ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 24, 2009

လူထုကျန်းမာရေးသတင်းများ..

> (Public Health)
*** ဦနှောက်တွင်း သွေးခဲနေမှုအား အုတ်နံရံဖောက်လွန်ပူသုံး၍ ကုသပေးနိုင်ခဲ့....
ဦနှောက်တွင်း သွေးခဲနေသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ် အနေအထား ရှိသော ဩစတြေးလျ လူငယ်အား ဆရာဝန်တစ်ဦးက အုတ်နံရံဖောက်သည့် လွန်ပူဖြင့် ကုသပေးခဲ့ ကြောင်းသိရသည်။ အသက်(၁၂)နှစ်အရွယ် နီကိုလက်စ်ရော့ဆီသည် အလွန်အမင်းခေါင်း ကိုက်မှုကြောင့် မခံမရပ်နိုင်ဖြစ်ကာ မေလ(၂၀)ရက်နေ့က ဗစ်တိုး ရီးယားရှိ မယ်ရီဘရော့ ဆေးရုံသို့ရောက်ရှိလာခဲ့သည်။ နီကိုလက်စ်၏ မိခင်ကာရင်သည် သူနာပြုတစ်ဦးဖြစ်ပြီး သူမ၏သားကိုကားမောင်းပြီးဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ သည်။ ဆေးရုံတွင်တာဝန်ကျနေသော ဒေါက်တာရော့ဘ်ကာဆန်က စစ်ဆေးမှုများ အလျင်အမြန် ပြုလုပ် ပြီးနောက် အသက်ဘေးအတွက် စိုးရိမ်ရလောက်သည့် သွေးခဲမှုတစ်ခု နီကိုလက်စ်၏ခေါင်းထဲတွင် ဖြစ်ပေါ်နေ ကြောင်းသိရှိခဲ့သည်။ “တစ်မိနစ်တောင် အချိန်ဖြုန်းလို့ မရတော့တဲ့ အနေအထားပါ”ဟု နောက်ပိုင်းတွင် ဒေါက် တာကာဆန်က ပြန်လည်ရှင်းပြခဲ့သည်။ ၎င်းအနေနှင့် သွေးခဲနေမှုအား အမြန်ဆုံးဖယ်ရှားနိုင်မည့် ခွဲစိတ်ခန်း သုံးကိရိယာကို စဉ်းစားမရတော့ဘဲ ကလေးငယ်၏ အသက်ကိုကယ်တင်နိုင်ရန်အတွက် အလျင်မြန်ဆုံး၊ အထိရောက်ဆုံးဖြစ်နိုင်မည့် နည်းလမ်းအား ရွေးချယ်လိုက်ကြောင်း ဒေါက်တာကာဆန်ကဆိုသည်။

*** နေ့စဉ်ပုံမှန်သွားတိုက်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်လျော့ကျစေနိုင်....

နေ့စဉ်ပုံမှန် သွားတိုက်သော အလေ့အထသည် နှလုံးထိခိုက်မှုနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေကြောင်း သိရသည်။ သွားကို ဂရုစိုက်ခြင်းသည် အန္တရာယ်ရှိသော အဆီခဲများ သွေးကြောနံရံများထဲ စိမ့်ဝင်သွားခြင်းအား ဟန့်တားပေးကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအဆီခဲများ သွေးထဲသို့ ရောက်မသွားခြင်းသည် နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်သည့် ဘက်တီးရီးယားများ ရှင်သန်ပေါက်ဖွားမှုကို လျှော့ချပေးလိုက်ကြောင်း သိရသည်။ ပညာရှင်များသည် ခံတွင်းအတွင်းတွင် ကပ်ငြိနေသည့် အဆီခဲများမှတဆင့် နှလုံးရောဂါကို ဖြစ်ပွားစေသော ကနဦးရောဂါတစ်မျိုးဖြစ်သည့် periodontitisအား ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးနိုင်ကြောင်း ကာလရှည်ကြာစွာ သံသယဖြစ်နေခဲ့သည်။ ထိုရောဂါသည် သွေးကြောများအတွင်း အဆီတက်မှုကို ပိုမိုများပြားစေပြီး လေဖြတ်ခြင်းကိုလည်း ပေါ်ပေါက်စေရန် အားပေးတတ်ကြောင်း သိရသည်။ နောက်ပိုင်းတွင်မူ အဆီခဲများတွင် ပါဝင်နေသည့် porphyromonas gingivalisအမည်ရှိ ဘက်တီးရီးယားကြောင့် သွေးကြောများ ပိတ်ဆို့မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။
*** အယ်လ်ဇိုင်းမားရောဂါအတွက် ဗီတာမင်-E အရေးပါ....
Real-worldဆေးဘက်ဆိုင်ရာ စစ်တမ်းသုတေသနအဖွဲ့၏ လေ့လာမှုများအရ ဗီတာမင်Eသည် ဦးနှောက်မှတ်ဥာဏ် လျော့ပါးမှုကို ဖြစ်စေသည့် အယ်လ်ဇိုင်းမား ရောဂါအား ဟန့်တားနိုင်ကြောင်း သိရှိရသည်။ ဗီတာမင်Eသည် လူအများ၏ အယ်လ်ဇိုင်းမား ဖြစ်လာနိုင်ဖွယ်ရှိသော ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို နှေးကွေးသွားစေသည့် အစွမ်းရှိကြောင်း အဆိုပါသုတေသနအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ အလီရာဇာအက်ထရီက ရိုက်တာစ် သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဗီတာမင်Eက အယ်လ်ဇိုင်းမားကို ဦးတည်လာတဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပြောင်းလဲမှုတွေကို သဘာဝအလျောက် ငြင်းဆန်တဲ့ ဂုဏ်သတ္တိမျိုးရှိနေတာ ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်ပြီး တခြားအကျိုးကျေးဇူး သေးသေးမွှားမွှားလေးတွေလည်း ရှိပါသေးတယ်။ အယ်လ်ဇိုင်းမား ဝေဒနာခံစားနေရတဲ့ လူနာတွေကိုတောင် ဗီတာမင်Eစနစ်တကျ ဖြည့်တင်းပေးသွားရန် ရောဂါကို ပိုပြီးဆိုးမလာဖို့ ဟန့်တားထားနိုင်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်”ဟု ၎င်းက ရှင်းပြခဲ့သည်။ မက်ဆာချူးဆက် အထွေထွေဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာအက်ထရီသည် ဘော်စတွန်ရှိ ဟားဗတ်ဆေးကျောင်းမှ ပညာရှင်များနှင့်လည်း အချက်အလက်များ ဖလှယ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၎င်းတို့သည် မှတ်ဥာဏ်များ ယုတ်လျော့လာသည့် အယ်လ်ဇိုင်းမား လူနာပေါင်း (၅၄၀)၏ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများကို လေ့လာခဲ့ပြီးနောက် ဗီတာမင်Eဖြည့်စွမ်းပေးသော လူနာများတွင် အယ်လ်ဇိုင်းမား၏ ဆိုးဝါးလာမှုနှုန်းသည် လျော့နည်းကျဆင်းလာသည်ကို တွေ့ခဲ့ရသည်။ အခြေအနေဆိုးနေသော လူနာများကို ဗီတာမင်Eယူနစ် များများပိုပေးသင့်ကြောင်းလည်း ပညာရှင်များကဆိုသည်။ လူနာများ၏ အခြေအနေကို (၃)နှစ်ခန့် စောင့်ကြည့်ခဲ့ပြီးနောက် ဗီတာမင်Eက အယ်လ်ဇိုင်းမားကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ရဖွယ် အခြေအနေများ ဖြစ်လာခဲ့ပြီး မိသားစုကို လုံးဝမမှတ်မိတော့သည့် အချို့လူနာများသည် ၎င်းတို့၏ သားသမီးများကို ပြန်လည်သိရှိလာကြောင်း ဆရာဝန်များက မှတ်တမ်းပြုစုထားနိုင်ခဲ့သည်။
