ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 13, 2009

အင်ဒိုဆီသွား-မိတ်ဆွေများ-သိများသိပါ့မလားလို့နော်-နော်

> (အပိုင်း-၂) `အင်ဒိုနီးရှာမှာပြီးရင် ပါကစ္စတန်နဲ့ အာဖရိကမှာထပ်မံပြီး ဆွေးနွေးကြပါလား´

သြော်..... အင်ဒိုနီးရှား အင်ဒိုနီးရှား....။ ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် အများဆုံးရှိတဲ့တိုင်းပြည်နဲ့ လူဦးရေ သန်း ၂၀၀ လောက်ရှိတဲ့ တိုင်းပြည်ပဲဖြစ်တော့ သကိုး။ သမိုင်းဝင် ဂျာဗားကျွန်း၊ ဘာလီကျွန်း၊ ဆုမတြားကျွန်း၊ ဘော်နီယိုကျွန်း စသဖြင့် ကျွန်းကြီးကျွန်း ငယ်အသွယ်သွယ်ရှိတာမို့ အခုအင်ဒိုနီးရှားမှာ ဆွေးနွေးနေကြသူများ ကိုလည်း အဆွေးနွေးမတတ်ရင် သမိုင်းတရားခံဖြစ်တတ်ကြောင်းကို ရာဇ၀တ်ပြစ်ဒဏ် ( အနှစ် ၂၀ ကျွန်းလေး၊ အနှစ် ၄၀ ကျွန်းကြီး) စသဖြင့် နောင်ဒီမိုကရေစီ ခေတ်မှာကျွန်းဒဏ်ချကြည့်ရင် ကောင်းမလားလို့ နိုင်ငံရေးအကျဉ်းသားဟောင်း အချို့က စဉ်းစားနေလေရဲ့။

ဟုတ်တယ်လေဗျာ....။ မိမိအာဏာရရေးအတွက်(မိမိ ပါးစပ်ကိုမကျေနပ်သူ တဦးဦးကို ဆွဲထိုး ခိုင်းကြည့်ပါ၊ မိမိအာနာသွားမှာ ကျိန်းသေပါတယ် ဓားပြမိတ်ဆွေများ ခင်ဗျား) မိတ်ဆွေတို့က သဘောမနောကောင်းစွာနဲ့ နအဖ(နိုင်ထက်စီးနင်း အဓမ္မ ဓားပြများအဖွဲ့) နဲ့ မိတ်ဆွေဖွဲ့မယ့် နွားမရေးရာ ကျွမ်းကျင်သူတွေဖြစ်ကြတာမို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများက မိတ်ဆွေ တို့ကို အလွန့်အလွန်လေးစားစွာနဲ့ (ဓားပြမိတ်ဆွေများ) လို့ ကင်ပွန်းတပ်ပါရစေ။
အင်ဒိုနီးရှားဆိုတာ လွတ်လပ်ရေးခေါင်းဆောင် ဒေါက်တာ ဆိုကာနိုတို့ လက်ထက်မှာ ကျနော်တို့ မြန်မာပြည်က ၀န်ကြီးချုပ်ဦးနုတို့ ဘာတို့နဲ့ (ဘန်ဒေါင်းမူ ၅ ချက်/ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်) အဆိုပြုချက်နဲ့ ကမ္ဘာ့ဘက်မလိုက်အဖွဲ့မှာ ခေါင်းဆောင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံတနိုင်ငံမဟုတ် ပါလားဗျာ။ ဒါ့အပြင်ဗိုလ်ချုပ်ကြီး ဆူဟာတိုရဲ့ စစ်အာဏာရှင်စနစ် (၀ါ) Guidance Democracy (လမ်းညွှန်ဒီမိုကရေစီ) ဆိုတာကြီးကို မနေ့ တနေ့ကပဲ၊ တိတိကျကျ ပြောရရင် ၁၉၉၀ ပြည့်လွန်နှစ် (၁၉၉၈ ၀န်းကျင်) လောက်မှာ လူထုအစိုးရဖြစ်လာအောင် မီဂါဝါတီဆူကာနိုပူထရီ တို့လို လူထုရှေ့ဆောင် လူထုခေါင်းဆောင် တွေက လူထုနဲ့အတူ လူထုဒီမိုကရေစီ (၀ါ) လူထုအုပ်ချုပ်ရေးမျိုး ရရှိအောင် မနည်းစွမ်းဆောင်ထားရတာ မဟုတ်ပါလားဗျာ။ ဒါတောင် အခုလက်ရှိသမ္မတ လုပ်သူဟာ ဗိုလ်ချုပ်ကြီးဟောင်း ဆူဇီလိုဘန်ဘန်းယူဒိုယူနို ဖြစ်နေပြန်တယ်လေ။ တော်ပါသေးရဲ့ ။ သူကလူထုအုပ်ချုပ်ရေးကို လေးစားတဲ့ စစ်ဗိုလ်ဟောင်းဖြစ်နေလို့ သာပေါ့။ ဆိုလိုချင်တာကဗျာ..... အခုနွားမရေးရာ ကျွမ်းကျင်သူများ(၀ါ) နအဖ ဓါးပြမိတ်ဆွေများအနေနဲ့ အင်ဒိုနီးရှားမှာ ဆွေးနွေးလို့ပြီးသွားရင် စစ်ဗိုလ်များလွှမ်းမိုးတဲ့ စစ်အာဏာရှင်စနစ် (၀ါ) Guidance Democracy (လမ်းညွှန်ဒီမိုကရေစီ) အငွေ့အသက်ရှိနေ သေးတဲ့ ပါကစ္စတန်ပြည်မှာ ဆွေးနွေးပွဲထပ်လုပ်ဖို့ ၊ ပါကစ္စတန်ရောက်ရင်လည်း အနောက်မြောက် ပြည်နယ်နဲ့ အာဖဂန်နစ္စတန်ပြည် နယ်ခြားမှာရှိတဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင် နဲ့ ဖြစ်စေ၊ အာဖဂန်နဲ့ အာဖရိက ကိုကူးချည်သန်းချည် လုပ်နေတဲ့ အယ်လ်ခိုင်းဒါးဒုတိယခေါင်းဆောင် ဇ၀ါဟီရီ တို့နဲ့လည်းဆက်သွယ်ဖြစ်အောင် ဆက်သွယ်ပါနော်။ (၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတွေအသတ်ခံရတဲ့ အခါတုန်းက အိုစမာဘင်လာဒင်က `ကိုယ့်ဘာသာတရားကို နင်းခြေ ဖျက်ဆီးပစ်တဲ့ စစ်အစိုးရ´ လို့ ပြစ်တင်ဝေဖန်ခဲ့ဘူးတာမို့ မိတ်ဆွေတို့ သူတို့ဆီမှာဆွေးနွေးပွဲ အလုပ်ကောင်းလို့ " ဓါးပြနဲ့ပေါင်းတဲ့ ဓါးပြမိတ်ဆွေတွေကို အပြတ်ရှင်း" ဆိုပြီး အရပ်ရပ်အနယ်နယ်က အယ်လ်ခိုင်းဒါး အဖွဲ့ဝင်တွေ၊ ကွန်ယက်တွေကို ညွန်ကြားလိုက် ရင်ဖြင့် မာလကီးယားပြည်မှာ ကီးမားပလာတာတောင် မစားနိုင်လောက်အောင် မလကာသီးကိုယ်စီကိုက်သွားရ ရင်ဖြင့်..... ကျန်ရစ်သူ မိသားစုတွေမှာ အဟင့် အဟင့် အဟင့် အသံဗလံတွေ ဆူညံသွားမလားမသိပါဘူးဗျာ။ )
လေးစားအပ်တဲ့ ဓါးပြမိတ်ဆွေများခင်ဗျာ....။ ပါကစ္စတန်မှာပြီးပြန်တော့ Guidance Democracy (လမ်းညွှန်ဒီမိုကရေစီ) အငွေ့အသက်ထက် ကျော်လွန်ပြီး စစ်အာဏာရှင်စနစ်က တပိုင်း လူထုအုပ်ချုပ်ရေးက တစိတ်ဖြစ်နေတဲ့ ဇင်ဘာဘွေ နိုင်ငံဆီသွားပြီး ရောဘတ်မူဂါဘီနဲ့ တွေ့ဖြစ်အောင်တွေ့ပါ။ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဒရိုင်းရဲ့ လူတွေကမကျေနပ်လို့ ရရာလက်နက်နဲ့ မိတ်ဆွေတို့ကိုဖြေရှင်းမယ် ဆိုရင်လည်း ခံလိုက်ပေါ့ဗျာ။ ဟုတ်တယ်လေ.... ကိုယ်ကဓါးပြမိတ်ဆွေ အဆင့်ရောက်နေပြီဆိုတော့ ဘယ်သူမပြု-မိမိမှု သဘောနဲ့ခံရုံပဲ မဟုတ်လားဗျ။ ဇင်ဘာဘွေ နိုင်ငံမှာဆွေးနွေးပွဲ ပြီးရင် Guidance Democracy (လမ်းညွှန်ဒီမိုကရေစီ) အမာခံ နိုင်ငံတနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ ဆွေးနွေးပွဲ ဆက်လုပ်ကြ ပါလားဗျာ။ နိုင်ဂျီးရီးယားပြီးရင် Guidance Democracy (လမ်းညွှန်ဒီမိုကရေစီ) အငွေ့အသက် ကျန်နေတဲ့ အယ်လ်ဂျီးရီးယားကို ဆက်ဖို့လည်း မမေ့နဲ့အုံးနော်။ ဒီလိုအကြံပြုချက်တွေဟာ သိပ်ကောင်းနေတာမို့ အခုနေအိတ်ဖောင်းနေကြတုန်းမှာ စိတ်မပြောင်းခင် ဂါဇာကမ်းမြှောင်ဒေ သကိုဖြစ်ဖြစ်၊ ထိုင်းတောင်ပိုင်းက နာရာသီဝပ်၊ ယာလာ၊ ပတာနီ၊ ဆောင်ခလာ စတဲ့ဒေသတွေ မှာ အပြန်ခရီးစဉ်အပန်းဖြေဖို့ သင့်တော်ကောင်းမွန်ပါတယ် ဆိုတဲ့အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သား ၃ သန်းခန့်ရဲ့ ကိုယ်စား(၀ါ) အဲ့ဒီမြန်မာပြည်သားတွေ ဓါးပြကိုမုန်းတီး ခါးသီးလို့မှ မပြီးသေးခင်ဓါးပြမိတ်ဆွေတွေက"နောင်တခါ လာပြန်ပြီဟေ့" ကြွေးကြော်သံနဲ့ အတူ ပြည်တွင်းပြည်ပက မြန်မာလူထုရဲ့ ချွေးညှော်သံတွေကို မင်းတို့ကဥပေက္ခာပြုပြီဆိုတော့ ဒို့လူထုတွေကလည်း မင်းတို့ကို အမညီမ လှူတော်မူကြပါကုန်လော့လို့ သံပြိုင်ညီညာဟစ် ကြွေးရင်း....................။

(ဆက်လက်ဖေါ်ပြပါမည်)
ဆန်တာကလော့စ်( ခေတ္တ-အင်္ဂပူ)

(အပိုင်း-၂) `အင်ဒိုနီးရှာမှာပြီးရင် ပါကစ္စတန်နဲ့ အာဖရိကမှာထပ်မံပြီး ဆွေးနွေးကြပါလား´

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)