ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 3, 2009

3 April,09/// မဟာမဲခေါင်မြစ်ဝှမ်းဒေသ ရွေ့ ပြောင်းအလုပ်သမားများကွန်ယက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

> ဧပြီ ၂ ရက်
မဟာမဲခေါင်မြစ်ဝှန်းဒေသ ရွေ့ပြောင်းအလုပ်သမားများကွန်ယက် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မဲခေါင်းမြစ်ဝှမ်း ဒေသနိုင်ငံ များ ဖြစ်သော တရုတ်၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နဲ့မြန်မာနိုင်ငံများက ကိုယ်စားတစ်ဦးကျစီနှင့်အာရှ ရွေ့ပြောင်း စင်တာက ကိုယ်စားလှယ်တစ်ယောက်အပါအဝင် အားလုံးတက်ရောက်ခဲ့ကြသည်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်နေသူ ထိုင်းနိုင်ငံ ဖန်ငအခြေစိုက်အခြေခံလူထု လူ့အခွင့်အရေးပညာပေးဌာန (GHRE) က ဒါရိုက်တာ ဦးထူးချစ် ကအခုလိုပြောသည်။

“မဲခေါင်မြစ်ဝှမ်းဒေသတွင်းမှာရှိတဲ့ အထူးသဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီး ထိုင်းဥပဒေ ဘောင်အတွင်းက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေဖြစ်တဲ့ ကျမ္မာရေး၊ပညာရေး၊အလုပ်သမားအခွင့်အရေးတွေ အပြည့် အ၀ရရှိနိုင်ရေးကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးကြတာဖြစ်ပါတယ်၊’’
ပြီးခဲ့သောမတ်လကုန်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကျင်းပခဲ့သော့ နိုင်ငံခြားသားအလုပ်သမားစီမံ ခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ပြည်ပအလုပ်သမား ၄-သိန်း ကျော်ခေါ်ယူပြီး တရားဝင်အလုပ်လုပ်ကိုင် ခွင့်ပြုမည်ဆိုသည့် အလုပ်အကိုင်ရေးရာဌန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပီခိုင် အေ့က်ပစ်သက်ဒမ်ရောင်း Pichai Ekpithakdamrong ကပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ဦးထူးချစ်ကသူ့အမြင်ကို အခုလိုပြောသည်။
“ဒီအစီအစဉ်က ကောင်းပါတယ်၊ဒါပေမယ့် မြန်မာအလုပ်သမားတွေကို နိုင်ငံသားဖြစ်မှုအပေါ်မှာမူတည်ပြီးတော့ မှလုပ်ပေးမယ်ဆိုတော့ အချို့ ထိုင်နိုင်ငံတွင်းမှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားအချို့ မှာ မြန်မာနိုင်ငံသားမှတ်ပုံတင်မရှိကြဘူး၊ပြီးတော့ မြန်မာအစိုးရကို မြန်မာအလုပ်သမားတွေက မယုံကြည်ကြဘူး ကမ္ဘောဒီးယားတို့လာအိုအစိုးရတို့လိုထိုင်းမှာလာလုပ်ပေးမှာလား၊အလုပ်သမားတွေရှိတဲ့ ပြည်နယ်အလိုက် နယ်မြေအလုပ် လာပြီးတော့လုပ်ပေးရင်တော့ မြန်မာအလုပ်သမားတွေအတွက်ရော့ ထိုင်းလုပ်ငန်းရှင်တွေ အတွက်ပါ အကျိုးရှိနိုင်တယ်လို့ ကျနော်တို့ က ထိုင်းအစိုးရကိုတင်ပြထားပါတယ်’’
ထိုင်းနိုင်ငံအတွင်လာရောက်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအားသူ့ပြောကြားလိုသည်ကိုလည်း ဆက်လက်ပြောပြရာတွင် “မြန်မာအလုပ်သမားတွေအနေနဲ့ထိုင်းဥပဒေ၊နဲ့ထိုင်းယဉ်ကျေးမှုတွေကိုလေးစားလိုက်နာပြီလုပ် ကိုင် နေထိုင်သင့်ပါတယ်။ မကြာခင်ကမှ ဖြစ်သွားတဲ့ ချင်းမိုင်က ပြစ်မှုကျူးလွန်တဲ့ကိစ္စနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်သွားတဲ့ဗြိတိသျှလူမျိုးတဦးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေဟာ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို အကုန်အဖမ်းခံရတာစိတ်မကောင်းစရာပဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစံနစ်ဆိုးကြောင့် ပြည်ပကိုထွက်ခွာအလုပ်လုပ်နေကြရတဲ့ မြန်မာတွေကို ကမ္ဘာမိသားစုက ကြင်နာသနားနေရာမှာ စိတ်ဆိုးစရာတွေဖြစ်သွားရင်မကောင်းဘူးလေ။ ဒါကြောင့်မို့လို့ မြန်မာအလုပ်သမားတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်သွားကြပါလို့ပြောချင်ပါတယ်’’ ဟုပြောသည်။
ဒီမဟာမဲခေါင်မြစ်ဝှမ်းဒေသ (Mekong Migration Network)အဖွဲ့တွင် အဖွဲ့ပေါင်း ၄၀-ကျော်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၂ဝဝ၃ ခုနှစ် အောက်တိုဘာလမှစ၍နှစ်ပတ်လည်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံဖနွန်ပင်မြို့မှာစတင်ကျင်းပခဲ့ပြီ့း အလှည့်ကျနိုင်ငံအလိုက်ကျင်းပခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယား၊ လာအို၊ အပါအဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ၂-သန်းခွဲကနေ ၄-သန်းဝန်းကျင်ထက်မနည်းရှိနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် အင်ဂျီအိုမျာွးကခန့်မှန်းထားကြသည်။ ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းက ထိုင်းအလုပ်သမား၂သန်းလောက်အလုပ်ပြုတ်ခဲ့ခြင်းကြောင့်၂၀၀၉ နှစ်ဆန်းပိုင်းက ထိုင်းအစိုးရကနေပြီး နိုင်ငံခြားသားအလုပ်သမားခေါ်ယူခန့်ထားဖို့အစီအစဉ်မရှိသေးကြောင်းပြောဆိုခဲ့သည်။ သို့ရာတွင်ု အလုပ်အကိုင်ရေးရာဌန ညွှန်ကြားရေးမှူးချုပ် Pichai Ekpithakdamrong က အလုပ်သမားခန့်ထားရေးကို စီစဉ်ရခြင်းသည် ထိုင်းလူမျိုးများအနေဖြင့်ငါးဖမ်းလုပ်ငန်း၊အအေးခန်းသိုလှောင်ခြင်းလုပ်ငန်းနဲ့ဆောက်လုပ်ရေး၊လုပ်ငန်းများတွင်လုပ်ကိုင်ရန် စိတ်မဝင်စားကြခြင်းကြောင့် ဖြစ်ကြောင်းပြောဆိုခဲ့သည်။

သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

ဧပြီ ၂ ရက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)