ဘန်ကောက်မြို့ အနီး စမုတ်စာခွန်၊ကထုန်ဘန်မြို့ နယ်။အုန်းနွဲ့ နယ်မြေ၊ဖစိဖစ်လမ်းအနီးပတ်ဝန်းကျင်တွင်
ထိုင်းပုလိပ်များနှင့် လူဝင်မှုကြီးကြပ်ရေးပူးပေါင်းအဖွဲ့ တို့ကယမန်နေ့နံနက်စောစောက မြန်မာအလုပ်သ
မားများနံနက်အိပ်ယာထချိန်တွင် အခန်းတံခါးခေါက်ဖွင့်စေလျှက်ဒလကြမ်းဖမ်းဆီးလျှက်ရှိသည်။ဘတ်
ငွေ၅၀၀၀ ပေး၍လွတ်မြောက်လာသူကိုဖြိုးက“စောစော၆နာ၇ီလောက်မှာပါ၊ကျနောတို့အိပ်ယာ က
တောင်မထသေးဘူး၊တံခါးကိုခေါက်တယ်၊ဘတ်ရှိလားလို့မေးတယ်။အခန်းတိုင်းတံခါးလိုက်ခေါက်ပြီးဖမ်း
တယ်၊ကားလေးစီးနဲ့ ပုလိပ်နဲ့တောမော ၂၀ လောက်ရှိတယ်ရဲစခန်းထဲမှာကျနော်တို့အလုပ်သမားတွေ
၇၀လောက်ရှိတယ်၊ငွေပေးနိုင်မှပြန်လွှတ်ပါတယ်။မိန်းကလေးတွေရော့အများကြီးပဲကျနော်တို့အဆောင်
က ၇ယောက်ပါသွားတယ်သူဌေးကိုပုလိပ်ကြေးပေးပြီးလုပ်နေပေမယ့်မရဘူး။သူဌေးရွေးပေးတယ်''ဟု
ပြောသည်။အလုပ်သမားများဖမ်းဆီးခံရလျှင် ရဲစခန်းများသို့လိုက်လံဘာသာပြန်ကူညီပေးသူကိုဝမ်ချိုင်
က“သူတို့ဖမ်းနေတာကိုထိုင်းအခေါ်“ ဖိုးခေါင် မယောင် ''လို့ခေါ်တယ်၊ကြောင်ကုတ်ကုတ်တယ်။ဟိုနေရာ
တစ်ကွက် ဒီနေရာတစ်ကွက် လိုက်ဖမ်းတာပေါ့နှော်။ကျနော့်ကထုန်ဘန်ရဲစခန်းကစခန်းမှူးကိုမေးတယ်။
အလုပ်သမားတွေကိုဖမ်းလို့ရှိရင် နီးစပ်ရာရဲစခန်းကိုပို့ရမယ်လို့ပြောတယ်။ခုဟာကအဲလိုမဟုတ်ပဲပြီးတော
အဝေးကစခန်းမှာလူတွေကိုလှောင်ထားငွေတောင်းနေတယ်။ စာရွက်စာတမ်းတွေလုပ်ပြီးနယ်စပ်ကိုပြန်ပို့
ရမယ်လို့ဆိုပါတယ်။ဒီလိုမျိုးလုပ်စားနေတာတစ်လလောက်ရှိပြီလေ၊ကျနော်သိသလောက်ဆိုရင်အလုပ်သ
မား၃၀၀ ကျော်လောက်ရှိပြီ ငွေတောင်းပြီးစီးပွားရှာနေပြီ။ငွေပေးနိုင်တဲ့အထိဘယ်လောက်ကြာကြာစောင့်
နေတယ်''ဟုပြောသည်။အဆိုပါကထုန်ဘန်ရဲစခန်းတွင် ပုလိပ်ကဒ်နှင့် ပုလိပ်ဖုန်းကိုကိုင်ဆောင်လျှက် လမ်း
်သွားလမ်းလာမြန်မာများကို မြန်မာများဖြစ်ကြောင်း ထိုင်းပုလိပ်များကိုလက်ညှိးထိုးဖမ်းခိုင်းစေနေသောမွန်လူငယ်တစ်ယောက်လည်းရှိကြောင်းဆက်လက်ပြောသည်။လမ်းတွင်မြန်မာများအားမဖမ်းမိပါက မြန်မာအလုပ်
်သမားများနေထိုင်ရာရပ်ကွက်တွင်းသို့ ပုလိပ်ကားနှငလှည့်လည်မောင်နှင်းပြီးလိုက်လံဖမ်းဆီးနေကြောင်း
လည်းပြောသည်။အုန်းနွဲ့ ဖက်ကဆင်တွင်စက်ချုပ်အလုပ်လုပ်ကိုင်နေသောကိုတင့် က “ကျနော်တို့အုန်းနွဲ့ 
တံတားကြီးအောက်မှာ ပုလိပ်ဆိုင်ကယ်ကိုစီးပြီးပုလိပ်ဖုန်းကိုင်ပြီးလမ်းထောင့်ကစခန်းထဲကနေကားအတက်
အဆင်းမြန်မာတွေကိုဘယ်ဘက်ကလာတယ်၊ဘယ်ဘက်ကိုသွားတယ်လို့ညွှန်ပြပြီးလုပ်စားနေတဲ့ အယောင်
ဆိုတဲမွန်တစ်ကောင်ရှိတယ်။အသက် သုံးဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ခုအလုပ်သမားတွေကိုဖမ်း
ဆီးချုပ်နှောင်ထားတဲ့ရဲစခန်းနာမည်က စထန်နီဒန် ပိုတက် မဟာချိုင်မူမိုင် မြို့ ဘက်ပေါ့ အဲဒီမှာ''ဟုပြော
သည်။အလားတူယမန်နေ့က မဟာချိုင်ထိုင်ယူနစ်ပုဇွန်လုပ်ငန်းခွင်အနီး တွင်ထိုင်းပုလိပ်များအရပ်ဝတ်နှင့်
့်လာသည်ကို မြင့်သဖြင့် ဘတ်မရှိသောမြန်မာအလုပ်သမားများက ထွက်ပြေးသွားခဲ့ကြသော်လည်းဘတ်
်(အလုပ်လုပ်ကိုင်ခွင့်လက်မှတ်)ရှိုသူမြန်မာအလုပ်သမားမောင်အေးရွှေကထွက်မပြေးပဲ စက်ဘီးပေါ်တွင်ရပ် နေသည်။ထိုင်းပုလိပ်ကဘတ်ရှိကြောင်းသိရှိသဖြင့် အလုပ်သမားများကို အသိပေးလိုက်၍ဖမ်းမမိဟုယူဆ
လျှက်ထိုးကြိတ်ရိုက်နှက်ကန်ကျောက်ခံရသည်။အခြားတစ်ယောက်ကလာရောက်၍တောင်းပနသည်ကို
လည်းမျက်နှာကိုလက်သီးဖြင့်ထိုးနှက်ကန်ကျောက်ပြန်သဖြင့် အဆိုပါအလုပ်သမားနှစ်ယောက်မျက်နှာနှင့်
ခန္ဓာကိုယ်တို့တွင်ဖူရောင်ဒဏ်ရာများပြင်ထန်စွာရရှိသွားကြောင်း မျက်မြင်အလုပ်သမား ကိုစောကပြော
သည်။မဟာချိုင်နယ်မြေသည်မြန်မာအလုပ်သမားသိန်းချီရှိပြီး။ထိုင်းပုလိပ်များဖမ်းဆီးငွေညှစ်သော
နယ်မြေအဖြစ်အထူးနာမည်ကြီးသည်။လူကုန်ကူးခြင်း၊ရောင်းစားခံရခြင်းများဖြစ်ပွားလေ့ရှိရုံသာမက ထိုင်းဘာသာစကားကိုကျွမ်းကျင်စွာတတ်သော မွန်အမျိုးသားများနှင့်ပူးပေါင်းပြီးနေ့စဉ်နေတိုင်းမြန်မာ
အလုပ်သမားများကိုဖမ်းဆီးငွေညှစ်ခြင်းများရှိသည်။မဟာချိုင်နယ်မြေအတွင်းရှိ ထိုင်းပုလိပ်တိုင်းတွင် ဘာသာပြန်မွန်တစ်ဦးစီထားရှိပြီး၊မြင်နေကျမဟုတ်သောမြန်မာအလုပ်သမားများကိုဖမ်းဆီးခြင်း၊ဘတ်မရှိ
သောမြန်မာအလုပ်သမားများကိုဖမ်းဆီးခြင်းများကိုနေ့စဉ်နေ့တိုင်းလုပ်ကိုင်လျှက်ရှိသောနယ်မြေဖြစ်
ကြောင်းဒေသခံအလုပ်သမားများကပြောသည်။မဟာချိုင်နယ်မြေတွင်ရှိသောနယ်မြေခံအလုပ်သမား
်သမားအရေးဆောင်ရွက်သည့်အဖွဲ့များမှာလည်းထိုင်းပုလိပ်များ၊လူပွဲစားများခြေချင်းလိမလုပ်ကိုင်နေကြ
သည့်မတ၇ားမှုများကိုသိရှိသော်လည်းမြန်မာအလုပ်သမားများအတွက် ထိရောက်သည့်ကူညီဆောင်
်ရွက်မှုကိုမလုပ်ဆောင်နိုင်လောက်အောင်နာမည်ဆိုးဖြင့်ကျော်ကြား သောနယ်မြေဖြစ်ကြောင်းမြန်မာအလုပ်
်သမားအရေးဆောင်ရွက်သူများကပြောသည်။
သတင်း...ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment