တစမ်းစမ်းနဲ့နုတ်ဆက်စ
ကားဆိုလေ့ရှိပါတယ်။ အော် ငါ့တပည့်တွေနောက်နှစ်ဆိုရင် ငါထက်မြင့်ပြီ တစ်ခါတည်း ဘောပင်
ကိုအိပ်မှာညှပ်၊အင်္ဂလိပ်စကားတွေတတ်ပြီး ငါ့ကိုမေ့သွားကြမှာပဲလို့ဆိုတော့ တပည့်တွေအား
လုံးက တပြိုင်တည်းအသံမျိုးစုံနဲ့ငြင်းဆန်ကြတော့တယ်။(အဲဒီအချိန်က ပဉ္ဓမတန်းကိုရောာက်မှ
မင်အိုးသုံး ပိုင်လော့အပေါစားဖေါင်တိန်ကိုသုံးခွင့်ရပါတယ်)
ဆရာမကြီးဟာနိုင်ငံတော်ဧည့်ခံပွဲတွေ တိုင်းနဲ့ပြည်နယ် ယဉ်ကျေးမှုးအဖွဲ့တွေကို မကြာခဏ
အုပ်ထိန်းသူအဖြစ်လိုက်ပါရသူဖြစ်ပါတယ်။ အဲဒီကအတွေ့အကြုံတွေကို တပည့်တွေကို သေ
သေချာချာပြောပြပါတယ်။လူပေါင်းစုံနဲ့ အဆောင်နေဘ၀တွေမှာ နေထိုင်ပုံ၊မိမိအကျီင်္မှာအတွင်း
ချုပ်စမှာ ကွမ်းရွက်ကလေးခံပြီးခဲတံနဲ့မိမိနာမည်ကိုရေးထိုးရင်ရေရှည်ခံပုံတို့ကိုပြောပြပါတယ်။
အထူးသဖြင့်တပည့်တွေကိုယဉ်ကျေးသိမ်မွေ့ရုံသာမက၊ပရိတ်သတ်ရှေ့ မှာပြောရဲဆိုရဲ ရှိအောင်
အမြဲလေ့ကျင့်ပေးပါတယ်။ တစ်ဦးချင်းစီကိုအရည်အသွေးတက်အောင် အပ်ကျမတ်ကျသင်ပေး
နိုင်တဲ့စိတ်ရှည်သည်ခံမှုကိုတော့ ဘ၀တူဆရာ/ဆရာမတွေအပါအ၀င် ကျောင်းအုပ်ဆရာကြီး
သာမက မြို့နယ်ပညာရေးမှူး/ပညာဝန်တွေကအစ ဆရာမကြီးကိုလေးစားသမှုပြုကြပါတယ်။
ကျနော်တို့ရွာက မြို့ မကျ၊တောမဟုတ်၊တိုက်နယ်စံပြရွာကြီးဆိုတော့ အထက်တန်းကျောင်း၊
ဆေးရုံ၊ရဲစခန်း၊ဈေး၊စာတိုက်နဲ့အခြားမြို့ ပြရုံးတွေရှိပါတယ်။ အဲဒီခေတ်တုန်းကလေးတန်းစာမေး
ပွဲကိုတိုက်နယ်တစ်ခုလုံးမှာရှိတဲ့ကျောင်းပေါင်းငါးဆယ်ကျော်ကလာစစ်ရတာဆိုတော့၊တစ်ရွာလုံးမှာနယ်က
ကျောင်းသားတွေပြည့်နေတာပေါ့။အရွယ်စုံဒေသစုံကဆိုတော့စာမေးပွဲကြီးကပျော်စရာပေါ့။
နယ်ကကျောင်းသားတွေနဲ့အပြိုင်ကြဲကြရမယ့်စာမေးပွဲ၊ပြီးတော့အစိုးရစစ်ဖြစ်လို့မြို့ ကပညာရေးဝန်
ထမ်းတွေလာေ၇ာက်ကြီးကြပ်တာမို့ ငယ်ရွယ်တဲ့တပည့်တွေ ခြေချော်လက်ချော်ဖြစ်မှာကိုအထူး
စိုးရိမ်ပါတယ်။တစ်အိမ်တက်ဆင်း်တပည့်တွေကိုနေ့တိုင်းညတိုင်း နေကောင်းရဲ့ လား၊စာရပြီလား
မြေပုံဆွဲတတ်ပြီလား၊အလီရပြီလား၊ခဲတံ၊ပေတံပြည့်စုံပြီလား၊ဂရုစိုက်နိုင်လွန်းတဲ့ဆရာမကြီးဟာ
ပင်ပမ်းပုံလုံးဝမရပါဘူး။
ကျနော်တို့ဒေသမှာ အဲဒီတုန်းက ကျောင်းကိုမိဘတွေကြိုပို့လေ့မရှိပါဘူး။သူငယ်တန်းကအစ
နီးစပ်သူတွေ ဒါမှမဟုတ်အစ်ကိုအစ်မတွေနဲ့ပဲကျောင်းကိုပို့တာပါ။ စာမေးပွဲစစ်တော့လည်းမိဘ
တွေကျောင်းကိုမလာကြပါဘူး။ ဒါပေမယ့်ဆရာမကြီးဟာ စာမေးပွဲကြီးစစ်လို့ရှိရင် အခြားနယ်က
ဆရာ/ဆရာမတွေလို ကျောင်းခြံဝအထိလာပြီးတပည့်တစ်ဦးချင်းစီမှာဘာလိုလဲ၊ဆိုတာဂရုတ
စိုက်လာကြည့်ပေးပါတယ်။
စာမေးပွဲဖြေပြီးတော့ကျောင်းရှေ့ ကုက္ကိုလ်ပင်အောက်မှာအမှား/အမှန်ကိုစစ်ဆေးပါတယ်။ပြီ
တော့အိမ်ကိုပြန်စေပြီးသူ့ဆီကိုဘယ်အချိန်လာဖို့အားလုံးကိုခေါ်ပါတယ်။ အချို့ နယ်ကဆရာ/
ဆရာမတွေကသူတို့ကျောင်းသားတွေကိုလာထားရင်လည်းစာပြပေးပါတယ်။ဆရာမ ပါးစပ်က
တဖွဖွပြောလေ့ရှိတာတစ်ခုကတော့ “ငါဆယ်တန်းမအောင်ခဲ့ဘူး၊ဒါကြောင့်ငါလုပ်သက်ငါးဆယ်ပြည့်လည်းရာထူးမတက်ဘူး။ငါ့တပည့်တွေ ငါ့လိုအဖြစ်မျိုးအဖြစ်မခံဘူး။အားအလုံးတော်ရမယ်။
အားလုံးတတ်ရမယ်။ငါ့တပည့်တွေကိုငါရအောင်မြှင့်မယ်။ရကိုယ်ရရမယ်။’’ဆိုတာပါပဲ။

အပိုင်း-(၃)
လောကနိယာမအတိုင်း ဆရာမကြီးဘယ်လောက်ပဲတတ်စေချင်ပေမယ့် တပည့်တွေဟာ အလယ်တန်းကိုဆက်မတက်နိုင်သူတွေ၊အထက်တန်းကိုရောက်ခဲ့ပေမယ့်အဆင့်မြင့်ပညာကို
ဆုံးခန်းတိုင်အောင်မသင်ကြားကြသူတွေအစားစားရှိခဲ့ကြတာပေါ့။ ဒါပေမယ့်ဆရာမကြီးဟာတ
ပည့်တိုင်းကိုနာမည်အားလုံးကိုမှတ်မိနေတယ်။တစ်ဦးချင်းစီရဲ့ စိတ်နေသဘော သဘာဝတွေ ကိုအားလုံးကိုမှတ်မိနေပါတယ်။အတောင်အလက်စုံလို့ ထိမ်း်မြားမှုအပါအ၀င် သားသမီးအရေး
ရှင်ပြု/နားသ ကအစ ဆရာမကြီးပါဝင်ပတ်သက်နေတတ်ပါတယ်။
ငါ့မြေးတွေ၊ငါ့မြေးတွေ၊ငါ့မြေးတွေကိုငါ့ဆီမှာလာထားကြ၊နင်တို့နဲ့ထားရင်စာတတ်မှာမဟုတ်ဘူး
ငါစိတ်မချဘူး၊လို့ပြောတတ်ပါတယ်။ အဲသလောက်ကိုမေတ္တာကြီးမားပါတယ်၊
တပည့်တစ်ဦးဦး အကြောင်းကြောင်းကြောင့် ဆုံးပါးသွားရင်လည်း မိဘအိမ်ကိုလာပြီး မိဘနဲ့ထပ်
တူ ပူဆွေးသောကရောက်ရှာပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့တပည့်တွေ အဲဒီအသုဘမှာဆုံလို့
ရှိရင်အားလုံးကိုခေါ်ပြီး၊ဘယ်သူဘာလုပ်နေလဲ၊ဘယ်သူမှာသားသမီးဘယ်နှစ်ယောက်ရှိပြီလဲ။
ဘယ်သူနဲ့ဘယ်သူဘာဖြစ်နေလဲ၊ငါ့ဆီလာခဲ့လို့ပြောလိုက်၊အစရှိသဖြင့်စည်းလုံးစေပါတယ်။
ဆရာမကြီးတပည့်တစ်ယောက်ယောက် မဟုတ်တာတစ်ခုခုလုပ်နေရင်လည်း၊ဆရာမကြီးကခေါ်
ယူပြီးချက်ချင်းပြုပြင်စေပါတယ်။ တစ်ခါတစ်လေ ရဲစခန်းတရားရုံးကိုရောက်သွားတဲ့ အမှုကိစ္စရပ်
တွေကိုတောင် ဆရာမကြီးလိုက်လံကူညီစောင့်မပေးပါတယ်။
ဆရာမကြီးဆီမှာကျောင်းတက်နေတဲ့ကျောင်းသား/ကျောင်းသူတွေထက် ကျောင်းသားဟောင်း
တွေဟာ သင်္ကြန်နဲ့သီတင်းကျွတ်တွေမှာလာပြီးကန်တော့လေ့ရှိကြပါတယ်။အဲဒီနေ့မှာဆရာမကြီး
ဟာကန်တော့တဲ့တပည့်တွေကိုကြည့်ပြီးဆုတွေပေး၊ဆုံးမစကားတွေပြောပြီးအပြုံးတွေဝေနေတတ်ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့တပည့်တွေကိုအစားအစာ၊အ၀တ်အထည်၊အသုံးအဆောင်တွေပြန်
ပေးတတ်ပါတယ်။သူဆီကိုရောက်လာတဲ့မရှိဆင်းရဲသားအပါအ၀င်၊နွမ်းပါးတဲ့တပည့်တွေကိုအမြဲ
ကူညီပေးပါတယ်။
တစ်ခါမှတ်မှတ်ရရကြုံဖူးပါတယ်။ကျနော်တို့ထက်ဆယ်နှစ်ကျော်လောက်ကြီးတဲ့ကျောင်းသား
ဟောင်းကြီးတစ်ယောက်ပါ။မိဘငွေကြေးတတ်နိုင်သူပါ၊ဆယ်တန်းအောင်ပြီးတက္ကသိုလ်မတက်
ပဲမိဘလက်ငုတ်လက်ရင်းဆားချက်လုပ်ငန်းကိုလုပ်ကိုင်၊ပြီးတော့ရွာကလေးတန်းမှာအခမဲ့ကျောင်းဆရာ
လုပ်တဲ့လူပျိုးကြီးတစ်ယောက်ပါ။သူကအရက်စွဲနေသူဖြစ်ပေမယ့်ယဉ်ကျေးသူတစ်ဦးပါ။
သူက ကျနော်တို့လာကန်တော့တဲ့နေမှာ ဆရာမကြီးခြေအစုံကိုသူ့ဦးခေါင်းနဲ့ထိဖွပြီးဦးချကန်တော့ပါတယ်။ “ဘယ်နှစ်ကြိမ်ကန်တော့တယ်မသိတော့ပါဘူး။ အစောကြီးတည်းကရောက်လာတာတစ်နေကုန်
ရှိခိုးကန်းတော့နေတာပဲ၊ငါတပည့်အလိမ်မာလေး၊ပညာလည်းတော်တယ်၊အရက်ကဘာဖြစ်လို့သောက်တတ
်သွားတာတုန်း၊မိန်းမလည်းမယူ၊နင်ဒီအတိုင်းနေသွားမှာလား၊’’လို့ပြောတော့၊အဲဒီကျောင်း သားကြီးက
“ဆရာမကြီးကကျနော့်ကိုတော့အိမ်ထောင်ပြုခိုင်းတယ်၊ကိုယ့်ကျတော့ဘာလို့မပြုတာလဲ’’လိုဆိုတော့
သူ့ကိုဆရာမကြီးကြောကိုရိုက်ပြီးတော့ငိုရှာပါတယ်။အားလုံးဝိုင်းရည်ကြရပါတယ်။ဆရာမကြီးက
“ဟေ့..ငါ့မှာအိမ်ထောင်ပြုစရာမလိုဘူး။တပည့်တေကမွေးထားတာ မြေးတွေတောင်လူလားမြောက်နေပြီ။
ငါ့သားတပည့်တွေဘယ်လောက်တော်ကြလဲ ..ငါ့စကားကိုနားမထောင်တာနင်တစ်ယောက်ပဲရှိတယ်။
အရက်ကိုမဖြတ်ရင်နေပါ ငါ့တပည့်ရယ်၊လျှော့တော့သောက်ပေါ့၊ပြီးတော့အိမ်ထောင်ပြုအုံးလေ
နင့်အမေမရှိရင် နင်ဘယ်သူနဲ့နေမလဲ၊လိမ်မာပါငါတပည့် နှော်၊ငါ့စကားနားထောင်ပါဟယ်’’
အပိုင်း-(၄)
မိဘတိုင်း သားသမီးတွေကိုချစ်ပါတယ်။ဒါပေမယ့် အချို့ မိဘတွေဟာ ပြောဆိုဆုံးမလို့မရ
တဲ့သားသမီးတွေကို လုံးဝဥပေက္ခာပြုထားသူတွေရှိတတ်ကြပါတယ်။အချို့ ဆိုသေခန်းပြတ်၊ အမွေပြတ်ဆိုတာတောင်လုပ်ကြသေးတယ်။ ..ငါ့စကားကိုနားမထောင်တာနင်တစ်ယောက်ပဲရှိတယ်။
ဒါပေမယ့် ကျနော်တို့ ဆရာမကြီးဟာဘယ်တပည့်ကိုမှမပြစ်ပယ်ပါဘူး။ဘယ်သူ့ကိုမှပိုပြီးအလေး
မပေးဘူး။နွမ်းပါးသူကိုဖြည့်ဆီးပေးသလို့ တတ်နိုင်သူကိုလည်းစောင့်ရှောက်ကူညီပေးတယ်။
ကျနော်တို့ဆိုရင်ဆရာမကြီးတပည့်ဘ၀ကနေ သားသမီးငါးယောက်ဖခင်ဘ၀ကိုရောက်ရှိလာခဲ့
မေမယ့် ဆရာမကြီးအိမ်ကိုသွားသွား၊လမ်းမှာတွေတွေ့ ဆရာမကြီးလို့ခေါ်လိုက်ရင်၊ဟေ့ဘယ်သူ
ဘယ်ကလာလဲ၊အဆင်ပြေရဲ့ လား၊ဘယ်သူတော့ဘာကြားတယ်၊ နင်တို့သူငယ်ချင်းတွေ အချင်းချင်းဝိုင်း ကူကြနှော်၊အစရှိသဖြငနှစ်ပေါင်းဘယ်လောက့်ဝေးဝေးအသံကိုကောင်း ကောင်းမှတ်မိသလို
တပည့်လုပ်ငန်းကိုင်ငန်းကိုလည်းသေသေချာချာမှတ်မိနေတတ်ပါတယ်။
ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားတဲ့ အနန္တော အနန္တငါးပါးဝင်ဆရာသခင်၊ရှိခိုးထိုက်၊ကန်တော့ထိုက်
ပူးဇေါ်ထိုက်တဲ့ဆရာမကြီးသက်တော်ရာကျော်ရှည်ပြီး၊အသက်မသေခင်ပြန်လည်ကန်တော့ခွင့်ရချင်း
သေးတယ်ဗျာ။သူငယ်ချင်းတို့လည်းထပ်တူရှိကြမယ်ထင်ပါတယ်။
ဆရာမကြီးကျေးဇူးကို အမြဲအမှတ်ရလျှက်၊ကန်တော့လိုက်ပါတယ်။

ခံစားတင်ပြသူ....ဦးကျော်သောင်း

အပိုင်း-(၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)