နာမည်ကျော်ဘောလုံးသမားများ ကွယ်လွန်သောအခါ နတ်ပြည်သို့ရောက်သွားသည်။ ဤတွင် သိကြားမင်းက လွန်စွာမှဂုဏ်ယူပြီး ငရဲပြည်နှင့် ခြေစမ်းပွဲတစ်ပွဲယှဉ်ပြိုင်ရန် ယမမင်းဆီသွားရောက်ပြီး ကမ်းလှမ်း၏ သိကြားမင်းက ယမမင်းအားပြောသည်။
`ယမမင်း… ခင်ဗျားတို့ငရဲပြည်နဲ့ ကျုပ်တို့နတ်ပြည်တို့ ခြေစမ်းပွဲကစားရအောင်´
`ကစားဆိုလည်း ကစားတာပေါ့… နေပါဦး… ခင်ဗျားကဘာအားကိုးနဲ့ ပြောတာလဲ။ အရင်ကဆိုပြိုင်တိုင်း ခင်ဗျားပဲရှုံးတာမဟုတ်လား´
`ဟား… ဟား ဒီတစ်ခါနိုင်မှာကျုပ်တို့ဗျ။ ကျုပ်တို့ဆီမှာ ကမ္ဘာကျော်ဘောလုံးသမားတွေရောက်နေပြီဗျ´
ဤတွင် ယမမင်းက ဟားတိုက်ရယ်ပြီးပြောသည်။
`ဟား… ဟား ဒါဆိုခင်ဗျားအမှားကြီး မှားသွားပြီ။ ကျုပ်တို့ဆီက ပရိသတ်တွေက ခင်ဗျားတို့ထက် ပိုတောင့်တယ်ဗျ။ ပြီးတော့ ပွဲကိုအဆုံးအဖြတ်ပေးမယ့် ဒိုင်လူကြီးတွေကလည်း ဘယ်သူ့ဆီမှာလဲဆိုတာပြန်စဉ်းစားဦးလေ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။
ဘာသာပြန်- အိတ်တင်း
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment