လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်စွန့်စားမှု ၊ အနစ်နာခံမှုများကို လက်ဆင့်ကမ်း အတုယူ
နိုင် ရန်နှင့်မလွတ်မြောက်သေးသော အမိမြန်မာပြည်အားလွတ်မြောက်စေရန် ရည်ရွယ်ပြီး ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့ နှင့် ဖုတ်ဖရားမြို့ များရှိ အဝေးရောက်မြန်မာပြည်သားများနှင့် ရွှေ့ ပြောင်းအလုပ်သမားများ ၊ ရွှေ့ 
ပြောင်းအလုပ်သမားမိသားစုဝင် ကျောင်းသားများနှင့်အတူ စုပေါင်းကျင်းပခဲ့ကြသည့် ဆုတောင်းပွဲများ၊ ဟော
ပြောပွဲများ ကိုမှတ်တမ်းတင်ထားပါသည်။ရှေးဦးစွာ ဖုတ်ဖရာ့မြို့ နယ်တွင် (19.6.2009)နေ့မွန်းလွဲပိုင်းက ဒို့
မိတ်ဆွေ မူလတန်းကျောင်း၌ (၆၄)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဟောပြောပွဲနှင့် ဆုတောင်းပွဲ
ကျင်းပကြပုံကို လည်းကောင်း၊ထိုနေ့ညပိုင်းတွင် ရွှေ့ ပြောင်းအလုပ်သမားများနှင့်အလုပ်သမားရေးရာ ညဆွေး
နွေးပွဲ ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုပါ တပါတည်း ကျင်းပကြပုံကိုလည်းကောင်း၊ ယနေ့မွန်းလွဲ
ပိုင်းတွင် မဲဆောက်မြို့ မယ်တော်ကျေးရွာ ထဆိုင်လွတ် ရပ်ကွက်ရှိ SCCT ကျောင်းတွင် ဂျာမနီနီုင်ငံမှ
The Durgas Band တေးဂီတ နှင့် အတူရွှေ့ ပြောင်းအလုပ်သမား မိသားစုဝင် ကျောင်းသားကျောင်းသူ
လေးများက ဒေါ်အောင်ဆန်းစုကြည်အတွက် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြပုံများကို မှတ်တမ်းတင်ထားပါသည်။
သတင်းမှတ်တမ်း...မြန်မာပြည်သား

No comments:
Post a Comment