မေလ ၁ ရက် ၂၀၀၉
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် အလုပ်သမားအခွင့်အရေး အထောက်အကူပြု အဖွဲ့အစည်းများ မှ နေရာလေးနေရာခွဲပြီး ၁၁၉ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများ ယနေ့ ကျင်းပကြသည်ကို တွေ့ရသည်။ ထိုင်းနှင့်မြန်မာ ရွှေ့ပြောင်းအလုပ်သမား အကျိုး ဆောင်အဖွဲ့ အစည်းများပူးပေါင်းပြီး SAW အလယ်တန်းကျောင်း၌ကျင်းပသော မေဒေးနေ့ အခမ်းအနားတွင် ရခိုင်အလုပ်သမားတို့၏ ရခိုင်ရိုးရာ ယဉ်ကျေးမှုအက၊ SAW ရင်သွေးငယ် များ၏ အကအလှများ၊ မြန်မာအလုပ်သမားများအား ထိုင်းအလုပ်သမားဥပဒေကို မည်မျှနား လည်ကြောင်း ဥာဏ်စမ်း အမေးအဖြေလှုပ်ရှားမှုများ၊ အလုပ်သမားများကို ခွန်အားဖြစ်စေ သည့် သမိုင်းဝင် မေဒေးနေ့ သမိုင်းကြောင်း အမှတ်တရ စကားနှင့် အမှတ်တရ သီချင်းများ၊ ထိုင်းဘုရင်မင်းမြတ်အား ဂုဏ်ပြုသောအားဖြင့် အခမ်းအနားကို ထိုင်းဘုရင်မင်းမြတ် ကျန်းမာ ပါစေကြောင်း ဆုတောင်းခြင်းဖြင့် နိဂုံးချုပ်ကြခြင်း၊ အခမ်းအနားအပြီးတွင် မယ်တော်ဆေးခန်း ၌ အလုပ်သမားများသွေးလှူဒါန်းကြပုံများကို မှတ်တမ်းတင်ထားပါသည်။
သတင်းမှတ်တမ်း - မြန်မာပြည်သား …

No comments:
Post a Comment