ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 10, 2009

ဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း

> ***အင်္ဂလန်ဘောလုံးလောကသို့ နစ္စတယ်ရွိုင်း ပြန်လည်ရောက်ရှိဖွယ် ....
တော့တင်ဟမ် ဟော့စပါးအသင်းသည် ၎င်းတို့၏ တိုက်စစ်အင်အားကို ဖြည့်တင်းနိုင်ရေး အဓိက ခြေလှမ်းတစ် ရပ်အဖြစ် ရီးယဲလ်မက်ဒရစ်မှ ဒတ်ခ်ျလက်ရွေးစင် ရုဒ်ဗန်နစ္စတယ်ရွိုင်းအား ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေ ကြောင်းသိရသည်။ လန်ဒန်အခြေစိုက် ကလပ်အသင်း၏ လူထုဆက်ဆံရေး တာဝန်ခံက ပရီးမီးယားလိဂ်တွင် မှတ်တမ်းကောင်းများရှိသော မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းအား ပေါင်(၁.၂၅)သန်းဖြင့် ခေါ် ယူနိုင်ရန် အခြေအနေ ကောင်းနေကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

လာမည့်လတွင် အသက်(၃၃)နှစ် ပြည့် မည်ဖြစ်သော နစ္စတယ်ရွိုင်းမှာ ရီးယဲလ်တွင် ရနေသော လစာထက်လျော့နည်းသည့် တစ်ပါတ်လုပ်ခ ပေါင် (၇၀၀၀၀)ဖြင့် စပါးအသင်းက ကမ်းလှမ်းလာမှုကို လက်ခံဖွယ်ရှိကြောင်းလည်း သိရသည်။ ရီးယဲလ်အသင်းသည် ၎င်းတို့အသင်းမှ ပေါင်(၁၂)သန်းဖြင့် ခေါ်ယူခဲ့ပြီး ပရိသတ်များက Van Goalဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် တိုက် စစ်မှူးအား အသင်းမှ ထွက်ခွာရန် ခွင့်ပြုထားပြီးဖြစ်သည်။ နစ္စတယ်ရွိုင်းသည် အသင်းအတွက် ခြေစွမ်းပြနေခဲ့ သော်လည်း လွန်ခဲ့သော (၇)လက ဒူးဒဏ်ရာဟောင်း ပြန်ပေါ်လာပြီး တစ်ရာသီလုံး နားနေခဲ့ရသူလည်း ဖြစ် သည်။ ယခုအခါ ရီးယဲလ်အသင်းသို့ ဖလော်ရန်တီနို ပီရက်ဇ်တစ်ယောက် ဥက္ကဌအဖြစ် ပြန်လည်ရောက်ရှိလာ
ပြီး အသင်းမှ ကစားသမားများကို အပြောင်းအလဲများ ပြုလုပ်ရန် စတင်ပြင်ဆင်လာသဖြင့် နစ္စတယ်ရွိုင်း အသင်း မှထွက်ခွာရေး ပိုမိုနီးစပ်လာပြီဖြစ်သည်။ ဂိုးဧရိယာအတွင်း အလွန်ကြောက်စရာကောင်းသူအဖြစ် နာမည်ကျော် နေသော နစ္စတယ်ရွိုင်းကို ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားနေသည်။ သို့သော်လည်း နစ္စတယ်ရွိုင်းအနေ နှင့် နည်းပြကြီး ဟယ်ရီရက်နပ် ကိုင်တွယ်နေသော စပါးအသင်းသို့သာ ပြောင်းရွှေ့လာဖွယ်ရှိသည်။ ရက်နပ် သည် ဘောလုံးသမားဘ၀ နေ၀င်ချိန်သို့ ရောက်နေသော အကျော်အမော်များထံမှ အကောင်းဆုံး ခြေစွမ်းကို ညှစ်ယူနိုင်သူအဖြစ် နာမည်ကြီးနေပြီး ၎င်း၏လက်အောက်တွင် ပေါလ်မဆင်၊ နွမ်ဝိုကနူးနှင့် ဆိုးကမ့်ဘဲလ်စသည့် ကစားသမားကြီးများသည် တကျော့ပြန် တောက်ပခဲ့ဖူးသည်။ ရက်နပ်အနေနှင့် နစ္စတယ်ရွိုင်းအား ခေါ်ယူနိုင် ခဲ့ပါ က ရိုမန်ပက်ဗလျူချန်ကိုနှင့် ဒါရင်းဘန့်တို့အား ရောင်းချသွားဖွယ်ရှိသည်။ ထို့အပြင် ဘလက်ဘန်း ရိုဗာအသင်းမှ ပါရာဂွေးတိုက်စစ်မှူး ရောကွေးဆန်တာခရုဇ်ကို ပြန်လည်ခေါ်ယူကာ နစ္စတယ်ရွိုင်းနှင့် တွဲပေးပြီး ကြောက်စရာ အကောင်းဆုံး ရှေ့တန်းအတွဲတစ်ခု ဖန်တီးရန် ရက်နပ်တစ်ယောက် စိတ်အားထက်သန်နေကြောင်း သတင်းရရှိသည်။

Source: news.com

***Transformerဇာတ်ကား တိုကျိုအထူးပွဲမှာ ပရိသတ်ကိုဖမ်းစားခဲ့တဲ့ မီဂန်ဖောက်စ်....
ဇွန်လ(၈)ရက်နေ့ညက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ သတင်းမီဒီယာတွေကို စက်ရုပ်ကြီး တစ်ရုပ်နဲ့ မိန်းမချော လေး တစ်ယောက်တို့က ညှို့ငင်ဖမ်းစား ထားလိုက်ပါတယ်။ တိုကျိုမြို့၊ ရော့ပွန်ဂျီအရပ်မှာ ရှိနေတဲ့ တိုဟိုရုပ်ရှင်ရုံ အထူးပွဲကို (၁၆)ပေ အမြင့်ရှိတဲ့ စက်ရုပ်ကြီးနဲ့အတူ မင်းသမီး မီဂန်ဖောက်စ်က တက်ရောက်လာတဲ့အခါ ဂျပန်သတင်းသမားတွေ ၀ိုင်းဝိုင်းလည်နေတာပါပဲလို့ ကိုယ်တွေ့ ကြုံတဲ့သူတွေက ဖောက်သည်ချကြပါတယ်။ ဖောက်စ်ဟာ Transformers: Revenge of the Fallenဇာတ်ကားအတွက် တိုဟို ရုပ်ရှင်ရုံကို ရောက်လာတာ ပါ။ဖောက်စ်နဲ့အတူ အဲဒီဇာတ်ကားက တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ရှားလီဘော့ဖ်၊ အစ္စဘဲလ်လူးကက်စ်၊ ဂျို့
ရှ် ဒမ်းမဲလ်၊ ရေမွန်ရိုဒရီဂွတ်ဇ်နဲ့ တိုင်ရီးစ်ဂစ်ဘ်ဆန်တို့ဟု တိုဟိုကို ရောက်နေကြပေမယ့် ဖောက်စ်လောက်တော့ ပရိသတ် အာရုံစိုက်မှုကို မရကြရှာပါဘူး။ အဲဒီညပွဲမှာ ခရမ်းရောင် ပွဲတက်ဝတ်စုံနဲ့ လှချင်တိုင်းလှနေတဲ့ မီဂန်က ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းကတည်းက ရုပ်ရှင်ရုံရှေ့ကို ဂျပန်ပရိသတ် ရာပေါင်းများစွာ ရောက် လာပြီးတော့ သူတို့ချစ်တဲ့ ရွှေမင်းသမီးလေးကို နှုတ်ဆက်ဖို့အတွက် စောင့်နေခဲ့ကြတယ်လို့ ရုပ်ရှင်ရုံကတာဝန်ရှိ သူတွေက ပြောပါတယ်။ ကော်ဇောနီပေါ်မှာ ကြွကြွရွရွ လျှောက်လှမ်းနေတဲ့ ဖောက်စ်ကလည်း ဂျပန်လူထုကို ပြုံးပြုံးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ နှုတ်ဆက်သွားတဲ့အတွက် အပင်ပန်းခံ စောင့်နေခဲ့ရတဲ့ ပရိသတ်တွေအတွက် ဘ၀င်ခွေ့စရာပါပဲ။ ဒီအတွေ့အကြုံကို ဘယ်လိုခံစားရသလဲလို့ ဂျပန်မီဒီယာတွေက မေးတဲ့အခါ “အရင်က
တော့ နည်းနည်းစိမ်းနေသေးတယ်။ ဒါပေမယ့် ကျွန်မဟာ မင်းသမီးတစ်ယောက် ဖြစ်လာပြီဆိုကတည်းက သာမန်ဘ၀ကို မရနိုင်တော့ဘူးဆိုတာ နားလည်ထားပါတယ်။ကိုယ့်ကိုအားပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ရ
မယ်။ နှုတ်ဆက်နိုင်ရမယ်။ ကိုယ့်အိမ်က ထွက်လာပြီဆိုတာနဲ့ တွေ့သမျှလူတိုင်းက ဓာတ်ပုံရိုက်တာကို ခံနိုင်
ရည် ရှိရမယ်။ အနုပညာသည် ဘ၀ဆိုတာ သာမန်နဲ့တော့ အရမ်းကွာပါတယ်”လို့ ဖောက်စ်က ပြန်ဖြေသွား ပါ တယ်။ ဖောက်စ်လိုပဲ ပရိသတ်တွေ သဘောကျခဲ့တဲ့ ဇာတ်ကောင်ကတော့ ဇာတ်ကားထဲမှာ မင်းသားလီဘော့ဖ် စီးတဲ့ ချက်ဗလက်အမျိုးအစား Camroမော်ဒယ်လ် မော်တော်ကားကနေ အသွင်ပြောင်းသွားတဲ့ စက်ရုပ်ကြီး ဘမ်ဘလီဘီးပါပဲ။ ဒီအ၀ါရောင် စက်ရုပ်ကြီးဟာလည်း ရုပ်ရှင်အထူးပွဲ အောင်မြင်မှုအတွက် ပရိသတ်အာရုံကို ဖမ်းစားရာမှာ အရမ်းအရေးကြီးခဲ့တယ်လို့ ဂျပန်ပရိသတ်က သုံးသပ်နေပါတယ်။ Transformers: Revenge of the Fallenဇာတ်ကားကို ဇွန်လ(၁၉)ရက်နေ့ကျရင် ဗြိတိန်မှာ စပြီးရုံတင်တော့မယ်လို့လည်း သိရှိရပါတယ်။

