ထိုင်းနိုင်ငံမဟာချိုင်နယ်မြေအတွင်းရှိပုဇွန်လုပ်ငန်းခွင်အလုပ်သမားများနှင့် ခြုံဘူရီဒေသရှိဆန်စက်အလုပ်
်သမားများ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေရသည်။မဟာချိုင်သေသအတွင်းရှိ Ongkorn C.O.Ltd
-ကုမ္ပဏီ၊ မြန်မာအလုပ်သမားများအခေါ် OCS(လိမ္မော်)ရောင်ရုံပုဇွန်ရုံမှ၃နှစ်မှ ၆နှစ်အတွင်းလုပ်သက်ရှိသူမြန်မာအလုပ်သမား(၇)ဦးတို့အား နှစ်သစ်ကူကာလကအလုပ်ရပ်နားခဲ့သည်။အသက်၄၆ နှစ်အရွယ် ။
အဆိုပါအလုပ်ရုံတွင် ငါးနှစ်ကျော်ကြာဆက်တိုက်အလုပ်လုပ်ကိုင်ခဲ့သူ ဦးသောင်းက“ကျနော်ပီမိုင်မတိုင်ခင်
်ဆေးခွင့်ယူပါတယ်။နေကောင်းသွားတော့ ဆေးရုံက စာရွက်စာတမ်းတွေနဲ့ သွားပြပါတယ်။ ပီမိုင်ပြီးတော့ တ ရုတ်နှစ်သစ်ကူပြီးခက်ပြန်ခေါ်မယ်ပြောပါတယ်။ထပ်သွားတော့ သင်္ကြန်းပြီးလာခဲ့။ဲ့၊ပြီးတော့ မေဒေးနေ့လာခဲ့
ဒီလိုပဲ ခေါ်လိုက်သွားလိုက်နဲ့ကျနော်တို့ကိုအလုပ်ပြန်မခန့်တော့ဘူး။အစတုန်းကကျနော်တို့လူ(၇)ယောက်ပါ။
ခုအခြားကိုအလုပ်ဝင်သွားကြပြီ။ခု ကျနော်တို့လေးယောက်ကျန်သေးတယ်။အလုပ်ပြန်ရမယ်ထင်လို့စောင့်နေ
တာ ကျနော်တို့လေးလကျော်သွားပြီး အခက်အခဲတွေဖြစ်နေကြရတာပေါ့။ကျနော်တို့ကိုလူဟောင်းတွေမယူ
တော့ဘူးလို့ပြောတယ်။ဘတ်လည်းကျနော်တို့အဲဒီမှာလုပ်ထားတယ်။ခုစာရွက်စာတမ်းသွားတောင်းလည်းမရဘူး’’ ဟုပြောသည်။လူဟောင်းအလုပ်သမားများကိုမည် သည့်အကြောင်းကြောင့်လက်မခံသည်ကိုမသိရှိရသော်လည်း
စနေတနင်္ဂနွေမှလွဲ၍ကျန်နေ့များတွင်လူသစ်များကိုအမြဲလက်ခံလျှက်ရှိကြောင်းသူကပြောသည်။
အလားတူ ထိုင်းနိုင်ငံရပ်ခ်ျဘူရီခရိုင်။တန်ဘွန်နမ်ကယောက်၊အန်ဖေ ဘိုထာလန် အမှတ်၅၀/၁ ရှိ ဖွိုင်ချော့ ဖိုင်စစ် ဆန်စက်တွင် မြန်မာအလုပ်သမား၁၄ဦး အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုကိုခံနေ၇သည်။
ဆန်စက်အလုပ်သမား ကိုအောင်ကျော်က“ကျနော်တို့မနက်၇နာရီခွဲကနေ နေ့လည်၁၂နာရီထိလုပ်
ပြီးနေလည်၁၂နာရီ မိနစ်၄၀ဆိုရင်ပြန်ဆင်းရတယ်။ညနေ ၆နာရီမှအလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာ
နာရီဝက်၊နေလည်ထမင်းစားချိန် မှာမိနစ်၂၀ ညနေပိုင်းမှာ ၁နာရီအပိုလုပ်ပေးနေရတယ်။လုပ်အားခ
ကပိုမပေးပါဘူး။ လူသစ်ကို တစ်နေ့ ၁၅၀ လူဟောင်းဆိုရင် ၁၈၀ ပဲရပါတယ်။ အဆိုးဆုံးကလုပ်အားခ ၁၅ ရက်စာထုတ်မပေးဘူး။ရက်ပေါင်ထားရတယ်။ထွက်မယ် ဆိုရင်အဆုံးခံပြီးထွက်ရတယ်။သွားတောင်းရင်ပဲ
