မြန်မာပြည်တွင်းမှဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသား(၁၂၀၀)ကျော်တို့ လွတ်မြောက်ရေးအတွက်
ဆုတောင်းပွဲတရပ်ကိုထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ယနေ့ စုပေါင်းကျင်းပကြသည့်ကိုတွေ့ ရသည်။မယ်
တော်ဆေးခန်းတာဝန်ခံဒေါက်တာစင်သီတာမောင်နှင့်လူထုအခြေပြုအဖွဲ့အစည်းများ ၊ မြန်မာ့ဒီမိုက ရေစီအင် အားစုများနှင့်ရွှေ
့
ပြောင်းအလုပ်သမားမိသားစုဝင်ကျောင်းသား ကျောင်းသူများက စုပေါင်းကျင်း ပကြပြီးခန်းမ တွင်းတွင်လူ ၃၀၀ ခန့် ခန်းမပြင်ပတွင်လူ ၁၅၀ ခန့် တက်ရောက်ကြသည်။စုပေါင်းဖယောင်းတိုင်ထွန်းငြိပြီးဆရာ ဒေးဗစ်နှင့်အာကာဗင်ကျောင်းမှကျောင်းသား ကျောင်းသူများက ငြိမ်းချမ်းရေးနှင့်လွတ်မြောက်ရေး ဆုတောင်း
သီချင်းများကိုသီဆိုဂုဏ်ပြုခဲ့ကြသည်။လက်ကိုင်ပို့စတာများဖြင့်မိမိတို့ ၏နှလုံးသားဆီမှစီးဖြာကျလာသောလွတ်
်မြောက်ရေးတောင်းဆိုသံများကိုပြသခဲ့ကြသည်။
သတင်းမှတ်တမ်း....မြန်မာပြည်သား

No comments:
Post a Comment