ဇွန် ၂၆
ဘန်ကောက်မြို့ အိုင်ဒီစီအချုပ်ကြီးမှ ၀က်တုတ်ကွေးဖြစ်နိုင်ခြေရှိသူနိုင်ငံခြားသားရာပေါင်းများစွာကို သက်ဆိုင်ရာ နယ်စပ်များသို့ ယမန်နေ့ က ပိုဆောင်လိုက်ကြောင်း ယနေ့ ထိုင်းဘာသာဖြင့်ထုတ်ဝေသော ဒေးလီးနယူး သ တင်း စာတွင်ဖေါ်ပြထားသည်း။မြန်မာ၊ကမ္ဘောဒီယား၊လာအို နိုင်ငံများမှ စာရွက်စာတမ်းမပြည့်စုံသော ရွေ့ ပြောင်း အလုပ် သမား ၅၀၀ ကျော်ကို ဘတ်စကားကြီး၈စီးဖြင့်ပို့ ဆောင်လိုက်ကြောင်း သတင်းစာ၏မျက်နှာ ဖုံးတွင်ဖေါ်
ပြထား သည်။ဆေးရုံကိုသွားရောက်ပြသသောနိုင်ငံခြားသားတစ်ဦးတွင်ဝက်တုတ်ကွေးရောဂါရှိကြောင်းတွေ့ ရှိရသဖြင့် ရောနှောချုပ်နှောင်ထားသောအဆိုပါ အလုပ်သမားများကိုပါသံသယရှိသဖြင့် ပြန်လည်ပို့ ဆောင်ပေး ခြင်းဖြစ်သည်။အဆိုပါ ရာပေါင်းများစွာသောအလုပ်သမားများကို သက်ဆိုင်ရာနယ်စပ်များသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့သော်လည်း။ပြစ်မှုကြီးသူများနှင့်မြန်မာအလုပ်သမား ၁၀ ဦး ကမ္ဘောဒီယား၁၀ဦး၊လာအို၁၀ဦးတို့ ကို ၀က် တုတ်ကွေးရောဂါကူစက်ပျံ့ နှံ့မှုရှိ/မရှိ သိရှိနိုင်ရန် သီးခြားစီခွဲခြားချုပ်နှောင်ထားပြီး ကျမ္မာရေးအဖွဲ့ က အနီးကပ်စောင့်ရှောက်လျှက်ရှိကြောင်း သတင်းစာတွင်ဖေါ်ပြထားသည်။ထိုင်းနိုင်ငံတွင်နောက်ထပ်ကူးစက်ခံရသူ ၆၉ ဦး ရှိနေပြီး၊ရောဂါဖြစ်နေသူပေါင်း၁၀၅၄ ဦးရှိနေပြီးဖြစ်ကြောင်းထိုင်းကျမ္မာ ရေးဝန်ကြီးဌာနကတရား ၀င်ထုတ်ပြန် ကြေညာထားသည်။ဒေသတွင်းမလေးရှားနိုင်ငံတွင်၈၀ ဦး၊ စင်ကာပူနိုင်ငံတွင်၂၂၀ ဦး၊ ဗီယက်နမ်တွင်၅၆ ဦး၊ လာအိုတွင်၃ ဦး၊ အိန္ဒိယတွင်၅၉ ဦးနှင့်ဘင်္ဂလားဒေ့ခ်ျတွင် ၇ ဦး ရောဂၝ ကူးစက် ခံနေ ရကြောင်းသတင်း များ တွင်ဖေါ်ပြထားသည်။အလားတူ မြန်မာနိုင်ငံတွင်လည်းရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံ သား အမျိုးသားတဦးဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင် တစ်ဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက်နေ့စွဲဖြင့် ယနေ့ ကြာသပတေးနေ့ တွင် ဖြန့်ချိသည့် Bi
Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
သတင်း .... ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment