ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 3, 2009

“မြာပွေတဲ့- ဗိုလ်နေ၀င်း”

>
ဗိုလ်နေ၀င်းမှာ ရဲဘော်သုံးကျိပ်ဝင်ဖြစ်ပါ၏။ ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့ကိုနေရာပေးခဲ့ပါ၏။ သို့သော် ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့တော့ အကျင့်သိက္ခာမှာ “နံ့သာဆီနှင့် အီး”လိုကွာပါသည်။ ယခုနေပြည်တော်ဟု ခေါ်သော ပျဉ်းမနားနယ်တွင် နှစ်များစွာ အပိုင်စားနေခဲ့ရသည်။ ပျဉ်းမနားနယ်မှာ မြန်မာပြည်၌ မိန်းမချောများ အလွန်ထွက်၏။ ရုပ်ရှင်မင်းသမီး “အကယ်ဒမီ- ခင်သန်းနူ”မှာ ပျဉ်းမနားမြို့နယ် “အောင်းကုန်းရွာ” ဇာတိဖြစ်၏။ စာရေးသူရောက်ဘူးပါသည်။ ဗိုလ်နေ၀င်းနှင့် ဘာလိုလို၊ ညာလိုလိုအသံကြားခဲ့ဘူးပါသည်။ ဤကိစ္စသူ့အတွက် အရေးမကြီးပါ၊ သို့သော် ၁၉၆၃-ခုနှစ် ဗိုလ်သင်တန်း (DSA)စစ်တက္ကသိုလ် ဗိုလ်ရွေးပွဲတုန်းက တကယ့်အဖြစ် အပျက် ကလေးတခုကို တင်ပြလိုပါ၏။

ပျဉ်းမနားနယ်က ဗိုလ်ရွေးဖြေမည့် ကျောင်းသား၊ ရေးဖြေအောင်ပြီး (Viva) ခေါ်လူတွေ့ဖြေဘို့ ရန်ကုန် ဗိုလ်ရွေးအဖွဲ့မှာ စစ်မေးခဲ့ရပါသည်။ စစ်အရာရှိ(၅)ဦး တယောက်တမျိုးမေး ကြရာ ပထမဆုံး မေးခွန်းက “မင်း အဖေ-နာမည်ပြောပါ”တဲ့၊ ထိုကျောင်းသားက မဆိုင်းမတွ “ကျုပ်အဖေ- ဗိုလ်ချုပ်နေ၀င်း” လို့ ပြောလိုက်ရာ အားလုံးမျက်လုံး မျက်ဆန်ပြူးကုန်ကြရသည်။ “မင်း ဒို့ခေါင်းဆောင်ကြီးကို ဒါစော်ကါးတာလား” ဟု စစ်အရာရှိ တယောက်က ဟောက်ပြန်သည်။ ကျောင်းသားလေးက မကြောက်ပါ၊ “ခင်ဗျားတို့ မယုံရင် သွားမေးကြည့်၊ မဟုတ်တာ ပြောတယ်ဆိုရင် ဒီမှာဘဲ ကျုပ်ကိုပစ်သတ်လိုက်”ဆိုတော့ “ကဒါဆိုရင် အမေနာမည် ကေါကွာ”လို့ထပ်မေးပြန်၏။ “ကျုပ်အမေ- ဒေါ်စန်းကြည် ပျဉ်းမနားမြို့နယ်၊ စိမ်းစားပင်ရွာ” ခပ်တိုတိုဘဲ ဖြေလိုက်ပါသည်။
ပြဿနာက အတော်ကြီးလာပါသည်။ ဗိုလ်နေ၀င်း၏ P.A ခေါ်ကိုယ်ရေး အရာရှိမှတဆင့် ဗိုလ်နေ၀င်း နားကြားအောင် မေးမြန်းရမည်။ ထိုနေ့အဖို့ ဗိုလ်ရွေးအဖွဲ့မှာ ၄င်းကျောင်းသားနှင့် တနေကုန်သွားပါသည်။ တခြားကျောင်းသားများကို (Viva) မစစ်ရပါ၊ P.A မှတဆင့် ဗိုလ်နေ၀င်းကို အရဲစွန့်၍ အဖြစ်မှန်ကို မေးမြန်းရသည်။ ဗိုလ်နေ၀င်းခေါင်းကုတ်၍ စဉ်းစား၏။ P.A ကလည်း အဖြေလို၍ “သူက ဗိုလ်ချုပ်သားပါလို့ အခိုင်အမာ ပြောထားပါတယ် ကျွန်တော် ဘယ်လိုအကြောင်းပြန်လိုက်ရမလဲခင်ဗျာ့…။” ဆိုတော့ ဗိုလ်နေ၀င်းက “ကဲကဲ စိမ်းစားပင်က မစန်းကြည်ဆိုရင်တော့ ဟုတ်မှာပါဘဲကွာ။ ရွေးလိုက်ပါ ဖအေနာမည်တော့ ငါ့မသုံးနဲ့ပေါ့တဲ့….။ ကောင်းကြသေးလားဗျာ….။
ဒါနဲ့ ညနေပိုင်းမျာ ဗိုလ်ရွေးအဖွဲ့ဝင် စစ်အရာရှိများ- အမှန်သတင်းရရှိပြီး သကာလ၊ သကောင်းသားလေးကို ဗိုလ်လောင်းရွေး၊ ဟိုအကြောင်းမေး ဒီအကြောင်းပြောတွေမလုပ်ရ၊ ဖြုတ်စာက လေယာဉ်ပျံ- ခန့်စာက နွားလှည်းနဲ့ မယားဆဲမှာလည်းကြောက်ရ၊ တောက်တိုမယ်ရတွေ အမြန်သိမ်းပြီး၊ မတိမ်းမစောင်းရအောင် ဘိန်းဘောင်းနဲ့ အိမ်ပြန်ကြပါလေကုန်သတည်း…။
မဟာဇော်(မကွေး)
ရှေ့အပတ်မှာ။ ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကါလ…
မြာပွေတဲ့… ဗိုလ်နေ၀င်း မအူပင်မြို့နယ် ထိန်အင်းရွာက ကရင်တိုင်းရင်းသူ (အမည်-မဖေါ်လိုပါ) အိမ်မှာ ဇိမ်ခံနေတုန်း ဂျပန်တပ်များက သတင်းရလို့လာဝိုင်းရာ အသက်ဘေးလွတ်အောင်ပြေးခဲ့ရပုံများကို “ကံကောင်းလို့မသေ၊ သံချောင်းတို့အဖေ” ခေါင်းစဉ်နဲ့ တင်ဆက်ပါဦးမည်။ စောင့်မျှော်ဖတ်ရှုကြပါ…။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)