*** ဝိုင်ခွက်တစ်ဝက် နေ့စဉ်သောက်ပါက အသက်ရှည်နိုင်....
ခွက်တစ်ဝက်စာမျှရှိသော ၀ိုင်အရက်ကို နေ့စဉ်သောက်သုံးပါက အသက်ရှည်စေကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ လေ့လာမှုများအရ အသက်(၄၀)ကျော် အရွယ်များသည် ၀ိုင်အရက် ခွက်တစ်ဝက်စီ နေ့စဉ်သောက်ပါက လူ့သက်တမ်းကို (၅)နှစ်မျှ ဆွဲဆန့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၀က်ဂန်နီဂျန် တက္ကသိုလ်မှ ပညာရှင်များသည် သက်လတ်ပိုင်းအရွယ် အမျိုးသား (၁၄၀၀)ကျော်တို့အား ၀ိုင်အရက်နှင့် အခြားအရက်အမျိုးမျိုးကို အုပ်စုများခွဲပြီး စာရင်းမှတ်ကာ လေ့လာခဲ့သောအခါ ၀ိုင်အရက်ခွက်တစ်ဝက်မျှ နေ့စဉ်သောက်သူများသည် ပျမ်းမျှသက်တမ်း (၄)နှစ်ခွဲခန့် ပိုနေခွင့်ရသော အခြေအနေများ တွေ့ရှိခဲ့ရသည်။ ထို့အပြင် တစ်နေ့လျင် ၀ိုင်နှစ်ခွက် (သို့မဟုတ်) ဘီယာနှစ်ပိုင့်ခန့် နေ့စဉ်သောက်သူများသည်လည်း လုံးဝအရက်မသောက်သူများထက် သက်တမ်း(၂)ခန့် ပိုနေနိုင်ကြောင်း သိရသည်။ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ခန္ဓာကိုယ်အား မည်သည့်အတိုင်းအတာထိ ထိခိုက်ပျက်စီးစေသည်ကို သိရှိလိုသောကြောင့် သုတေသနပြုလုပ်ခဲ့ရာမှ ယခုရလဒ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၀က်ဂန်နီဂျန် တက္ကသိုလ် အာဟာရပြုကျန်းမာရေးဌာနမှ ဒေါက်တာမာတီနက် စထရာပဲလ်က ပြောကြားခဲ့သည်။ ၀ိုင်နှင့်အရက်တို့တွင် နှလုံးသွေးကြောများ၏ လှုပ်ရှားမှုကို ကောင်းမွန်မြန်ဆန်စေသည့် ဓာတ်သဘာဝများ ပါရှိနေပြီး လူလတ်ပိုင်းအရွယ်တွင် အတိုင်းအတာနှင့် ချင့်ချိန်သောက်သုံးပါက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။ သို့သော်လည်း အလွန်အကျွံသောက်ပါက အသည်းပျက်စီးမှုအပြင် ကင်ဆာကဲ့သို့သော ရောဂါများအထိ ဦးတည်သွားနိုင်ကြောင်း ဒေါက်တာမာတီနက်က ရှင်းပြခဲ့သည်။ အရက်အနည်းငယ် သောက်ခြင်းထက် ၀ိုင်ခွက်တစ်ဝက်မျှ သောက်ခြင်းသည် ကျန်းမာရေးအတွက် ပိုသင့်တော်ကြောင်းလည်း ၎င်းက ထောက်ခံခဲ့သေးသည်။ ထို့အပြင် ၀ိုင်တစ်ခွက်စီမျှ နေ့စဉ်သောက်သော အမျိုးသားများသည် လုံးဝမသောက်သည့် အမျိုးသားများထက် သက်တမ်း(၃.၈)နှစ်ခန့် ပျမ်းမျှပိုနေရကြောင်းလည်း ဖြည့်စွက်ပြောဆိုသွားသည်။

*** နီကိုတင်းပါသည့်ပီကေ အစားများပါက ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုး...
နီကိုတင်းဓာတ်ပါသော ပီကေများ များများစားခြင်းသည် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို တိုးတက်လာစေကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။ ဆေးလိပ်နှင့် စီးကရက်များတွင် ထည့်သွင်းလေ့ရှိသည့် နီကိုတင်းဓာတ်ကို ပီကေအတွင်း ထည့်သွင်းထားလေ့ရှိတတ်ပြီး ထိုပီကေများကို အလွန်အကျွံစားပါက ခံတွင်းကင်ဆာ ဖြစ်ပေါ်နိုင်မည့် အန္တရာယ်မှာ တစထက်တစ များပြားလာမည်ဟု လန်ဒန်တက္ကသိုလ်မှ ဒေါက်တာမိုင်တက်ခ်တားက ပြောကြားခဲ့သည်။ နီကိုတင်းနှင့်အတူ ရောနှောပါဝင်နေလေ့ရှိသည့် ကတ္တရာဓာတ်နှင့် အခြားဓာတုဓာတ်ပေါင်းများကလည်း ခံတွင်းကင်ဆာဖြစ်စေသည့် FOXM1ဆိုသည့် ဗီဇဆဲလ်များကို လှုံ့ဆော်ပေးကြောင်း ဒေါက်တာတားက ရှင်းပြသည်။ ၎င်းသည် နှစ်ရှည်လများ ပီကေဆွဲစားနေသည့် လူနာ(၇၅)ဦးကို လေ့လာကြည့်ခဲ့ရာ ၎င်းတို့ခန္ဓာကိုယ်ရှိ ခံတွင်းကင်ဆာကို ခုခံနိုင်သည့် ကိုယ်ခံစွမ်းအားများ ပျက်စီးသွားချိန်တွင် အသစ်တစ်ဖန် အစားထိုးမှုမှာ သိသိသာသာ လျော့နည်းနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာတားက ဆိုသည်။ အချို့သည် ဆေးလိပ်ဖြတ်သည့်အနေနှင့် ပီကေကို အစားထိုး စားလေ့ရှိကြောင်း၊ ထိုအခြေအနေကို ကြာမြင့်စွာ ပြုလုပ်ခြင်းက အဆုတ်ကင်ဆာအစား ခံတွင်းကင်ဆာ ဖြစ်အောင်လုပ်နေသည်နှင့် အတူတူပင်ဖြစ်ကြောင်း ဒေါက်တာတားက ပြောကြားသွားသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူဦးရေ (၅၀၀၀)ကျော်တို့သည် ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရပြီး ဆရာဝန်များက ထိုဖြစ်ရပ်အတွက် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ပီကေစားခြင်း အလေ့အထများကို အပြစ်တင်လေ့ရှိသည်။ ယခင်သုတေသနပြုလုပ်မှု ရလဒ်များအရလည်း နီကိုတင်းသည် အကြိတ်များ ကြီးထွားလာမှုကို အားပေးကြောင်း ဖော်ပြထားခဲ့သည်။
***နေ့စဉ်ပုံမှန်သွားတိုက်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်လျော့ကျစေနိုင်....
နေ့စဉ်ပုံမှန် သွားတိုက်သော အလေ့အထသည် နှလုံးထိခိုက်မှုနှင့် လေဖြတ် ခြင်းတို့ ဖြစ်ပွားနိုင်ခြေကိုလျော့ကျ စေကြောင်းသိရသည်။ သွားကို ဂရုစိုက်ခြင်းသည် အန္တရာယ်ရှိသော အဆီခဲများသွေးကြော နံရံများထဲစိမ့်ဝင် သွားခြင်းအား ဟန့်တားပေးကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအဆီခဲများ သွေးထဲသို့
ရောက်မသွားခြင်းသည် နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်သည့် ဘက်တီးရီးယားများ ရှင် သန်ပေါက်ဖွားမှုကို လျှော့ချပေးလိုက်ကြောင်း သိရသည်။ ပညာရှင်များသည် ခံတွင်းအတွင်းတွင် ကပ်ငြိနေသည့် အဆီခဲများမှတဆင့် နှလုံးရောဂါကို ဖြစ်ပွားစေသော ကနဦးရောဂါတစ်မျိုးဖြစ်သည့် periodontitisအား ဖြစ်ပေါ် စေရန် လှုံ့ဆော်ပေးနိုင်ကြောင်း ကာလရှည်ကြာစွာ သံသယဖြစ်နေခဲ့သည်။ ထိုရောဂါသည် သွေးကြောများအ တွင်း အဆီတက်မှုကို ပိုမိုများပြားစေပြီး လေဖြတ်ခြင်းကိုလည်း ပေါ်ပေါက်စေရန် အားပေးတတ်ကြောင်း သိရ သည်။ နောက်ပိုင်းတွင်မူ အဆီခဲများတွင် ပါဝင်နေသည့် porphyromonas gingivalisအမည်ရှိ ဘက်တီးရီး ယားကြောင့် သွေးကြောများ ပိတ်ဆို့မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ အီတလီ နိုင်ငံ၊ မီလန်တက္ကသိုလ်မှ ဒေါက်တာမာရီယို ကလာရီဆီဦးဆောင်သော ပိုးသတ်ခြင်းဆိုင်ရာ လေ့လာရေးအဖွဲ့ သည် အဆီခဲများ မည်သို့ဖွဲ့စည်းလာသည်ကို စနစ်တကျ လေ့လာခဲ့ပြီးနောက် ထိုအဆီခဲများကို လျော့နည်းသွား စေသည့် အလွယ်ကူဆုံးနည်းမှာ ခံတွင်းကို သန့်ရှင်းစွာထားခြင်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း တို့သည် အသက်(၃၈)နှစ်မှ (၅၇)နှစ်ကြား စေတနာ့ဝန်ထမ်းအဖြစ် အစမ်းသပ်ခံသူ (၃၅)ဦးအား လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ ခံတွင်းသန့်ရှင်းမှုဆိုင်ရာ စစ်တမ်းများကို အသေအချာ ပြုစုခဲ့ကြသည်။ မလိုလား အပ်သော ဘက်တီးရီးယားများသည် ခံတွင်းထဲတွင် အများဆုံးရှိပြီး လည်ချောင်းမှတဆင့် သွေးကြောများထဲ စိမ့် ၀င်သွားတတ်ကြောင်း၊ ထို့ကြောင့်လည်း သွားတိုက်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်းသည် ဘက်တီးရီးယားများကို ဖယ်ရှားရာတွင် အလွန်အသုံးဝင်ကြောင်း ကလာရီဆီကဆိုသည်။ ၎င်းတို့၏ သုတေသနအဖွဲ့သည် ယခုအခါ အ ဆိုပါကိစ္စအတွက် လူနာ(၂၀၀)ကျော်ကို ထပ်မံလေ့လာ သုတေသနပြုနေကြကြောင်း သတင်းရရှိသည်။
