(လန်ဒန်၊ ဇွန် ၁၃ရက်)
အက်သလက်တီကို ကလပ်နှင့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး တစ်ဦးဖြစ်သော အဂူရိုအား အင်္ဂလန် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်းက ပေါင်သန်း ၄၀-ဖြင့် ကမ်းလှမ်းလိုက်ကြောင်း သတင်းရရှိသည်။ အသက် ၂၀-နှစ်အရွယ်သာရှိသေးသည့် အဂူရိုသည် ဥရောပကလပ်အသင်း အများအပြား ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။ အဂူရိုအား ခေါ်ယူနိုင်ရေးအတွက် အခြားအင်္ဂလန်ကလပ် အသင်း များဖြစ်ကြသော စပါး၊ မန်ယူနှင့် မန်စီးတီးတို့ကလည်း ကြိုးစားသွားဖွယ်ရှိကြောင်း သိရသည်။ (အင်တာနက်)
*** ဗန်ပါစီအား ခေါ်ယူရန် မော်ရင်ဟိုပြင်ဆင်နေပြီ...
(ရောမ၊ ဇွန် ၁၃ရက်)
အသင်းတွင် တိုက်စစ်မှူးအားဖြည့်တင်းရန်အတွက် အာဆင်နယ်အသင်းမှ ဟော်လန်တိုက်စစ်မှူး ဗန်ပါစီအား ပေါင် ၂၅-သန်းပေးပြီး ခေါ်ယူနိုင်ရန် အင်တာမီလန်နည်းပြမော်ရင်ဟိုက ပြင်ဆင်နေကြောင်း သိရသည်။ အာဆင်နယ်အသင်းမှာ ဆုဖလားများနှင့် ဝေးကွာနေသည်မှာ ၄-နှစ်တိတိပင် ရှိလာပြီဖြစ်သောကြောင့် သူ့အနေဖြင့် အာဆင်နယ်အသင်းတွင် မပျော်ရွှင်တော့ပဲ အခြားအသင်းကြီးတစ်သင်းသို့ပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အာဆင်နယ်မှ ထွက်ခွာလိုနေသော ဗန်ပါစီအား ခေါ်ယူနိုင်ရေးမှာ မော်ရင်ဟိုအတွက် အဆင်ပြေနိုင်သော်လည်း ယင်းအားပေးရမည့် လစာမြင့်မားမှုက အဓိကပြဿနာဖြစ်နေကြောင်း မီဒီယာများက သုံးသပ်ထားသည်။ (အင်တာနက်)
*** အဂူရိုအား ပေါင်သန်း ၄၀-ဖြင့် ချယ်လ်ဆီးကမ်းလှမ်းပြီ...

No comments:
Post a Comment