ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 19, 2009

သပိတ်မှောက်မည်…….

> *** မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး***
All Burma Monks Alliance
မတရားဖမ်းဆီးထားသော သံဃာတော်များအားချက်ချင်းလွတ်ပေးရန်နှင့်
သံဃာတော်များအပေါ်နှိပ်စက်သတ်ဖြတ်စော်ကားမှုများကိုအမြန်ဆုံးပြန်
လည်တောင်းပန်ရန်..မလိုက်နာပါကတတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်မည်…….

၁၉၉၀ပြည့်နှစ်တွင်မန္တလေးမြိ့၌ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများက
ိုရည်စူး၍လှူဒါန်းသောသံဃဒါန ဆွမ်းလောင်းပွဲကို န အ ဖ စစ်အစိုးရသည် သေနတ်နှင့် ပစ်သတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပြန်လွန်တော်မူခဲ့သဖြင့် ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆောင်ကာပထမအကြိမ်သပိတ်ကိုဆင်နွဲခဲ့ပါသည်။ ယနေ့အထိသပိတ်မလှန်ရသေးပါ။
ပခုက္ကူမြို့သံဃာတော်များငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှေက်သည်ကိုတိရစ္ဆာန်များဖမ်း
သလိုကြိုးကွင်းနှင့်ပစ်ဖမ်းခြင်း၊ ဓါတ်တိုင်မှာကြိုးနှင့်တုပ် သေနတ်ဒင်နှင့်ထုခြင်း စစ်ဖိနပ်နှင့်ကန်ကျောက်ခြင်းများကို န အ ဖ စစ်အစိုးရမှ ကျူးလွန်စော်ကား
ခဲ့သောကြောင့်၂၀၀၇ စက်တင်ဘာတွင် သံဃာတော်များအားလုံး ဒုတိယအကြိမ် သပိတ်မှောက်ကံဆောင်ခဲ့ကြပါသည်။ ယနေ့အထိသပိတ်ပြန်မလှန်ရသေးပါ။
သံဃာတော်များသည်မြတ်စွာဘုရားရှင်ချမှတ်ထားသော ၀ိနည်းတော်နှင့်အညီ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
န အ ဖ စစ်အကျဉ်းထောင်ထဲတွင် အဖမ်းဆီးခံ အနှိပ်စက်ခံနေကြရသော သံဃာတော်များသည် မြတ်စွာဘုရားရှင်၏၀ိနည်း
ဥပဒေ တော်နှင့်အညီဆောင် ရွက်ထားခြင်းဖြစ်သောကြောင့် ထိုသံဃာတော်များသည် လုံးဝအပြစ်မရှိပါ။ သို့ပါ၍ လာမည့်
သီတင်းကျွတ်လဆန်း၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည်၁၂နာရီကိုနောက်ဆုံး ထား၍အမြန်ဆုံးပြန်လွတ်ရန်…..
ကျောင်းတိုက်ပေါင်း (၆၀) ကျော်ကို သူပုန်စခန်းစီးသလို မတရားဝင်ရောက်ဖျက်ဆီး ရိုက်နှက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများသည်သာသနာတော်တစ်ခုလုံးကိုစော်ကားရာ
ရောက်နေသောကြောင့်လာမည့် သီတင်းကျွတ်လဆန်း (၁၄) ရက် (၂.၁၀.၂၀၀၉) သောကြာနေ့နေ့လည် (၁၂ ) နာရီအချိန်ကိုနောက်ဆုံးထား၍ သာသနာကို
စော်ကားမှူအပေါ် န အ ဖ စစ်အစိုးရအနေနဲ့အမြန်ဆုံး ၀န်ချတောင်းပန်ရန်….
ထိုတောင်းဆိုထားသော အချက်နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် သီတင်းကျွတ်လပြည့်
(၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက်တည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုကာ န အ ဖ စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ် စွမ်းအားရှင် ၀န်ထမ်းများအားလုံးကို
သပိတ်မှောက်ပါမည်။
မြတ်စွာဘုရားရှင်၏၀ိနည်းဥပဒေတော်ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကိုရွတ်ဖတ်ပြီးချိန်မှစ၍
သပိတ်မှောက်ထားသော န အ ဖ စစ်အစိုးနှင့်တကွနောက်လိုက် အလိုတော်ရိ ကြံ့ဖွတ်များစွမ်းအားရှင်များ၊ ၀န်းထမ်းများအားလုံးထံမှ ပစ္စည်းလေးပါး
အလှူခံခြင်း၊ သာရေးနာရေးစသော သာသနာတော်နှင့်စပ်သောအမှုကိစ္စမှန်သမျှမပြုရ။မလိုက်ရ။
မြတ်စွာဘုရားရှင်၏၀ိနည်းဥပဒေကိုမလိုက်နာသောသံဃာတော်များကို
သံဃာအဖြစ်မှကြဉ်ဖယ်ကာပကာသနီ
ယကံဆောင်ကြရမည်။ပကာသနီယကံဆောင် သံဃာအဖြစ်မှကြဉ်ဖယ် ထားသောသံဃာတော်များကို ပြည်သူပြည်သားများ
သည်ပစ္စည်းလေးပါး လှူဒါန်းခြင်းကိုလုံးဝမပြုလုပ်ရ။
မှတ်ချက်။။စစ်တပ်ကြံ့ဖွတ်စွမ်းအားရှင်ဝန်ထမ်းအဖြစ်မှတရားဝင်နှုတ်ထွက်သောသူများ

ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်။
ဤသပိတ်မှောက်ကံသည်အင်မတန်အပြစ်ကြီးလေးသည်သားစဉ်မြေးဆက်
သာသနာတော်မှဆုံးရှုံး၍လူဖြစ်ရှုံးကာ
မဟာအ၀ိစိငရဲသို့ကျရောက်နိုင်ပါသည်။ အစဉ်သတိရှိကြပါရန်တိုက်တွန်းနိုးဆော်ပါသည် ။

***မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်
သံဃသာမဂ္ဂီအဖွဲ့ ***

*** မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)