ယမန်နေ့ တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ တွင် မြန်မာစစ်အစိုးရမတရား လုပ်ကိုင်နေမှု
ကို ထိုင်းပြည်သူများ၊အစိုးရနှင့်ထိုင်းကျောင်းသားများပိုမိုသိရှိစေရန်ရည်ရွယ်ပြီး ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမို ကရက်တစ်အင်အားစု BDN က စတင်လိုက်သည်။ မြန်မာ ဒီမို ကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ၆၄ နှစ်ပြည့်မွေးနေ့ ကို ဘန်ကောက်မြို့ လယ်ရှိ မာဘိုခေါင်းကုန်
တိုက်ရှေ့ တွင် ၂နာ၇ီကြာကျင်းပခဲ့ကြသည်။အဆိုပါအဖွဲ့  ဗဟိုကော်မီတီ ကိုသန်းဖေက “ကျနော်တို့ 
ထိုင်းဘာသာနဲ့ စာရွက်တွေ ထောင် ချီပြီးဖြန့် ပါတယ်။အင်္ဂလိပ်တွေကို အင်္ဂလိပ် ဘာသာနဲ့ ဖြန့် ပြီးမြန်မာ တွေကိုမြန်မာစာနဲ့ ရိုက်နှက်ပြီးဖြန့် ပါတယ်။ နောက်နေ့ တွေမှာ တက္ကသိုလ်တွေ၊ကုန်တိုက်ကြီးတွေ ကိုသွား
ပြီးဝေပါအုံးမယ်''ဟု ပြောသည်။ အလားတူ ဦးဆောင် ပါဝင်သူတစ်ဦးဖြစ်သူ ခိုင်အံ့မောင်ကလည်း“ ထိုင်းပြည်သူတွေ ကျနော်တို့ တိုင်းပြည်မှာဖြစ်ပျက်နေတာကို ပိုသိသွားရင် သူတို့ ကတဆင့် အုပ်ချုပ် သူတွေဆီကိုရောက်သွားမယ် ပြီးတော့ထိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဌ ရော အထွေထွေအတွင်း
ရေးမှူးတာဝန်ပါယူထားတော့ မြန်မာနိုင်ငံ ကိုပိုမို ထိရောက်တဲ့ အရေးယူဆောင် ရွက်မှုတွေလုပ်ဆောင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ခုလိုစာရွက်ဝေတဲ့ကန်ပိန်းလုပ်ရခြင်းဖြစ်ပါတယ်''ဟုပြောသည်။
ညနေ၄နာရီခွဲတွင် ဖယောင်တိုင် ၆၄တိုင်ထွန်းညှိပြီး မွေးနေ့ ကိတ်ကိုလှီးဖြတ်ပြီး ဟက်ပီးဘတ်ဒေးဒူးယူ သီချင်းကိုပြိုင်တူသီးဆိုခဲ့ကြသည်။နောက်ခံဆိုင်းဘုတ်ပိတ်အဖြူတွင်အင်္ဂလိပ်၊ထိုင်းဘာသာဖြင့်ဒေါ်အောင်
ဆန်းစုကြည်လွတ်မြောက်ပါစေဟုရေးထိုးထားသည်။လမ်းသွားလမ်းလာလူများကို စာရွက်များဝေငှရုံမက ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံ ၂၀၀ ကိုလည်းဖြန် ဝေခဲ့သည်။အလုပ်အားလပ်ရက်တိုင်းစဉ်ဆက်မပြတ်
ထိုင်း လူထုများသိရှိအောင်အကန့် အသတ်မရှိဖြန့် ဝေသွားမည်ဟု သတင်းပြန်ကြား ရေးတာဝန်ခ
ံဦး မျိုးနိုင်ကဆိုသည်။ဘန်ကောက် တာမဆပ်တက္ကသိုလ်တွင်လည်းထိုင်းအင်ဂျီအိုများက ဒေါ်အောင်
ဆန်း စုကြည်မွေးနေ့ ကျင်းပခဲ့ကြောင်းသိရသည်။
သတင်း...ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment