ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးမှာ အခွန်ငွေတိုးမြှင့်ကောက်ခံသဖြင့် ပရီးမီးယားလိဂ်ဘောလုံးအသင်းများ မကျေမနပ်ဖြစ်ကြသည်။ ဤတွင်ဝန်ကြီးက ပြည်သူများ၏ သဘောထားကိုသိလို၍ လေ့လာရန်ဆုံးဖြတ်ကာရုပ်ဖျက်၍ ပြည် သူများကြားသွားရောက်စုံစမ်သည်။ တစ်နေရာအရောက်တွင် တန်ဖိုးကြီးအ၀တ်အစားမဟုတ်သော်လည်း သန့် 
့်ပြန့် စွာဝတ်စားထားသော လူတစ်ယောက်ကိုတွေ့ရာ သွားရောက်မေးမြန်းပြန်၏။
“တစ်ခုမေးပါရစေ။ တကယ်လို့ ၀င်ငွေကောင်းတဲ့လူတွေရဲ့ အခွန်ငွေကို ၅၀-ရာခိုင်နှုန်း မြှင့်လိုက်တယ်ဆိုရင် ခင်ဗျားတို့အနေကျပ်သွားမလား…”
“အထွေအထူး ကျပ်သွားစရာအကြောင်းမရှိပါဘူး…”
ဝန်ကြီးချုပ်ဝမ်းသာသွားပြီး အာတက်တရောဆက်မေးသည်။
“ဟား… တယ်ဟုတ်လှချည်လား။ တကယ်လို့ အားလုံးကိုအခွန်ငွေ ၉၀-ရာခိုင်နှုန်းတိုးလိုက်မယ်ဆိုရင်ရော…”
“ဒါဆိုရင်တော့ တိုက်တစ်လုံးဆောက်ရမလားပဲ…”
“ဟုတ်ပါလားကွ… ဒါနဲ့ နေပါဦး… ခင်ဗျားက ဘာအလုပ်လုပ်သလဲဗျ…”
“သုဘရာဇာပါ…”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ။
ဘာသာပြန်သူ- အိတ်တင်း
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment