(ကူဝိတ်စီးတီး ၊ သြဂုတ်လ ၁၉ ရက်)
အရှေ့ အလယ်ပိုင်းဒေသ ၊ ကူဝိတ်နိုင်ငံ ၊ ကူဝိတ်စီးတီး မြို့ တော်အနောက်ပိုင်း ၌ လူ-၄၀ဦးသေဆုံးခဲ့ရသော မီး
လောင်မှုတွင် မီးရှို့ သူဟု သံသယရှိသူ ကိုအာဏာပိုင်များက သြဂုတ်လ ၁၇ -ရက်နေ့ တွင် ဖမ်းဆီးလိုက်သည်။
မီးရှို့ ရခြင်း၏အကြောင်းရင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်ဟုဆိုသည်။ ပြည်တွင်းသတင်းများက မီးရှို့ 
သူသည် မင်္ဂလာသူ တို့ သား ၏ ဇနီးဟောင်းဖြစ်ကြောင်းရေးသား ဖော်ပြကြသည်။မီးရှို့ သူဟု စွပ်စွဲခံထားရသူက
ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့် ကျူးလွန်ရခြင်းဖြစ်သည် ဟုဝန်ခံကြောင်းပြည်ထဲရေးဝန်ကြီးဌာနပြော
ရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး မိုဟာမက် အယ်လ်ဆာဘာက နိုင်ငံပိုင်ကူဝိတ်ရုပ်မြင်သံကြား သို့ ပြောကြားသည်။
သို့ သော်ကူဝိတ်သတင်းစာများက မီးလောင်ရခြင်း၏ အကြောင်းရင်းကိုဖော်ပြရာ၌ သူတို့ သား၏ ဇနီးဟောင်း
ကိုသာအပြစ်တင်ရေးသားကြ၏။ သူတို့ သား၏ ဇနီးဟောင်းအသက် ၂၃ နှစ်ရှိ အမျိုးသမီးကတဲပေါ်သို့  ဓာတ်ဆီ
လောင်းပြီး မီးရှို့ ခဲ့ကြောင်း ၊ ၄င်းတို့ လက်ထပ်သောအခါ ကသူမကို ခင်ပွန်းဟောင်းက နှိပ်စက်ညှင်းပန်းခဲ့သော
ကြောင့်ဖြစ်ကြောင်း(သည်အင်ဒီပင်းဒင့် အယ်လ်ကာဘာ) နေ့ စဉ်သတင်းစာက ရေးသားသည်။(အင်တာနက်)
Xxx ပျောက်ဆုံးနေသော အာတစ်ဆီးသဘောင်္ ကိုရှာဖွေတွေ့ ရှိပြီ…
(မော်စကို ၊ သြဂုတ်လ ၁၉ ရက်)
ရုရှားသဘောင်္သား ၁၅ ဦး ၊ အမေရိကန်ဒေါ်လာ နှစ်သန်းတန်ဖိုးရှိသစ်များနှင့် အတူ လွန်ခဲ့သောလနှောင်းပိုင်းမှ
စ၍ ပျောက်ဆုံးသွားခဲ့သည့် (အာတစ်ဆီး - သင်္ဘော)ကို အနောက်အာဖရိက ကိတ်ဗာဒီမှ မိုင်၃၀၀ အကွာတွင်
သြဂုတ်လ ၁၇ - ရက်နေ့ က တွေ့ ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ကာကွယ်ရေး
ဝန်ကြီးအနာတိုလီဂျူကော့ဗ်၏ ပြောကြားချက်ကိုကိုးကားပြီးအင်တာဖက်စ်သတင်းဌာနကကြေညာရာတွင် -
သဘောင်္သားများအန္တရာယ်ကင်းရှင်းကြောင်း ၊ ၄င်းတို့ ကိုရေငုပ်သဘောင်္ဖျက်သင်္ဘောပေါ်တွင်ရေတပ်အရာရှိ
များက စစ်ဆေးမေးမြန်းလျက်ရှိကြောင်းပြောကြားသည်။(အင်တာနက်)
+++ဗုံးခွဲရန် ကြံစည်သူ ၄ဦးအားဂျကာတာမြို့ တော်ရဲ ကဖမ်းဆီးရမိပြီ….
အင်ဒိုနီးရှား နိုင်ငံ ၊ ဂျကာတာမြို့ တော်တွင် သြဂုတ်လ ၁၉ရက်နေ့ က ဟိုတယ်များကို ဗုံးခွဲတိုက်ခိုက်ရန်ကြံစည်သူ
အကြမ်းဖက်သမား ၄ ဦးအားဖမ်းဆီးနိုင်ခဲ့ကြောင်း ဂျကာတာရဲ တပ်ဖွဲ့ ကပြောကြားသည်။
Xxx ကင်ညာနိုင်ငံတွင် ခြင်္သေ့ ကောင်ရေ နှစ်စဉ် ၁၀၀ ခန့် လျော့နည်းလာ…
(နိုင်ရိုဘီ ၊ သြဂုတ်လ ၁၉ ရက်)
အာဖရိကတိုက် ၊ ကင်ညာနိုင်ငံတွင် ၂၀၀၂ ခုနှစ်နောက်ပိုင်း နှစ်စဉ် ပျမ်းမျှ ခြင်္သေ့ကောင်ရေ (၁၀၀)လျော့နည်းလာ
ကြောင်း ကင်ညာနိုင်ငံ ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ က သြဂုတ်လ ၁၇ ရက် နေ့  မှာ ကြေညာသည်။
အဆိုပါနိုင်ငံ တွင် လွန်ခဲ့သော (၇) နှစ်က ခြင်္သေ့ ကောင်ရေ (၂၇၄၉) ကောင်ရှိခဲ့ရာမှ ယခုအခါ (၂၀၀၀)ခန့် သာရှိ
တော့ကြောင်း ကင်ညာ နိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ (ယူဒိုတို )ကပြောကြား
သည်။(အင်တာနက်)
+++ဆူမာတြားနှင့် ဂျာဗားကျွန်း တို့ ကိုပေါင်းကူးမည့်ကမ္ဘာ့ အရှည်ဆုံးတံတား အင်ဒိုနီးရှားတည်ဆောက်မည်…..
် အင်ဒိုနီးရှားနိုင်ငံ ၊ ဆူမာတြားနှင့် ဂျားဗားကျွန်းတို့ ကို
ပေါင်းကူးဆက်သွယ်မည့် ကမ္ဘာ့အရှည်ဆုံးတံတားတစ်စင်းကို အမေရိကန်ဒေါ်လာ (၁၀ - ဘီလီယံကျော်)အကုန်
အကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနိုကသြဂုတ်လ
၁၉ ရက်နေ့ မှာ ပြောကြားသည်။(အင်တာနက်)
… ***လူအများအပြားသေဆုံးရသော ကူဝိတ်မင်္ဂလာပွဲ မီးရှို့ သူအားဖမ်းမိပြီ….

No comments:
Post a Comment