ဲဖြစ်ဖြစ် အလုပ်ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ် သူဌေးကိုသွားပြောရင်ပုလိပ်ကိုအဖမ်းခိုင်းလိုက်တော့တာပဲ’’
ဟုပြောသည်။အဆိုပါဆန်စက်တွင်မြန်မာအလုပ်သမား ၁၄ဦးရှိပြီး မမြင့်မြင့်အေးမှာ လုပ်ငန်းရှင်၏နေအိမ်
်တွင်အိမ်အလုပ်လုပ်ရသည်ဟုဆိုသည်။သူမက“ကျမမနက်၅နာရီမှာထပြီးသူဌေးအိမ်ကိုသွားရပါတယ်။
အလုပ်သမားတွေထမင်းစားဖို့ချက်ရပါတယ်။ဒီအိမ်မှာလူ၆ ယောက်ရဲ့ အ၀တ်အစားတွေကိုလက်နဲ့
လျှော်ရပါတယ်။ အ၀တ်လျှော်စက်လည်းမရှိဘူး။တနေ့ကိုထမင်းသုံးကြိမ်ချက်၊အ၀တ်လျှော်၊နေ့လည်ဘက်ကြမ်း တိုက် ၊ မီးပူတိုက်၊အပင်တွေရေလောင်း၊ညနေ ၈နာရီမှပြန်ရပါတယ်၊တစ်နေကုနနားရတယ်မရှိဘူး။တနေ့လုပ်
်အားခ ၁၁၀ ဘတ်ပေးပါတယ်၊နေမကောင်းလို့နားလို့မရဘူး၊ကျမပင်ပန်းလွန်းလို့တော်တော်စိတ်ပျက်မိပါ တယ်’’ဟုပြောသည်။ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း၏အမျိုးသမီးရေး
နှင့်စည်းရုံးရေးမှူးဒေါ်သက်သက်ဦက“အလုပ်သမားတွေအနေနဲ့ထိုင်းအလုပ်သမားရုံးမှာသွားပြီးအမှုရင်ဆိုင်မယ်
ဆိုရင် လိုအပ်တဲ့အထောက်အထားတွေပြည့်စုံရပါမယ်။ပြီတော့ကျမတို့အနေနဲ့နယ်မြေခြားပြီးသွားရောက်ကူညီ လိုမရနိုင်ပါဘူး၊နယ်မြေအခြေစိုက်အလုပ်သမားအရေဆောင်ရွက်တဲ့ အင်ဂျီအိုတွေထိထိရောက်ရောက် ကူညီ ပေးမှုလိုအပ်တယ်။ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ချိန်သတ်မှတ်ထားသလို လုပ်ခလည်းသတ်မှတ်ထားပေ
မယ့် မြန်မာအလုပ်သမားတွေဟာနေရာတိုင်းမှာအခွင့်အရေးချိုးဖေါက်မှုကိုခံနေကြရပါတယ်။ကျမတို့ကိုယ်တိုင်
်ကလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့်မရတော့ အလုပ်သမားတွေအတွက်ပိုပြီးအကာအကွယ်မဲ့ပါတယ်’
’ဟုပြောသည်။ဆန်စက်လုပ်သားများအပါအ၀င် အိမ်အလုပ်လုပ်သူများထံမှ ပုလိပ်ကြေးဆိုပြီးတစ်လကို ဘတ်
၅၀၀စီဖြတ်ကြောင်း၊အချိန်ပိုအခမဲ့လုပ်ပေးရမှု မနားမနေခိုင်းစေခံရရုံသာမက ကျေးကျွန်သဖွယ်ဆဲဆိုခံရမှုနှင့်
့် ရက်ပေါင်ကြေး၁၅ ရက်အလကားလုပ်ပေးရမှုတို့ကိုမကြေးနပ်၍အလုပ်သမားများထွက်သွားကြသော်လည်း
အဆိုပါအလုပ်ရုံသို့လူလိုသလောက်ကိုမွန်လူမျိုး ကိုမောင်မြင့် ကလူလာသွင်းပေးလေ့ရှိကြောင်း နှစ်ရှည်ကရင်
်အလုပ်သမား ကိုထူးအံ့ကပြောသည်။
သတင်း....ဦးကျော်သောင်း(ဘန်ကောက်)
မေ ၎

No comments:
Post a Comment