***A/H1N1ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ခက်ခဲကြာမြင့်နိုင်ဟု WHOကြေညာ....
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)က A/H1N1တုပ်ကွေးအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးသည် မျှော် လင့်ထားသည်ထက် ခက်ခဲကြာမြင့်နိုင်ကြောင်း မေလ(၁၉)ရက်နေ့က တရားဝင် ကြေညာလိုက်သည်။ ထိုရောဂါ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းနှင့် WHO အကြီးအကဲ ဒေါက်တာ မာဂရက်ချန်းတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။ ကမ္ဘာတ၀ှမ်းမှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များစွာတို့သည် အဆိုပါတုပ်ကွေးကို တိုက်ဖျက်နိုင် မည့် နည်းလမ်းများကို WHO၏ ဂျီနီဗာမြို့ (၆၂)ကြိမ်မြောက် အထူးအစည်းအဝေးတွင် တင်ပြဆွေးနွေး သွားမည်ဖြစ်သည်။
ယခုအခါကမ္ဘာ့နိုင်ငံ(၄၀)သို့ A/H1N1တုပ်ကွေး ကူးစက်ပြီးဖြစ်သလို အနည်းဆုံး လူ(၉၈၀၀)ကျော်တွင် ရော ဂါဖြစ်ပွားနေပြီး လူ(၇၉)ဦးထက်မနည်း အဆိုပါရောဂါဖြင့် အနိစ္စရောက်ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် တုပ် ကွေးအဆင့်ကို (၅)အဖြစ် သတ်မှတ်ထားဆဲဖြစ်သော်လည်း ကမ္ဘာ့တုပ်ကွေး ကပ်ရောဂါကြီးအဖြစ် အဆင့်(၆)သို့ ရောက်ရှိလာမည်ကို စိုးရိမ်မိကြောင်း ဒေါက်တာမာဂရက်ကဆိုသည်။ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ က လက်ရှိအချိန်တွင် A/H1N1ကို သာမန်တုပ်ကွေး ဆေးဝါးများဖြင့်သာ ကုသနေရကြောင်း ပြောဆိုခဲ့ကြသော် လည်း ထိုဆေးဝါးများသည် A/H1N1ကို သက်သာစေသည်ဆိုသော အထောက်အထားများ မတွေ့ရကြောင်း လည်း ၀န်ခံခဲ့သည်။ ယခုအခါတုပ်ကွေးသည် အာရှဘက်သို့ ဆက်လက်ပြန့်နှံ့လာပြီဖြစ်ပြီး ဟောင်ကောင်အစိုးရကလည်း ၎င်းတို့ နိုင်ငံအတွင်း A/H1N1ဝေဒနာရှင်များ ရှိနေပြီဟု တရားဝင် ကြေညာလိုက်သည်။ ဂျပန်နိုင်ငံတွင်လည်း မေလ (၂၀)ရက်နေ့ထိ လူဦးရေ (၂၃၆)ဦး ရောဂါကူးစက်ခံရသလို တုပ်ကွေးသည်လည်း လျင်မြန်စွာ ဆက်လက် ပြန့် နှံ့နေဆဲဖြစ်သည်။ ဂျပန်အစိုးရသည် ကျောင်းအတော်များများကို ပိတ်ထားစေလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒေါက်တာမာဂရက်က ယခုကဲ့သို့ A/H1N1ကူးစက်မှု အလွန်မြန်ဆန်နေသည်ကို ဂရုတစိုက် စောင့်ကြည့်နေဆဲဖြစ်ပြီး အဆင့်(၆)အထိ တက်မသွားနိုင်ဟုလည်း အတိအကျ မပြောနိုင်သေးကြောင်း သတိပေးထားသည်။ WHOအနေဖြင့် ကမ္ဘာတဝှမ်းမှ ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများအား A/H1N1 ကာကွယ်ဆေး ထုတ်လုပ် နိုင်ပါက ထုတ်လုပ်သည့်ဆေး ပမာဏ၏ ၁၀ရာခိုင်နှုန်းကို လှူဒါန်းရန်နှင့် သို့မဟုတ် ဆင်းရဲသည့်နိုင်ငံများ အ တွက် ကာကွယ်ဆေးဈေးနှုန်းကို လျှော့ချပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

(Public Health)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)