ပျော်ရတာက နည်းနည်း
လျော်ရတာက များများမို့လို့
ငါတို့ကို လွတ်လပ်ခွင့်တွေ ပိုပေးပါအုံး…။
*** အခုလုပ်နေတဲ့ အလုပ်ကိုလည်း
ဖြစ်နိုင်ရင် မလုပ်ချင်တော့ဘူး
စက်ရုံတန်းလျားက နံရံကို
ဂစ်တာနဲ့ ရိုက်ခွဲတော့
နံရံကနည်းနည်းလေးပဲ့သွားတယ်။
ဒါပေမယ့်… ထူးထူးခြားခြားကြီး
ပြောင်းလဲသွားတာ မတွေ့ရပါဘူး…။
*** မကျေနပ်ဘူး…
မထူးတော့တဲ့ ရွှေ့ပြောင်းဘ၀ကိုလေ
အပိုဘာမှမရှိ…. လိုနေတာ သာရှိတဲ့ဘ၀ကိုလေ….။
*** လွတ်လပ်ခွင့်ကို
ပိုပြီးလိုချင်တယ်…
ချုပ်ချယ်မှု၊ သွေးစုတ်မှုတွေကြားမှာ
လွတ်လပ်ခွင့်များ ဘယ်မှာရှိပါသလဲ…
ရသမျှနဲ့ ရောင့်ရဲနေရတဲ့ဘ၀မှာ
ရဲစွမ်းသတ္တိတွေ ဘာလို့ငုတ်လျှိုးနေကြတာလဲ…။
*** လွတ်လပ်ချင်ပြီ၊ လွတ်လပ်လိုပြီ
ရီချင်ကြပြီ၊ ပြုံးချင်ကြပြီ
အမေနဲ့ ရွာကိုလည်းလွမ်းလှပြီ
ဒီမိုကရေစီရေ……
မြန်မြန်လာပါဟေ့…..။
ပေးပို့သူ- ဆွေသဟာ (ဘန်ကောက်ရောက် ရွှေ့ပြောင်းတဦး)
*** ရွှေ့ပြောင်းအလုပ်သမားဘ၀မှာ
ပျော်ရတာက နည်းနည်း
လျော်ရတာက များများမို့လို့
ငါတို့ကို လွတ်လပ်ခွင့်တွေ ပိုပေးပါအုံး…။
*** အခုလုပ်နေတဲ့ အလုပ်ကိုလည်း
ဖြစ်နိုင်ရင် မလုပ်ချင်တော့ဘူး
စက်ရုံတန်းလျားက နံရံကို
ဂစ်တာနဲ့ ရိုက်ခွဲတော့
နံရံကနည်းနည်းလေးပဲ့သွားတယ်။
ဒါပေမယ့်… ထူးထူးခြားခြားကြီး
ပြောင်းလဲသွားတာ မတွေ့ရပါဘူး…။
*** မကျေနပ်ဘူး…
မထူးတော့တဲ့ ရွှေ့ပြောင်းဘ၀ကိုလေ
အပိုဘာမှမရှိ…. လိုနေတာ သာရှိတဲ့ဘ၀ကိုလေ….။
*** လွတ်လပ်ခွင့်ကို
ပိုပြီးလိုချင်တယ်…
ချုပ်ချယ်မှု၊ သွေးစုတ်မှုတွေကြားမှာ
လွတ်လပ်ခွင့်များ ဘယ်မှာရှိပါသလဲ…
ရသမျှနဲ့ ရောင့်ရဲနေရတဲ့ဘ၀မှာ
ရဲစွမ်းသတ္တိတွေ ဘာလို့ငုတ်လျှိုးနေကြတာလဲ…။
*** လွတ်လပ်ချင်ပြီ၊ လွတ်လပ်လိုပြီ
ရီချင်ကြပြီ၊ ပြုံးချင်ကြပြီ
အမေနဲ့ ရွာကိုလည်းလွမ်းလှပြီ
ဒီမိုကရေစီရေ……
မြန်မြန်လာပါဟေ့…..။
ပေးပို့သူ- ဆွေသဟာ (ဘန်ကောက်ရောက် ရွှေ့ပြောင်းတဦး)


No comments:
Post a Comment