လက်ဖက်ထုပ်ချီကာ
အော်မြည်သွားတယ်
(လက်ဖက်ထဲမှာဆိုးဆေးတွေပါသတဲ့)...။
xxxအသီးမှာသရက်
အသားမှာဝက်
အရွက်မှာလက်ဖက်တဲ့...။
+++အသားမှာဝက်ဆိုတာကလည်း
ဝက်တုပ်ကွေးဖြစ်လိုဖြစ်
အရွက်မှာလက်ဖက်ဆိုတာကလည်း
ဆိုးဆေးတွေပါလိုပါနဲ့ 
ကျန်နေတဲ့ သရက်သီးမှာကော
ဘာတွေပါလို့ ၊ ဘာတွေဖြစ်ကြအုံးမှာလဲ....။
xxxတခါတလေ
အဆင်မပြေရင်
ရေသောက်တာတောင်
သွားကြားညပ်သတဲ့ ။
ဖွဟဲ့ ၊ လွဲဟဲ့
ဖွဟဲ့ ၊ လွဲဟဲ့
ဖွဟဲ့ ၊ လွဲဟဲ့
ခံစားတင်ပြသူ...ဆန်တာကလော့စ်(ခေတ္တ - အင်္ဂပူ)
***ငှက်တအုပ်က
လက်ဖက်ထုပ်ချီကာ
အော်မြည်သွားတယ်
(လက်ဖက်ထဲမှာဆိုးဆေးတွေပါသတဲ့)...။
xxxအသီးမှာသရက်
အသားမှာဝက်
အရွက်မှာလက်ဖက်တဲ့...။
+++အသားမှာဝက်ဆိုတာကလည်း
ဝက်တုပ်ကွေးဖြစ်လိုဖြစ်
အရွက်မှာလက်ဖက်ဆိုတာကလည်း
ဆိုးဆေးတွေပါလိုပါနဲ့ 
ကျန်နေတဲ့ သရက်သီးမှာကော
ဘာတွေပါလို့ ၊ ဘာတွေဖြစ်ကြအုံးမှာလဲ....။
xxxတခါတလေ
အဆင်မပြေရင်
ရေသောက်တာတောင်
သွားကြားညပ်သတဲ့ ။
ဖွဟဲ့ ၊ လွဲဟဲ့
ဖွဟဲ့ ၊ လွဲဟဲ့
ဖွဟဲ့ ၊ လွဲဟဲ့
ခံစားတင်ပြသူ...ဆန်တာကလော့စ်(ခေတ္တ - အင်္ဂပူ)


No comments:
Post a Comment