ဦးဆောက်လိုဝေေ၀ပန်မှ
သစ္စာနှံရွှေ လှော်မြနှယ်သို့ 
မေ့ကေသွယ်ဖြေအလျော့ရင်ဖြင့်
ကြော့ရရော့ စီရရီ......။
+++ပိတောက်ခိုင်ရွှေဝါပွင့်ကိုလ
လှမ်းလင့်ကာ မောင်တစ်လက်ငဲ့ပြင်
ခင့်လက်ကို သာတယာပ
မယ်တစ်ခါ မောင်တစ်လှည့်ရယ်နှင့်
ရိပ်ကြည့်ကာမယ့်ဆံထုံးမှာလ
မောင်ကုံး၍ပန်ခဲ့သည်........။
xxxလေချိုလှောက်ပြန်ကော့
ပင်အောက်မှာ အတူယှဉ်တွဲ
ခင်ပျိုကိုမောင်မလွှတ်စဉ်က
ပန်းဝတ်လွှာခိုင်အခြောက်ကယ်တို့ 
လေနှောက်ရင်ပွင့်တွေကြွေကြ
ဘိသိက်ခြွေဌဲ့ ကာလွင့်တယ်ဟု
ချစ်ပန်းပွင့် ဝေ့လည်လည်
ပျို့ ဆီသို့ ခညောင်း....။
+++တန်ခူးရောက်ရင်ဖြင့်
ပိတောက်တွေ တဝေေ၀ပ
မယ့်ကြင်ဆွေ သစ္စာမဲ့တာကြောင့်
မြင်လှည့်ပါ သည်အဖြစ်ကိုလ
အချစ်ဒဏ်ခင့်ကိုစူးပါပေါ့
ချစ်ဦးကိုခင်မဖျောက်နိုင်လို့
ပိတောက်ခိုင်တစ်ခါဝေတိုင်း
မပြေနိုင်နေ့ စဉ်လွမ်းပါရ
သည်းကျွမ်းကာ စုတေပစ်ခါမှ
မောင့်ကိုယ်တိုင် သင်္ဂြိုလ်ရစ်ပါတော့
ဘုန်းချစ်အလောင်း.......။ .........။
ဒဂုန်တာရာ (ဒဂုန်မဂ္ဂဇင်း၊ ၁၉၃၈)
xxxမယ့်ခေါင်းမှာ ရွှေပိတောက်ကယ်တို့ 
ဦးဆောက်လိုဝေေ၀ပန်မှ
သစ္စာနှံရွှေ လှော်မြနှယ်သို့ 
မေ့ကေသွယ်ဖြေအလျော့ရင်ဖြင့်
ကြော့ရရော့ စီရရီ......။
+++ပိတောက်ခိုင်ရွှေဝါပွင့်ကိုလ
လှမ်းလင့်ကာ မောင်တစ်လက်ငဲ့ပြင်
ခင့်လက်ကို သာတယာပ
မယ်တစ်ခါ မောင်တစ်လှည့်ရယ်နှင့်
ရိပ်ကြည့်ကာမယ့်ဆံထုံးမှာလ
မောင်ကုံး၍ပန်ခဲ့သည်........။
xxxလေချိုလှောက်ပြန်ကော့
ပင်အောက်မှာ အတူယှဉ်တွဲ
ခင်ပျိုကိုမောင်မလွှတ်စဉ်က
ပန်းဝတ်လွှာခိုင်အခြောက်ကယ်တို့ 
လေနှောက်ရင်ပွင့်တွေကြွေကြ
ဘိသိက်ခြွေဌဲ့ ကာလွင့်တယ်ဟု
ချစ်ပန်းပွင့် ဝေ့လည်လည်
ပျို့ ဆီသို့ ခညောင်း....။
+++တန်ခူးရောက်ရင်ဖြင့်
ပိတောက်တွေ တဝေေ၀ပ
မယ့်ကြင်ဆွေ သစ္စာမဲ့တာကြောင့်
မြင်လှည့်ပါ သည်အဖြစ်ကိုလ
အချစ်ဒဏ်ခင့်ကိုစူးပါပေါ့
ချစ်ဦးကိုခင်မဖျောက်နိုင်လို့
ပိတောက်ခိုင်တစ်ခါဝေတိုင်း
မပြေနိုင်နေ့ စဉ်လွမ်းပါရ
သည်းကျွမ်းကာ စုတေပစ်ခါမှ
မောင့်ကိုယ်တိုင် သင်္ဂြိုလ်ရစ်ပါတော့
ဘုန်းချစ်အလောင်း.......။ .........။
ဒဂုန်တာရာ (ဒဂုန်မဂ္ဂဇင်း၊ ၁၉၃၈)
No comments:
Post a Comment