အမှာစာ.......
လောကဓမ္မတာ ဤ လူ့ ရွာ၌အခက်တကာ့အခက်၊ မဟာအခက်ကြီး(၃)ခုရှိ၏။ ရှေးစာဆိုကြီး ``ဦးရွှန်း´´ကသူ ရေးသားခဲ့သော``ဥမ္မာဒန္တီ´´ပျို့ တွင်အောက်ပါအတိုင်း ဖော်ပြထားသည်ကိုစာရေးသူ အလွတ်ကျက်မှတ်ထားခဲ့ သည်။
``စစ်မက်အရေး၊ရန်သူဘေးကြောင့်၊အပြေးအလွဲ၊ဆွေမျိုးကွဲသား၊ပြည်ထဲရေးရာခက်သည်သာတည့်´´
``အစာအစား ၊ ထွားထွားမြိကြေ ၊ ရှားပါးလေ၍သေကြေပျောက်ခဲ ၊ ငတ်မွတ်ကဲသော် ၊ ပြည်ထဲရေးထက် ၊ ၀မ်းရေးခက်၏´´
``ထို့ ထက်မှာမူ ၊ ချစ်ခင်သူနှင့် အတူတကွ ၊ မပေါင်းရဘဲ ၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော် ပြည်ထဲအရေး ၊ ၀မ်းရေး´´တို့ 
ထက်လွမ်းရေးခက်၏´´တဲ့ ၊ စာရူသူများထဲတွင်လည်းဖော်ပြပါ။အခက်ကြီး(၃)ခုအနက်
``လွမ်းရေးခက်´´နေသူအမြောက်အများရှိနေခြင်းကိုစာရေးသူကရိပ်စားမိပါ၏။ ထို့ကြောင့်အကြံ ပေးလိုသည် မှာလွမ်းရေးခက်´´
လျှင်စိတ်ညစ်လာမည်။စိတ်ညစ်လျှင်ကြက်နှစ်ကောင်ပုလင်းလေးကခေါင်းထဲဝင်လာမည်။သည့်နောက်မှာတော
့ဦးဏှောက်ကိုကြက်နှစ်ကောင်နှင့်ဆေးကြောကြလိမ့်မည်။သို့ကလိုလုပ်လိုက်တော့``စားရိတ်ကုန်ဇလုံပွန်း´
ဖြစ်မသွားဘူးလား၊သည့်အတွက်ကြောင့်စားရိတ်မကုန်ဘဲဦးဏှောက်ဆေးကြောနည်းစာဖတ်ရင်းစိတ်ပျော်ရွှင်
စေမည့်နည်းကောင်းလေးတလက် ၊ ယခုအပတ်တွင်တင်ဆက်လိုက်ရတာကဖြင့်…….။
***ဘိုးတော်ဘုရားနှင့်အမတ်ကြီးဦးပေါ်ဦး***
ကုန်းဘောင်ခေတ်တွင်မင်းဆက်(၁၁)ဆက်ရှိခဲ့ကြောင်းယခင်ဆောင်းပါးများတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ဘိုးတော်ဘုရား(ခ)ဗဒုံမင်း(ခ)ဘိုးတော်ဦးဝိုင်းမှာမင်းဆက်(၆)ဆက်မြောက်ရှင်ဘုရင်ဖြစ်ပါသည်။ဘိုးတော်ဘုရားလက်ထက်တွင်အမတ်ကြီးဦးပေါ်ဦးမှာအလွန်ထင်
ရှားခဲ့၏။ပညာရှိအမတ်ကြီးဖြစ်ရုံမက ၊ တကဏှောပ္မတ္တိဥာဏ်လည်းအလွန် ထက်မြက်ခဲ့ပေရာရှင် ဘုရင်ကိုယ် တိုင်က``ပစား´´ပေးထားခဲ့၏``ပစား´´ပေးသည်ဆိုခြင်းမှာခွင့်လွှတ်ထားသည်။နေရာပေးထားသည်ကိုဆိုလ
ိုပါသည်။မှတ်ဥာဏ်လည်းအလွန်ကောင်းလှပေရာ..ဤအဖြစ်စနစ်လေးကိုကြည့်ပါ…..။
တခုသောညီလာခံတွင်ရှင်ဘုရင်ကအမတ်ကြီးဦးပေါ်ဦး........ကိုပညာစမ်း၍
``ဟဲ့ပေါ်ဦး ဥတွေထဲမှာဘာဥကအစိမ့်ဆုံးလဲကွဲ့ ´´လို့ 
ရုတ်တရက်မေးလိုက်ရာဦးပေါ်ဦးကမဆိုင်းမတွဘဲ
``မှန်လှပါ..ဖွတ်ဥ ကအစိမ့်ဆုံးပါဘုရာ့´´ဟုဖြေတော်မူ၏။ရှင်ဘုရင်ကမေးသည့်ရက်ကိုအတိအကျ မှတ်ထား
လိုက်သည်။နောက်(၂)နှစ်တိတိပြည့် သည့်အချိန်..တခုသောညီလာခံအပြီးတွင်ရှင်ဘုရင်က ရုတ်တရက်ကောက်ကာငင်ကာမေးလိုက်ပုံက
``ပေါ်ဦး ၊ သူ့ ချည့်စားရတာလားကွဲ့ ´´
ဟုစကားအဆက်မစပ်မရှိလဲမေးလိုက်သော်လည်းဦးပေါ်ဦးက.....
``မှန်လှပါ…ဆားနဲနဲဖြူးစားရပါတယ်ဘုရာ့´´ဟုဖြေလိုက်ပုံမှာနှောင်းလူတို့ အတွက်အမတ်ကြီး၏ မှတ်ဥာဏ်ကိုစံနမူနာတင်လောက်ပါပေသည်။
မှတ်ချက် ။ ။ အင်းဝဘုရင်မင်းခေါင်နှင့်သူ၏အမတ်ကြီးဝန်ဇင်းမင်းရာဇာတို့ လက်ထက်တွင်လည်းအလားတူ(ဘယ်ဥအစိမ့်ဆုံးလဲ)ပြသာနာပေါ်ပေါက်ခဲ့ဘူးပါသည်။
ပေးပို့ သူ…..မဟာဇော်(မကွေး)
(ကုန်းဘောင်ခေတ်ဆက်မြဲ )

No comments:
Post a Comment