>

မေလ ၁၈
ယနေ့အင်စိန်ထောင်တွင်းတရားရုံးတွင် မတရားအမှုဆင်ထောင်ဒဏ်ချ မှတ်ခံရဆဲဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင်ဆန္ဒပြတောင်းဆိုနေကြသည်။ယမန်နေ့ နေ့လည်ကထိုင်းနိုင်ငဘန်ကောက်မြို့ မြန်မာသံရုံရှေ့ တွင် ဘန်ကောက်အခြေစိုက် မြန်မာအရေးလှုပ်ရှားတက်ကြွသည့်အဖွဲ့ ( ၇)စုပေါင်းပြီးတစ်နာ ရီကျော်ကြာလူအင်အား(၅၀)ခန့်ဖြင့်သရုပ်ပြ/ကြွေးကြော်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ အမျိုးသမီးရေးရာဌာနမှူးဒေါ်သက်သက်ဦးက ပန်းရောင်လက်ရှည် အကျီ၊ချိတ်ထမီနှင့် ဒေါ်အောင်ဆန်းစုကြည်မျက်နှာပုံကိုတပ်ဆင်လျှက် လက်ထိပ်ခပ်ထားသည်။ သူမ၏ လက်တွင် “ကျမကို စစ်အစိုးရက မတရားဖမ်းဆီးချုပ်နှောင်ထားပါတယ်’’ဟူသောစာတမ်းကို မြန်မာ /အင်္ဂလိပ်နှစ်ဘာသာရေးထိုးထားသောစာရွက်ကိုကိုင်ဆောင်သရုပ်ပြသည်။ ဒေါ်သက်သက်ဦးက “ကျမကို စိတ်ဝင်စားလို့သတင်းသမားတွေဓါတ်ပုံရိုက်ကြတာမဟုတ်ပါဘူး၊ဒေါ်စုကိုလေးစားလို့ရိုက်ကြတာပါ။ ကျမတို့ တွေသရုပ်ဖေါ်ကြတာတွေဟာ ကြိုတင်ဇာတ်တိုက်ထားတာမဟုတ်ပေမယ့် အားလုံးပီပီပြင်ပြင် အားရပါးရ သရုပ်ဖေါ်ကြတာကိုကြည့်ပြီးကျမပျော်တယ်။ပြီးတော့ကျရာတာဝန်ကိုလုပ်သင်လုပ်ထိုက်တာတွေကိုကျမ တို့လုပ်ကိုင်ခွင့်ရတဲ့အတွက်လည်းသက်ဆိုင်သူတွေကိုကျေးဇူးတင်ပါတယ်။ပြီးတော့ ကျမတို့ တိုင်းပြည် ဒီမို ကရေစီရရှိနိုင်ရေးအတွက် ကျရာတာဝန်ကိုထမ်းဆောင်ကြဖို့အတွက်လည်းကျမတိုက်တွန်းချင်ပါတယ်’’ ဟုပြောသည်။ပူးပေါင်းပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ကိုစောလှဝင်းနှင့်ဇိုမီးအဖွဲ့မှ ကိုပါပူတို့ကအကျဉ်သားဝတ်စုံများဝတ်ဆင်ပြီးသံခြေကျင်းနှင့်လက်ထိပ်များခတ်လျှက် သရုပ်ဖေါ် ဆန္ဒပြခဲ့ကြသည်။ကိုစောလှဝင်းက“ဘ၀တူနိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ကျနော်တို့ သရုပ်ဖော်ကြ တာဖြစ်ပါတယ်။ဒေါ်စုအပါဝင်နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိကြုံနေ ရတာတွေကိုဖေါ်ပြချင်လို့ပါ၊ပြီးတော့ကျနော်တို့ကတော့လွတ်မြောက်နယ်မြေကို ရောက် ရှိလာခဲ့ပေမယ့် ထောင်ကျနေတဲ့နိုင်ငရေးသမား တွေရဲ့ ကံကြမ္မာတွေကိုကိုယ်တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးတာကြောင့်အထူးစိတ်မကောင်းဖြစ်မိပါတယ်’’ ဟုပြောသည်။ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့မှဥက္ကဌ ကိုခိုင်အံ့မောင်နှင့်အဖွဲ့က တပ်မ၂၂ ဘက် တံဆိပ်နှင့်ယူနီဖေါင်းအပြည့် စစ်သားနှစ်ဦးကန်ကျောက်ရိုက်နှက်ပုံကိုပီပြင်စွာသရုပ်ဖေါ်ခဲ့ကြသဖြင့်ယမန်နေ့ ဆန္ဒပြပွဲမှာ နိုင်ငံတကာမီဒီယာပေါင်းစုံမှ သတင်းထောက်များနှင့်ထိုင်းလုံခြုံရေးများကစိတ်ဝင်တစား ဗွီဒီယို နှင့်ဓါတ်ပုံများရိုက်ကူကြသည်။ဘန်ကောက်အခြေစိုက်ရခိုင်ဒီမိုကရေစီအဖွဲ့မှဥက္ကဌကိုခိုင်အံ့မောင်က“ကျ နော့်တို့၈၈ဒီမိုကရေစီရေးလူထုတော်လှန်ရေးကိုတပ်မ၂၂ကရက်ရက်စက်စက်ဖြိုခွင်းပစ်ခတ်ခဲ့တာကို ပြန်လည်အမှတ်ရစေဖို့နဲ့ဒီနေ့ဒီချိန်ခါဘယ်လောက်အထိရက်စက်နှိပ်ကွပ်နေတယ်ဆိုတာကိုကျနော်တို့ပီပီပြင်ပြင်သရုပ်ဖေါ်ကြတာဖြစ်ပါတယ်။နိုင်ငံတကာမီဒီယာတွေသိအောင်ကျနော်တို့သရုပ်ဖေါ်လိုက်ရတဲ့အတွက် ၀မ်း မြောက်ပါတယ်။ကျနော့်တို့နည်းတို့နည်းတူ နိုင်ငံတကာလှုပ်ရှားမှုတွေကတဆင့် ဒေါ်စုလွတ်မြောက်ရေး အ တွက်အထောက်အပံ့ဖြစ်နိုင်ပါစေလို့ဆုတောင်းပါတယ်’’ဟုပြောသည်။မေ၁၅ ရက်နေ့ကဂျပန်နိုင်ငံတိုကျိုမြို့ မြန်မာသံရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက်မြန်မာအသင်းမှဦးဆောင်ပြီးလူ၂၇၂ဦးတို့ကြွေးကြော်ဆန္ဒပြခဲ့ကြ သည်။မေလလ၁၆ ရက်နေ့ကဆွီဒင်နိုင်ငံယုစတားမြို့ အခြေစိုက် မြန်မာ့ဒီမိုကရက်တစ်အင်အားစု၄၀ခန့်ကမြို့ တစ်ပတ်လှည်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။အန္ဒိယ၊မလေးရှား၊လန်ဒန်၊အမေရိကန်အပါအ၀င်ကမ္ဘာ နိုင်ငံပေါင်းများစွာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆန္ဒပြခဲ့ ကြကြောင်းသိရသည်။ယနေ့နေ့လည်ပိုင်းတွင်ဘန်ကောက်မြို့ ရှိမြန်မာသံရုံးရှေ့ တွင်ထိုင်းအင်ဂျီအို များက လည်းဆန္ဒပြကြမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်း-ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment