အိုင်ဗရီကို့စ်အသင်းနှင့် ချဲလ်ဆီးကလပ်မှ ဒရော့ဘာသည် ယင်းနှစ်သက်သော မိန်းခလေးတစ်ဦးအား အိုင်ဗရီ ကို့စ်နိုင်ငံသို့ အလည်အပတ်ခေါ်၍ ထင်ရှားရာနေများကို ပြသနေသည်။ တစ်နေ့သော် စစ်တပ်ဝန်းထဲသို့ သွားပြီး ရိုင်ဖယ်သေနတ်များ လေ့ကျင့်ပစ်ခတ်ရာဆီသို့ ခေါ်သွားသည်။ စစ်သားများ၏ လက်နက်ပစ်သံကိုကြားသော အခါ မိန်းခလေးက ကြောက်လန့်တကြားဖြင့်
ဒရော့ဘာအားဖက်သည်။ ယင်းအတွက်ကြောင့် ဒရော့ဘာမှာ ကျေနပ်သွားသော်လည်း မိန်းခလေးက အားနာသွားကာ ဒရော့ဘာကို တောင်းပန်စကားဆိုသည်။
“အမှတ်တမဲ့မို့ လန့်သွားတာပါ” ထိုအခါ ဒရော့ဘာက ပြုံးလိုက်ပြီ
“ရပါတယ်… စိတ်မဆိုးပါဘူး။ ကဲ… လာဒီတစ်ခါလက်နက်ကြီးတွေ စမ်းပစ်တဲ့နေရာသွား ကြည့်ရအောင်….”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment