ကိုင်းငိုက်ယိုယီး ၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး ၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ ၊လှ.........လှ.......လှ......သည်
ပထမပိတောက်ပွင့်စဉ်က..............။
+++``ဟော....ဟော....ပွင့်ပြီ´´
ကျူးရင့်အော်ကြ၊တံခါးဝမှ
လှစ်ဟဆိုကာ၊ပြေးထွက်လာပြီး
ဝင်းဝါပိတောက် ၊သစ်ပင်အောက်ဝယ်
လုကောက်ကြွေသည့်ပွင့်များ.........။
xxxငမ်းငမ်းတက်၍
လုယက်ခုန်တက် ၊ ဓားလက်နက်ဖြင့်
ချိုးဖျက်ရွက်ကိုင်း ၊ ခုတ်ဆစ်စိုင်း၍
ပိုင်းပိုင်းဖြတ်ခြွေ ၊ ယူကြလေသော်
ရောထွေရုန်းရင်း ဆန်ခတ်တည်း........။
+++လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို ၊ သစ်ငုတ်တိုသာ
ဖရိုဖရဲကျန်ရစ်၏..........။
xxxငါစိတ်တွင်ကား
မေခင်နှမ ၊ ဆံကေမြထက်
လှလှကလေး ၊ ကိုယ်တိုင်ရွေး၍
ဆင်ပေးထုံး ချင်လှသောကြောင့်....။
+++ကျိုးပဲ့နေသော
ပင်ခြေအောက်တည့် ၊ ငါရပ်ကြည့်၍
ကြွင်းသည့်တစ်ပွင့် ၊ ကောက်မည်လင့်သော်
``အို ....ရှင့်.....ကျမ
ဗုဒ္စမြတ်ထံ ၊ လှူကပ်ရန် ´´ဟု
လုပြန်အတင်း ၊ ဆိုကာချဉ်းသော်
လက်ချင်းဆုံ၍နေသတည်း..........။
ဒဂုန်တာရာ(တာရာမဂ္ဂဇင်း ၊ ၁၉၄၇)
xxxအိုး....လှလိုက်တာ
ကိုင်းငိုက်ယိုယီး ၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး ၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ ၊လှ.........လှ.......လှ......သည်
ပထမပိတောက်ပွင့်စဉ်က..............။
+++``ဟော....ဟော....ပွင့်ပြီ´´
ကျူးရင့်အော်ကြ၊တံခါးဝမှ
လှစ်ဟဆိုကာ၊ပြေးထွက်လာပြီး
ဝင်းဝါပိတောက် ၊သစ်ပင်အောက်ဝယ်
လုကောက်ကြွေသည့်ပွင့်များ.........။
xxxငမ်းငမ်းတက်၍
လုယက်ခုန်တက် ၊ ဓားလက်နက်ဖြင့်
ချိုးဖျက်ရွက်ကိုင်း ၊ ခုတ်ဆစ်စိုင်း၍
ပိုင်းပိုင်းဖြတ်ခြွေ ၊ ယူကြလေသော်
ရောထွေရုန်းရင်း ဆန်ခတ်တည်း........။
+++လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို ၊ သစ်ငုတ်တိုသာ
ဖရိုဖရဲကျန်ရစ်၏..........။
xxxငါစိတ်တွင်ကား
မေခင်နှမ ၊ ဆံကေမြထက်
လှလှကလေး ၊ ကိုယ်တိုင်ရွေး၍
ဆင်ပေးထုံး ချင်လှသောကြောင့်....။
+++ကျိုးပဲ့နေသော
ပင်ခြေအောက်တည့် ၊ ငါရပ်ကြည့်၍
ကြွင်းသည့်တစ်ပွင့် ၊ ကောက်မည်လင့်သော်
``အို ....ရှင့်.....ကျမ
ဗုဒ္စမြတ်ထံ ၊ လှူကပ်ရန် ´´ဟု
လုပြန်အတင်း ၊ ဆိုကာချဉ်းသော်
လက်ချင်းဆုံ၍နေသတည်း..........။
ဒဂုန်တာရာ(တာရာမဂ္ဂဇင်း ၊ ၁၉၄၇)
No comments:
Post a Comment