Source: DailyMail

***Glamour မဂ္ဂဇင်း၏ ဖျော်ဖြေမှုအပေးစွမ်းနိုင်ဆုံး အမျိုးသမီးဆု ချယ်ရီကိုးလ်ရရှိ ....
နာမည်ကြီး Glamourမဂ္ဂဇင်းက ကောက်ယူသော တစ်နှစ်တာအတွင်း ဖျော်ဖြေမှု အပေးစွမ်းနိုင်ဆုံး အမျိုးသမီး ဆုကို ချယ်ရီကိုးလ်က ရရှိသွားသည်။ Girls Aloudအဖွဲ့မှ အဆိုတော်မလေးအား စာဖတ်ပရိသတ် အများစုက မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ အသက်(၂၅)နှစ်ရှိပြီဖြစ်သည့် ချယ်ရီသည် အမျိုးသားကြိုက် FHMမဂ္ဂဇင်း
ြ ကီး၏ တစ်နှစ်တာအတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဆုနှင့် Tatler ပရိသတ်များက ရွေးချယ်သော ၀တ် စားဆင်ယင်မှု အသပ်ရပ်ဆုံးဆု၊ ပြုံးအလှပိုင်ရှင်ဆုများကိုလည်း ရရှိထားပြီးဖြစ်သည်။ Glamourက ကောက်ခံ သော စစ်တမ်းတွင် X Factorဒိုင်လူကြီးအဖြစ်လည်း ဆောင်ရွက်နေသည့် ချယ်ရီသည် Girls Aloudအဖွဲ့ နှင့် အတူ Glamour၏ တစ်နှစ်တာအတွက် အကောင်းဆုံး အမျိုးသမီးအဆိုတော်အဖွဲ့ ဆုကိုလည်း လက်ခံရရှိ ထားသဖြင့် သူမအတွက် ဒုတိယမြောက် Glamourဆုကို ရရှိခြင်းဖြစ်သည်။ အင်္ဂလန် ဘောလုံးသမား အက်ရှ် လေ ကိုးလ်၏ ဇနီးဖြစ်သူ ဗြိတိသျှ အဆိုတော်မလေးအား Glamourက ဖျော်ဖြေမှု အပေးစွမ်းနိုင် ဆုံး အဖြစ်ရွေး ချယ်ခဲ့သလို ကိုင်လီမိုင်းနော့ဂ်ကို တစ်နှစ်တာ အမှတ်တရ အရှိဆုံး ဗြိတိန်အမျိုးသမီးဆု၊ East Endersဇာတ် ကား မှ မင်းသမီး မစ်ချယ်လ်ရိုင်ယန်ကို တစ်နှစ်တာ အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်မင်းသမီးဆုများအတွက် အ သီးသီး ရွေးချယ်ခဲ့သည်။ Glamourသည် အဆိုပါဆုများကို ၎င်း၏ စာဖတ်ပရိသတ်များထံမှ ဆန္ဒမဲကောက်ယ
ပြီး နှစ်စဉ်ပေးအပ် ချီးမြှင့်လာခဲ့သည်မှာ (၆)နှစ်တိုင်တိုင် ရှိနေပြီဖြစ်သည်။ Glamourမှ ပေးအပ်ချီးမြှင့်သောမျိုး ဆက်သစ် အနုပညာရှင်ဆုကို အဆိုတော်မလေး ကိတ်ပယ်ရီက ရရှိသွားကြောင်း သတင်းရရှိသည်။

Source: GoogleNews

***အင်္ဂလန်ဘောလုံးလောကသို့ နစ္စတယ်ရွိုင်း ပြန်လည်ရောက်ရှိဖွယ် ....

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)