ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 6, 2009

ကာလသုံးပါးနဲ့  အလိုမကျ ခရီးသွားခြင်း

> ** ရွှေရည်စိမ် မငြိမ်းချမ်းတဲ့ပစ္စုပ္ပန်နေ့ များထဲ
ဘ၀မုန်တိုင်း လေပြင်းထန်ဆဲ ည
အကြိမ်ကြိမ်လဲကျ ၊ ခဏခဏပြန်ထ
ခပ်၀၀ ဒုက္ခကြီးကြီးတွေက
သေးကွေးပိန်လှီ လှတဲ့ မော်ဒယ်ဂဲလ်လို ရှေ့ မှာဟန်ရေးပြနေတယ် ။

**ထွေးပြီးသားတံတွေး ပြန်မြိုချနေတဲ့
ဂတိမတည် စိတ်ပျက်ဖွယ် အတိတ်အကျင့်ပျက်များ

မီးပျက်နေတဲ့ မီးပွိုင့်လို ရှေ့ မတိုးနောက်မဆုတ် ငူငူကြီးရပ်ပြီး
ဆိုးကျိုးများကို ဖန်တီး သောင်ထွန်းစေခဲ့ပြီ ။

**အလိုမကျ မျက်မှောင်ကြုတ်ခြင်းများနဲ့ 
ခက်ထန်မာကြော အနာဂတ်ရက်စွဲတွေ
လောကဓံ ဘ၀လမ်းမထက်က
ပေါ့ပျက်ပျက် မိန်းမပျက်မျက်နှာမျိုးနဲ့ 
လေးလေးနက်နက် မနှစ်မြို့ ခြင်းတွေ ပြည့်နှက်နေတယ် ။

**ကာလသုံးပါးနဲ့  အလိုမကျ ဘ၀ခရီးသွားများ
လိုအင်ဆန္ဒများ မပြည့်ဝတဲ့အခါ
စိတ်ဓာတ်ကျမလား ၊ စိတ်တက်ကြွမလား
လောကကြီးကို ဖြတ်သန်းတဲ့အခါ
မနက်ဖြန်များစွာ မကုန်ဆုံးသ၍
ခါးသီးမှုလည်း ကြုံတွေ့ နေရမယ် ၊
ပျော်ရွှင်မှုလည်း ခံစားရမှာပဲ ။

**ဂုဏ်ပြုသင့်သူကိုဂုဏ်ပြု ၊
ချီးကျူးသင့်သူကို ချီးကျူးရမဲ့အစား
သာယာကြည်နူးဖွယ် ရယ်မောသံ လက်ခုပ်သံများကို
စစ်သေနတ်သံ နဲ့ ဆူညံငိုကြွေးခြင်းများ ၊
စက်ဆုတ်ရန်ရှာမှုတွေ သွေးမျက်ရည်လို ဖုံးလွှမ်းလို့ 
ပျက်စီး ယိုယွင်းနေဆဲ ခေတ်ပျက်ဥယျာဉ်မှာ
ငြိမ်းချမ်းရေး ပန်းများ ကြွေကျမြေခနေတယ် ။

**ဘ၀တိုက်ပွဲမှာ
သစ္စာတရားကို ခံတပ်လိုကာကွယ်ရင်း
နုံးချိနေတဲ့ မချိတင်ကဲ နှစ်ချို့ အပြုံးတွေ
သောက မျက်နှာမှာ ပုံပမ်းမကျ တပ်ဆင်ရင်း
မတရားမှုတွေ မြင်တွေ့ ပါများတော့
အနူးညံ့ဆုံး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
ကြမ်းတမ်းတဲ့ ဒေါသမိုင်းဗုံးများ မြုပ်နှံ
တချိန်ချိန်မှာ အကြိမ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲကြလိမ့်မယ် ။

***အောင်ခိုင်မြင့်

** ရွှေရည်စိမ် မငြိမ်းချမ်းတဲ့ပစ္စုပ္ပန်နေ့ များထဲ
ဘ၀မုန်တိုင်း လေပြင်းထန်ဆဲ ည
အကြိမ်ကြိမ်လဲကျ ၊ ခဏခဏပြန်ထ
ခပ်၀၀ ဒုက္ခကြီးကြီးတွေက
သေးကွေးပိန်လှီ လှတဲ့ မော်ဒယ်ဂဲလ်လို ရှေ့ မှာဟန်ရေးပြနေတယ် ။

**ထွေးပြီးသားတံတွေး ပြန်မြိုချနေတဲ့
ဂတိမတည် စိတ်ပျက်ဖွယ် အတိတ်အကျင့်ပျက်များ

မီးပျက်နေတဲ့ မီးပွိုင့်လို ရှေ့ မတိုးနောက်မဆုတ် ငူငူကြီးရပ်ပြီး
ဆိုးကျိုးများကို ဖန်တီး သောင်ထွန်းစေခဲ့ပြီ ။

**အလိုမကျ မျက်မှောင်ကြုတ်ခြင်းများနဲ့ 
ခက်ထန်မာကြော အနာဂတ်ရက်စွဲတွေ
လောကဓံ ဘ၀လမ်းမထက်က
ပေါ့ပျက်ပျက် မိန်းမပျက်မျက်နှာမျိုးနဲ့ 
လေးလေးနက်နက် မနှစ်မြို့ ခြင်းတွေ ပြည့်နှက်နေတယ် ။

**ကာလသုံးပါးနဲ့  အလိုမကျ ဘ၀ခရီးသွားများ
လိုအင်ဆန္ဒများ မပြည့်ဝတဲ့အခါ
စိတ်ဓာတ်ကျမလား ၊ စိတ်တက်ကြွမလား
လောကကြီးကို ဖြတ်သန်းတဲ့အခါ
မနက်ဖြန်များစွာ မကုန်ဆုံးသ၍
ခါးသီးမှုလည်း ကြုံတွေ့ နေရမယ် ၊
ပျော်ရွှင်မှုလည်း ခံစားရမှာပဲ ။

**ဂုဏ်ပြုသင့်သူကိုဂုဏ်ပြု ၊
ချီးကျူးသင့်သူကို ချီးကျူးရမဲ့အစား
သာယာကြည်နူးဖွယ် ရယ်မောသံ လက်ခုပ်သံများကို
စစ်သေနတ်သံ နဲ့ ဆူညံငိုကြွေးခြင်းများ ၊
စက်ဆုတ်ရန်ရှာမှုတွေ သွေးမျက်ရည်လို ဖုံးလွှမ်းလို့ 
ပျက်စီး ယိုယွင်းနေဆဲ ခေတ်ပျက်ဥယျာဉ်မှာ
ငြိမ်းချမ်းရေး ပန်းများ ကြွေကျမြေခနေတယ် ။

**ဘ၀တိုက်ပွဲမှာ
သစ္စာတရားကို ခံတပ်လိုကာကွယ်ရင်း
နုံးချိနေတဲ့ မချိတင်ကဲ နှစ်ချို့ အပြုံးတွေ
သောက မျက်နှာမှာ ပုံပမ်းမကျ တပ်ဆင်ရင်း
မတရားမှုတွေ မြင်တွေ့ ပါများတော့
အနူးညံ့ဆုံး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
ကြမ်းတမ်းတဲ့ ဒေါသမိုင်းဗုံးများ မြုပ်နှံ
တချိန်ချိန်မှာ အကြိမ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲကြလိမ့်မယ် ။

***အောင်ခိုင်မြင့်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)