ဘန်ကောက်မြို့အနီး မဟာချိုင် ၀တ်ဟုန်အရပ်ရှိ မြန်မာအလုပ်သမားများနေ
ထိုင်ရာ တန်းလျားးတွင် ဆိုင်ကယ်စီးထိုင်းပုလိပ်
များက နို့စို့ကလေးမိခင်နှစ်ယောက်အားလက်ထိပ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်
သွားသည်။
လူမှုဝန်ထမ်းအလုပ်ကိုလုပ်ကိုင်နေသူ ကိုဝင်းဝင်းဇေါ်က“မနက် ၉ နာရီ
လောက်မှာ ဆိုင်ကယ်စီးပုလိပ်၂ ယောက်လာပြီးဖမ်းတယ် မြန်မာကလေးမိခင်၂ ယောက်ပါ အသက် ၂၈ /၂၉ အရွယ်တွေပါ။ ကလေးတွေကတော့၃လ
အရွယ်လေးတွေပါ။ ပြီးတော့ ၅နှစ်အရွယ်မိန်းကလေးငယ်တယောက်နဲ့၇ နှစ်
အရွယ် မိန်းကလေးငယ်တစ်ဦးစီကိုလက်မှာဆွဲသွားကြတယ်။ ဘာထူးခြားလဲ
ဆိုတော့ ၀တ်ဟုန်ရဲစခန်းနဲ့နီးတယ်လေ။
ပုလိပ်တွေကဆိုင်ကယ်နဲ့သွားတယ်။ကလေးချီထားတဲ့မိန်းမ၂ ယောက်ကိုလက်ပူးပြီးတော့လက်ထိပ်ခတ်ထားတယ်။လက်မှာဆွဲထားတဲ့ကလေး၂ ယောက်ကတော့ ငိုပြီးပါသွားတာပေါ့ဗျာ''ဟုပြောသည်။
မဟာချိုင်တွင်ရေလုပ်သားများအများစုနေထိုင်လုပ်ကိုင်ကြသဖြင့် အဖမ်းခံရသည့် အမျိုးသမီးငယ်များ၏ ခင်ပွန်းများမှာ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်
သွားသူများဖြစ်နိုင်ကြောင်းပြောသည်။ ယခုမွန်းလွဲချိန်ထိ အဆိုပါအမျိုးသမီးငယ်၂ဦး၊ ရင်ခွင်ပိုက်လသားအရွယ် ခလေးငယ်နှစ်ဦးနှင့် ကျန်ကလေး၂ ဦးတို့မှာ ၀တ်ဟုန် ပုလိပ်ရုံး မှန်ခန်းထဲတွင်ချုပ်နှောင်ခံထား
ရပြီး ပြင်ပမှ တစ်စုံတစ်ဦးမှ ဆက်သွယ်ကူညီပေးခြင်းမရှိသေးကြောင်းမျက်မြင်
တစ်ဦးက ပြောသည်။
ပေးပို့သူ ... ကိုကျော်သောင်း(ဘန်ကောက်)
ဇွန် ၃

No comments:
Post a Comment