ယနေ့နေ့လည်ပိုင်းက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်းငံအတွင်းသီတင်းသုံးတော်မူကြသော မြန်မာသံဃာတော်များက မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်းအပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး-သန်းရွှေအား တောင်းဆိုချက်ထုတ်ပြန်လျှက် ဆန္ဒပြခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် ပညာ လာရောက်ဆည်းပူး ကြသည့်သံဃာတော်၃၅ ပါးတို့နှင့်ဘန်ကောက်မြို့ စိန်ကျွန်းတက္ကသိုလ်မှ
မြန်မာ ကျောင်းသား၆ယောက်၊မြန်မာအရေး လှုပ်ရှားတက်ကြွသူ၁၀ဦးနှင့်နိုင်ငံခြားသားတစ်ဦးတို့ ပူးပေါင်း၍ ၁နာရီကျော်ကြာဆန္ဒပြခဲ့ကြ သည်။နံနက်၁၁နာရီခန့် မှစ၍ကျောင်းသားများနှင့် မြန်မာအရေးလှုပ်ရှားတက်ကြွသူများက မြန်မာသံရုံးဘေးလမ်းကြားတွင်ပိုစတာ များ ကိုင်ဆောင်လျှက်အသံတိတ်မတ်တပ်ရပ်ဆန္ဒပြနေခဲ့ကြသည်။နေ့လည်၁၂နာ၇ီတွင် သံဃာတော်များကြွလာပြီး လမ်းဘေးတွင်ဆန္ဒမပြလိုကြောင်း စောင့်ကြပ်နေသော ထိုင်းပုလိပ်များနှင့်ညှိနှိုင်းပြောဆိုသော်လည်းအစပိုင်းတွင်ခွင့်ပြုချက်မရဖြစ်ခဲ့သည်။ ဦးဆောင်သံဃာ ကခွင့်ပြုပြု/မပြုပြု မြန်မာသံရုံးရှေ့ ကသာပြမည်ဖြစ်ကြောင်းပြန် လည်ပြောဆိုပြီးသာသနအလံကိုကိုင်ဆောင်လျှက် လမ်းလျှောက်၍မြန်မာသံရုံးရှေ့ သို့ကြွရောက်တော်မူခဲ့သဖြင့် ထိုင်းပုလိပ်များလက်လျှော့ခဲ့ရသည်။မြန်မာသံရုံ မျက်နှာစာရှေ့ တည် တည့်သိုရောက်သောအခါ နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီးနောက် မေတ္တာသုတ်တော်ကိုရွတ်ဖတ် သရဇ္ဖာယ်တော်မူကြသည်။ ထို့နောက်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ လိပ်မူတပ်ထားသော တောင်းဆိုချက်၃ ချက်ပါ စာကိုဖတ်ကြား သည်။ အဆိုပါစာတွင်ဒကာကြီး ဦးသန်းရွှေမကြာသေးခင်က ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကိုတရားစွဲဆိုနေကြောင်း ဦးဇင်းတို့ဘုရားသားတော်များသိမြင်ကြားသိနေရပါသည်။ဤအရေးအရာများမှာ တရားဓမ္မ နှင့် မလျှော်ညီသောကြောင့် ထိုင်းနိုင်ငံ ရောက် ရဟန်းသံဃာတော်များကအောက်ပါအချက်များကိုတောင်းဆိုလိုက်သည်။
(၂)ဘာသာရေးခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်
(၃)မြန်မာပြည် အနာဂတ်အရေးကို ရှေ့ ရှု၍ ဒကာကြီးတို့နှင့် နိုင်ငံရေးအဖွဲ့အစည်းများအားလုံး တွေ့ ဆုံဆွေးနွေးကြပါရန် တောင်းဆိုလိုက်သည်။မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းကြပါစေထိုင်းနိုင်ငံရောက်မြန်မာရဟန်းတော်များ ----------- ဟူ၍ဖြစ်သည်။ ဦးဆောင်ဆ၇ာတော် ဦးတေဇ က “ရဟန်းအာဇာနည် အရှင်ဂမ္ဘီရအပါအ၀င်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ကျောင်းသားခေါင်းဆောင်း တွေ၊နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပြီးတော့ တိုင်းပြည်ရဲ့ ပြဿနာကိုတွေဆုံဆွေးနွေးကြပါ။အမှန်တရားကိုရှာဖွေနေကြတဲ့လူတွေကိုထောင်သွင်းအကျဉ်းချလို့
တိုင်းပြည်ငြိမ်းချမ်းမှာမဟုတ်ဘူး။ကမ္ဘာကရော့ မြန်မာတစ်နိုင်ငံလုံးကပါ လက်မခံတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုရပ်တန့်ပြီးအများလက်ခံနိုင် တဲ့အခင်းအကျင်းပြင်ဆင် ကြပါ။ ပြည်တွင်းမှာရှိတဲ့ သံဃာတော်တွေကိုလည်းမေတ္တာရပ်ခံချင်ပါတယ်။အရှင်ဘု၇ားတို့အနေနဲ့ ဘု၇ားသားတော်ပီပီ ပြည်သူရှေ့ က အမှန်တရားဘက်ကရပ်တည်ပေးတော်မူကြပါလို့တပည့်တော်တို ရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရာ''ဟုမိန့်တော်မူသည်။ စိန်ကျွန်းတက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း“ကျနော်တို့ထိုင်းအာဏာပိုင်တွေဆီမှာဘယ်လို့ခွင့်ပြုချက်
ယူရတာကိုလည်းမသိဘူးလေ၊အန်တီစုကိုမတရားအမှုဆင် ရုံးတင်နေတာကိုကြားသိရလို့မခံချင်လို့သာလာပြရတာ။ဘုန်းကြီးတွေကြွလာမှ သံရုံးရှေ့ မှာ ဆန္ဒပြခွင်ရတယ်၊ကျနော်တို့အယင်သံရုံးဘေးလမ်းကြားမှာပဲပြခွင့်ရတယ်''ဟုပြောသည်။ ထိုင်းနိုင်ငံရောက်မြန်မာသံဃာတော်များက ပွဲအပြီးတွင် အရပ်ဆယ်မျက်နှာကိုမေတ္တာပို့သပြီးနောက် ပူးပေါင်းပါဝင်ကြသည့်မြန်မာ့အရေးလှုပ်ရှားတက်ကြွသူများက ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနဲ့အညီ ဦးချကန်တော့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိတတု သုံးကြိမ်းရွတ်ဖတ်ပြီးနောက်သာဓုသုံးကြိမ်းခေါ်ဆိုပြီးနောက် ယနေ့ဆန္ဒပြပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြသည်။ယမန်နေ့ကထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပခဲ့သကဲ့သို့ နိုင်ငံတကာတွင်လည်းဆန္ဒပြ လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြသည်။
ပေးပို့သူ... ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment