ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 22, 2009

ဘန်ကောက်မြို့ ယူအင်ရုံးရှေ့ တွင် မြန်မာသံဃာတော်များနှင့် မြန်မာ့ဒီမိုကရက်တစ်ကွန်ယက် အဖွဲ့တို့စုပေါင်းဆန္ဒပြ

> (Fri-22,May,2009)

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့ တွင်ဘန်ကောက်အခြေစိုက်စာသင်သားမြန်မာ
ရဟန်းတော်များနှင့်မြန်မာ့ဒီမိုကရက်တစ်ကွန်ယက်အဖွဲ့တို့စုပေါင်းဆန္ဒပြခဲ့ကြသည်။ဆန္ဒပြပွဲတွင်မေတ္တာပို့
ပရိတ်ရွတ်ဖတ်ခြင်း၊ကြွေးကြော်ဆန္ဒပြခြင်းများအပြင်ပူးပေါင်းအဖွဲ့များမှကိုယ်စားလှယ်များအားမဟာမင်းကြီး
်ကအရာရှိနှစ်ဦးကယူအင်ရုံးခန်းတွင်းသို့ဝင်ရောက်ခွင့်ပြုပြီးလက်ခံတွေ့ဆုံခဲ့သည်။စုစုပေါင်းအင်အားငါးဆယ်
ခန့်တို့သည်ယနေ့မွန်းတည့်၁နာရီမှစတင်ပြီ၁နာရီကျော်ကြာထုတ်ဖေါ် ဆန္ဒပြခဲ့...

ကြသည်။ဆန္ဒပြပွဲကို နမောတဿသုံးကြိမ်ရွတ်ဖတ်ပူဇေါ်ပြီးမေတ္တာသုတ်တော်ကိုသံဃာတော်များကရွတ်ဖတ်ပူ
ဇေါ်ကြပြီးနောက် တောင်ဆိုချက်များကိုမြန်မာ၊အင်္ဂလိပ်၂ဘာသာဖြင့်ဖတ်ကြားကြသည်။အရှင်ဦးတေဇက
“ကုလသမ၈္ဂအတွေထွေအတွင်းရေးမှု မစ္စတာဘန်ကီမွန်းအနေဖြင့်ဝင်ရောက်ဖြေရှင်းပေးဖို့ဦးဇင်းတို့လာရောက် တိုက်တွန်းရတာဖြစ်ပါတယ်။ လုပ်ပါ။ပြင်ပါ လို့ပြော နေရုံနဲ့မလုံလောက်တော့ဘူး၊ ထိရောက်တဲ့ဖြေရှင်းမှုမျိုးနဲ့ ကူညီပေးပါလို့တောင်းဆိုချင်ပါတယ်''ဟုမိန့်တော်မူပါသည်။ထို့နောက် ကွန်ယက်အဖွဲ့များမှ၊ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားသားအသင်း ကိုယ်စား ဦးမျိုးနိုင်၊ပြည်ပရောက်အမျိုးကျောင်းသားများအဖွဲ့ မအတွင်းရေးမှူး
(၁) ဦးအောင်သန်းဦးနှင့် ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်းဌာနခွဲ)မှ ဦး ခိုင်အံ့မောင် တို့ကယူအင်ရုံးထဲတွင် ရီ ၀က်ခန့်ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။ဆန္ဒပြတောင်းဆိုသူများ၏သဘောထားတောင်း
ဆိုချက်များကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံတကာဆက်ဆံရေးဌာနမှု ဦးမျိုးနိုင်ကအင်္ဂ
လိပ်ဘာသာစကား ဖြင့်ယူအင်အရာရှိအားရှင်းလင်းပြောကြားခဲ့သည်။ ဦးမျိုးနိုင်က“မတရားအမှုဆင်ဖမ်းဆီး ပြီးတော့ထောင်ဒဏ်ဆက်လက်ကျခံနိုင်ဖွယ်ဖြစ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကိဲု့အမြန်ဆုံးပြန်လွှတ်ပေးပါ။ပြီး
်တော့အရှင်ဂမ္ဘီရ၊ကိုမင်းကိုယ်နိုင်တို့ကိုဇာဂနာတို့အပါအ၀င်နိုင်ငံရေး အကျဉ်သားများ အားလုံးကိုချက်ချင်း ပြန်လွှတ်ပေးပါ။အဓီကထားပြောခဲ့တာကတော့ ရခိုင်ဒီမိုကရေဒီအဖွဲ့ ချုပ်ကထုတ်ပြန်ထားတဲ့အထဲမှာပါတဲ့
၁၉၉၀ပြည့်သြဂုတ်လ ၁၄ ရက်နေ့မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး ဖြစ်တဲ့ရခိုင်မြန်မာပဏ္ဍိတ်ဦးဦးသာ
ထွန်း ကို စစ်တွေအကျဉ်းထောင်တွင်း မှာ နအဖအစိုးရက အဆိပ်ဆေးထိုး၍သတ်ဖြတ်ခဲ့တယ်ဆိုတာရယ်၊
ယခုလည်းငြိမ်း ချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ကိုအဲလိုမျိုး မလုပ် လို့ မဆိုနိုင်ဘူးလေ။
ပြီးတော့ စစ်သားတွေရာချီပြီးစောင့်နေတာ ဒေါ်စုအိမ်နားကိုခွင့်ပြုချက်မရှိရင်တယောက်မှ ကပ်လို့မရအောင်
လုံခြုံရေုးယူထားတာ ။ဒါတွေကိုဖေါ်ထုတ်စစ်ဆေးပြီးတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုအမြန်ဆုံးပြန်လွှပ်ပါလို့ကျနော် ပြောခဲ့ပါတယ်'' ယူအင်ရုံးထဲသို့ကိုယ်စား လှယ်များဝင်ရောက်သွားချိန်တွင်
ရုံးရှေ့ တွင်ရှိနေကြသောသံဃာတော်များနှင့် လှုပ်ရှားတက်ကြွသူများက မိုးရွာထဲတွင် “ဒီမိုက ရေစီရရှိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများလွှတ်ပေးရေ၊ကုလသမဂ္ဂ ၀င်ရောက်ဖြေရှင်းပေးရေး''
တို့ကို အော်ဟစ်ကြွေးကြော်နေခဲ့ကြသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင်က“ဒေါ်စု
ကိုပြန်မလွှတ်မချင်းကျနော်တို့လုပ်နိုင်တဲ့အလုပ်တွေကို အမြဲလုပ်နေတယ်၊ ဘာအကျိုးသက်ရောက်နိုင်လဲဆို
တော့ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုခွန်အားဖြစ်စေတယ်၊နိုင်ငံတကာကလူတွေ
ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေကိုသိစေတယ်ဘာပဲပြောပြော ဒီနေ့ယူအင်အရာရှိ ကြီးတွေကို ပြောပြ
ရှင်းပြနိုင်ခဲ့တာ ကျနော်တို့တော်တော်ကျေနပ်တယ်''ဟုပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာသံရုံးရှေ့ တွင် အကျဉ်းထောင်ပုံထဲတွင် မြန်မာဝတ်စုံကိုဝတ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည် အဖြစ်သရုပ်ဆောင်ခဲ့ သော အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ (AI)မှ ကိုးရီးယားနိုင်ငံသူ Jeon Soojin က“ဒေါ်အောင်
ဆန်းစုကြည် ကိုမြန်မာတွေချစ်ခင်လေးစားကြသလို ကျမတို့ လည်းအထူးလေးစားပါတယ်။မြန်မာနိုင်ငံအတွက်
သာမက တကမ္ဘာလုံးကပါ လေးစားကြတဲ့သူပါ၊တိုင်းပြည်ကောင်းစားစေလိုတဲ့စေတနာနဲ့ လုပ်ကိုင်တတ်တဲ့သူမကို
ခုလို အမှုဆင်ပြီးထောင်ချအုံးမယ်ဆိုရင်တော့ ဒီလောက်မိုက်မဲတဲ့အစိုးရဆိုတာ ကမ္ဘာမှာရှိတော့မှာမဟုတ် တော့ဘူး၊ကျမတို့မြန်မာပြည်သူတွေခံ စားနေရတာကိုအထူးကိုယ်ချင်းစာပါတယ်''ဟုပြောသည်။ လာမည့်တနင်္ဂ
နွေနေ့တွင်လည်း အဆိုပါကွန်ယက်အဖွဲ့  ကသံဃာတော်များနှင့်ပေါင်းစည်းပြီး ဘန်ကောက်အခြေစိုက် ရုရှားသံ
ရုံးနှင့် တရုတ် သံရုံးရှေ့ တို့တွင်သွားရောက်ဆန္ဒပြကြဦး မည်ဖြစ်ကြောင်းသိရှိရသည်။ အဆို ပါကွန်ယက်အဖွဲ့တွင် ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ (ONSOB)ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ၊ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်(BAT)နှင့် မြန်မာဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲတို့ပူးပေါင်းဖွဲ့စည်းထားသော
အဖွဲ့ ဖြစ်သည်။

သတင်းဓာတ်ပုံ...ဦးကျော်သောင်း(ဘန်ကောက်)

(Fri-22,May,2009)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)